Pages

Wednesday, October 2, 2013

**သံတွဲသတင်း **မဲကျွန်းရွာ ဖျက်ဆီး လုယက် အကြမ်းဖက်ခံရ (ည ၁၁း၃၀)

RangonNewsDaily:: October. 1.2013

သံတွဲချောင်းရဲ့ တဘက်ကမ်းမှာ တည်ရှိတဲ့ မဲကျွန်းရွာကို အကြမ်းဖက်မီးရှို့ကြတဲ့ ရခိုင်အကြမ်းဖက်သမား
တွေဟာ လက်မောင်းတွင် သင်္ဃန်းတွေစီးထားတာကို မြင်တွေ့ရကြောင်း၊ရခိုင်အစွန်းရောက်တွေအပြင်ဘုန်း
ကြီး အချို့ပါ ၀င်ရောက် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းသတင်းရရှိပါသည်။
မွတ်စလင်တွေသာသီးသန့်နေထိုင်တဲ့ မဲကျွန်းရွာလေးကိုရခိုင်အကြမ်းသမားတွေဟာမီးရှို့အကြမ်းဖက်သွား
ယုံမက မွတ်စလင် အမျိုးသမီး တစ်ဦးအား ပါးနားရိုက်ပြီးခေါ်ဆောင်သွားခဲ့ပေမယ့် ရုတ်၇ုတ်သဲသဲ ဖြစ်နေချိန်
မို့ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တယ်လို့ ဒေသခံ တစ်ဦးမှ ပြောပါတယ်..။
::
ကျေးရွာတာဝန်ရှိသူတွေနဲ့ ကာကွယ်ပေးနိုင်ခြင်းမရှိခဲ့သလို ဘယ်ကလုံခြုံရေးမှလာရောက်ဟန့်တားပေးနိုင်
ခဲ့ခြင်းမရှိပါဘူး။အကြမ်းဖက်သမားတွေ စိတ်တိုင်းကျ ဖျက်ဆီးမီးရှို့သွားတာဖြစ်ကြောင်း သတင်းပေးတဲ့ သူ
မှ ပြောပါတယ်..။
::
ရွာထဲမှာရှိ မွတ်စလင်အိမ်တွေကို ဖျက်ဆီးမီးရှို့သွားတဲ့အပြင် ရှိစုမဲ့စုပစ္စည်းလေးတွေပါ လုယက်အကြမ်း
ဖက်ခြင်းခံခဲ့ရတယ်လို့ သတင်းပေးသူမှ ငိုမဲ့မဲ့အသံနဲ့ ပြောသွားခဲ့ပါတယ်...။

သတင်းပေး>>>သံတွဲ နယ်ခံတစ်ဦး
သတင်းသမားလေး ကိုကို::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment