Pages

Wednesday, June 5, 2013

လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ

လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ
Wednesday, June 05, 2013

သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကို
လုယူ ပစ်ခတ်ပြီး တရားခံ ၃ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း စုံစမ်း
သိရသည်။

ထွက်ပြေးလွတ်မြောက်သွားသော လူသတ်တရားခံ လိဖန်နှင့် အိုက်ဆမ်

“မနေ့ကညနေ လေးနာရီ ၁၅ မိနစ်ကဖြစ်တာ။ ရဲစခန်းအချုပ်ခန်းကနေ ခရိုင်တရားရုံးကို ရမန်ယူ လာတဲ့ တရားခံ ၅ ဦးက အချုပ်ကား ဆင်းဆင်း
ချင်း ရဲရဲ့ သေနတ်လုပြီး ပစ်ခတ်တယ်။ အဲဒီအချိန်မှာ တာဝန်ကျ ရဲတယောက်က သေနတ်လုပြေးတဲ့ တရားခံကို သေနတ်ပစ်တာ တရားခံကိုမထိဘဲ ရဲ တယောက်ကိုသွားထိတယ်။ အဲဒီရဲ သေသွားတယ်။ တရားခံကပြန်ပစ်လိုက်လို့ ရဲ ၂ ယောက် ဒဏ်ရာရတယ်၊ တရားခံ ၅ ယောက်ထဲက ၃ ယောက် လွတ်မြောက်သွားတယ်။ သေနတ် ၂ လက်
ပါသွားတယ်” ဟု မူစယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးကပြောသည်။

အဆိုပါရုံးထုတ်လာသောတရားခံများမှာ ကျားဖြူပါတီဥက္ကဌ၏တူအား သတ်ဖြတ်သော ကျော်မြင့် ပန်းဆေး ပြည်သူ့စစ်၏တူ ရဲအောင်ထွေးခေါ် လိဖန် ၊ အိုက်ဆမ် ၊အားကျိနှင့်တရုတ်ပန်းဆေး လူမျိုးဘိန်းမှောင်ခို နှစ်ဦး တို့ဖြစ်ကြကြောင်း၊ ၄င်း ၅ ဦးအနက် ပြန်လည်ဖမ်းမိသော ၂ ဦးမှာ နာမည်အတိအကျမသိရသေးကြောင်း ၄င်းကဆိုသည်။

“ခုလို တရားခံက ထွက်ပြေးလွတ်မြောက်ထားတယ်ဆိုတော့ ကျမတို့ ကလေးတွေအတွက် အင်မတန်မှ အန္တရာယ်ကြီးတယ်၊ ကျမတို့ ကလေးက စိုင်းအိုက်လိန် ကျားဖြူဥက္ကဌတူ အသတ်ခံရတဲ့နေ့က အတူပါ နေလို့လေ၊ တကယ်လို့ ဒီလူသတ်သမားတွေ ကျမတို့ကလေးကို ပြန်လာသတ်ရင် ဘယ်လိုလုပ်ရမလဲ” ဟု နမ့်ခမ်းမြို့မှ လူသတ်မှုတရားလိုဘက်ကပါသော မိခင်တစ်ဦးကပြောသည်။

ခုလက်ရှိလူသတ်သမားကို ပြန်မဖမ်းနိုင်သေးသ၍ အခင်းဖြစ်ပွားသည့်နေ့တွင်
ပါဝင်သော တရားလိုဘက်မှ လူငယ်များကို သက်ဆိုင်ရာအာဏပိုင်ဘက်မှ လုံခြုံရေးယူပေးသင့်ကြောင်း၊သျှမ်းသံတော်ဆင့်မှတောင်း ဆိုချင်သည်ဟု ၄င်းက ဆိုသည်။

“တရားရုံးထုတ်တာ လက်ထိပ်ခြေထိပ်ခတ်ထားတာပဲ၊ဘယ်လိုလုပ်ပြီး
ထွက်ပြေးနိုင်တယ်ဆိုတာ လုံးဝတွေးလို့ မရဘူး၊ တရားခံကို မနေ့ ကရုံးချိန်းတာ တရားလိုတွေကို ဘာကြောင့် အာဏာပိုင်ဘက်က
အကြောင်း မကြား တာလဲမသိဘူး”

“နောက်ပြီး မူစယ်မှာ တရားခံအတွက် လုံခြုံရေးစိတ်မချလို့ လာရှိုးကို
လွှဲပြောင်းစစ်ဆေးမယ်တဲ့၊ကျနော်တို့ ဘက်ကလဲ - ငွေကြေးမတတ်နိုင်လို့ အမှုမလိုက်ကြောင်း စာတင်လိုက်တယ်၊ စာတော့ မေလ ၂၉ ရက် မှပြန်
ကျလာတယ်။ မူစယ်ခရိုင်မှာပဲအမှုစစ်ရမယ်၊ မူစယ်မှာရုံးချိန်းတာက ၄ ကြိမ် ရှိပါပြီ၊ သက်သေ ဒီလောက် ခိုင်မာနေတာ ဘာကြောင့်စီရင်ချက်မချသေး
တာလဲ တွေးစရာ တစ်ခုပါ” ဟု အသတ်ခံရသူ စိုင်းအိုက်လိန် နှင့် အမျိုးတော်စပ်သောသူတစ်ဦးကပြောသည်။

ယခုအချိန်တွင် လူသတ်တရားခံများက သေနတ် ၂ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်နေမှုအပေါ်မူစယ်နှင့်နမ့်ခမ်းမြို့နေများက ကြောက်
လှန့်နေကြကြောင်းသတင်းရရှိသည်။

သျှမ်းသံတော်ဆင့်

Wednesday, June 05, 2013

သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကို လုယူ ပစ်ခတ်ပြီး တရားခံ ၃ဦး 
ထွက်ပြေးလွတ်မြောက်သွားကြောင်း စုံစမ်းသိရသည်။

BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့် ဒေါက်တာ တင်မောင်သန်းမှ ဟောပြောဆွေးနွေးမည်

BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့် ဒေါက်တာ တင်မောင်သန်းမှ ဟောပြောဆွေးနွေးမည်။
===================
ဇွန်လ ၅၊ ၂၀၁၃
M-Media
ဆူးထက်

ရန်ကုန် ။      ။       BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့် ဆရာ ဒေါက်တာတင်မောင်သန်းမှ ဟောပြော ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဇွန်လ ၁၁-ရက် (အင်္ဂါ)နေ့  နံနက် ၉-နာရီမှ မွန်းတည့် ၁၂-နာရီထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဟောပြောပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို နိုင်ငံသားများ အနေဖြင့် မှန်မှန်ကန်ကန် သုံးသပ်အဖြေရှာနိုင်ရန် အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်းလည်း သိရသည်။

ဇွန်လ ၅၊ ၂၀၁၃

ရန်ကုန် ။ ။ BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့်ဆရာ ဒေါက်တာတင်မောင်သန်းမှ ဟောပြော
 ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဇွန်လ ၁၁-ရက် (အင်္ဂါ)နေ့ နံ
နက် ၉-နာရီမှ မွန်းတည့် ၁၂-နာရီထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

Photo: ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်
Wednesday, June 05, 2013

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။
(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်
ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ် ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့ အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ် ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ် ကိုက်လန်ဟာ ရောင်ရမ်း မှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ် ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင် ပါတယ်

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ် ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ် ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက် မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ် ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ် ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်း ရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။

ကြယ်စင်
Good Health

Wednesday, June 05, 2013

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်
လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။သင်စားတဲ့အစားအသောက်ထဲကိုကိုက်လန်ထည့်စားပေးမယ်ဆိုရင်
အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

အော်ပရေတာ ယှဉ်ပြိုင်သူထွက်ပေါ်လာလျင် ဖုန်းခေါ်ဆိုခလျော့ချမည်

Photo: အော်ပရေတာ ယှဉ်ပြိုင်သူထွက်ပေါ်လာလျင် ဖုန်းခေါ်ဆိုခလျော့ချမည်
Wednesday, June 05, 2013

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာများ ယှဉ်ပြိုင်ဆောင်ရွက်လာ သည့်အခါတွင် မိုဘိုင်းဖုန်း ခေါ်ဆိုခ နှုန်းထားများကို လျှော့ချပေးရန် ညွှန်ကြားသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သိရှိရသည်။

“လက်ရှိ ကောက်ခံနေတဲ့ မိုဘိုင်းဖုန်း အသုံးပြုခ တစ်မိနစ် ၅၀ ဆိုတာ များတယ်။ အော်ပရေတာတွေက သူတို့ ကိုယ်တိုင်လည်း ပြိုင်ဆိုင်သွားမှာပါ၊ အစိုးရက စနစ်ကိုပဲ ကိုင်ထားမှာ။ မြန်အောင်လုပ်ပေးတဲ့ အော်ပရေတာ က ဈေးသက်သာအောင် လုပ်ပေးတဲ့ အော်ပရေတာကို ခေါ်သွားမှာ” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ၄င်း၏ လူမှုရေးကွန် ယက်စာမျက်နှာ တွင် ပြောဆိုထားသည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် ဖုန်းအော်ပရေတာများ၏ ပြိုင်ဆိုင်မှုဖြင့် ဆက်သွယ်ရေးကဏ္ဍသည်လည်းများစွာ ပြောင်းလဲသွားမည်ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

“အိမ်နီးချင်းနိုင်ငံတွေမှာကကုမ္ပဏီများတဲ့အတွက်အပြိုင်ဖုန်းကတ်တွေ ပေး တာမျိုး၊ အင်တာနက်ကလည်း အခြားနိုင်ငံတွေဆို အလကားရ တဲ့နေရာတွေ ကများတယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီတွေက အပြိုင်ဆိုင်လုပ် ကြတာကိုး ခုဒီမှာလည်း တင်ဒါခေါ်ထားတဲ့ ကုမ္ပဏီတွေကသာ အပြိုင်လုပ်မယ်ဆို ရင် ဖြစ်လာနိုင်ပါတယ်။”ဟု ရန်ကင်းမြို့နယ်နေ လူငယ်တစ်ဦးက ပြောသည်။

ပြိုင်ဆိုင်မည့်ကုမ္ပဏီများအနေဖြင့် အော်ပရေတာ(၄)ခုအနက် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအား အသွင်ပြောင်းလဲ ဖွဲ့စည်းထားသည့် အော်ပရေ တာတစ်ခုမှလည်း ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် မိုဘိုင်းဖုန်း၊ အင်တာ နက်နှင့် အခြားသော ဆက်သွယ်ရေး ကဏ္ဍများကို ၄င်းတို့ ခန့်အပ်ထား သည့် အော်ပရေတာ (၄)ခုကသာ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသိပ်ဆည်းဆမှာ (၇) ရာခိုင်နှုန်း ၀န်း ကျင်သာ ရှိသောကြောင့် ၂၀၁၅ ခုနှစ် မိုဘိုင်းဖုန်းသိပ်သည်းဆ ၅၀ ရာခိုင်နှုန်း ရောက်ရှိနိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဥာဏ်ဥာဏ် (မြစ်မခ) /မြန်မာခရိုနီကယ်

Wednesday, June 05, 2013

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာများ ယှဉ်ပြိုင်ဆောင်ရွက်လာ သည့်အခါတွင် မိုဘိုင်းဖုန်း ခေါ်
ဆိုခ နှုန်းထားများကို လျှော့ချပေးရန် ညွှန်ကြားသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်
အလက် နည်းပညာဝန်ကြီးဌာနက သိရှိရသည်။

ဂျာမန် မောင်းသူမဲ့ လေယာဉ်နှင့် အာဖဂန် ခရီးသည်တင် လေယာဉ်တစ်စင်းတို့ တိုက်မိလု နီးပါး ဖြစ်ပွားခဲ့

Photo: ဂျာမန် မောင်းသူမဲ့ လေယာဉ်နှင့် အာဖဂန် ခရီးသည်တင် လေယာဉ်တစ်စင်းတို့ တိုက်မိလု နီးပါး ဖြစ်ပွားခဲ့ 
Wednesday, June 05, 2013

ထိန်းချုပ်မှု မဲ့နေသော Luna အမည်ရှိ ဂျာမန် မောင်းသူမဲ့ လေယာဉ်သည် အာဖဂန် နိုင်ငံကို ဖြတ်ကျော် ပျံသန်းစဉ်လူ ၁ဝဝ ကို သယ်ဆောင်လာသော Ariana အာဖဂန် ခရီးသည်တင် လေယာဉ်တစ်စင်းနှင့် တိုက်မိလု

နီးနီး အခြေအနေ ဖြစ်ပွားခဲ့မှုကြောင့် ဂျာမနီနိုင်ငံတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ Luna မောင်းသူမဲ့ လေယာဉ်သည် အာဖဂန်နိုင်ငံတွင် ပျံသန်းစဉ် ယင်းခရီးသည်တင် လေယာဉ်အနီးသို့ နှစ်မီတာခန့် အကွာအထိ ရောက်ရှိခဲ့ရာ တိုက်မိလု နီးပါးဖြစ်ပွားခဲ့ပုံကို မောင်းသူမဲ့ လေယာဉ်တွင် တပ်ဆင်ထားသော ကင်မရာမှ ဗီဒီယို ရိုက်ကူးနိုင်ခဲ့သည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်များ အနေဖြင့် အခြား လေယာဉ်များနှင့် တိုက်မိခြင်းမှ ကာကွယ်နိုင်သည့် နည်းပညာသည် အဖိုးအခ ကြီးမားလှသည့် အတွက်ကြောင့် Luna မောင်းသူမဲ့ လေယာဉ်တွင် ယင်းနည်းပညာကို တပ်ဆင်ထားခြင်း မရှိကြောင်း ဂျာမနီ ကာကွယ်ရေး ဝန်ကြီး သောမတ်စ်ဒီမီဇီရီက ပြောကြားခဲ့သည်။ ၈၈ ပေါင်အလေးချိန် ရှိသော Luna မောင်းသူမဲ့ လေယာဉ်သည် အာဖဂန်မြို့တော် ကဘူးလ်မြို့ အနီး လေယာဉ် အရေးပေါ် ဆင်းသက်မှု မပြုမီ Ariana ခရီးသည်တင် လေယာဉ်ကြောင့် တိုက်မိလုနီးပါး ဖြစ်ခဲ့သောကြောင့် အစိုးရ၏ ဒရုန်းစီမံကိန်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြ၀တီ


Wednesday, June 05, 2013

ထိန်းချုပ်မှု မဲ့နေသော Luna အမည်ရှိ ဂျာမန် မောင်းသူမဲ့ လေယာဉ်သည် အာဖဂန် နိုင်ငံကို ဖြတ်ကျော် ပျံ
သန်းစဉ်လူ ၁ဝဝ ကို သယ်ဆောင်လာသော Ariana အာဖဂန် ခရီးသည်တင် လေယာဉ်တစ်စင်းနှင့် တိုက်မိ
လု နီးနီး အခြေအနေ ဖြစ်ပွားခဲ့မှုကြောင့် ဂျာမနီနိုင်ငံတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖက်ဒရယ်ယူနီယံပါတီလို့အမည်ပေးထားတဲ့ တိုင်းရင်းသားမဟာမိတ်ပါတီကြီးတစ်ခုတည်ထောင်မည့် ဦးစိုင်းအိုက်ပေါင်း

Photo: တိုင်းရင်းသား မဟာမိတ်ပါတီကြီးတခု ထူထောင်မယ် – ဦးစိုင်းအိုက်ပေါင်း
Wednesday, June 05, 2013

၂၀၁၅ ရွေးကောက်ပွဲကျရင် တိုင်းဒေသကြီးတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဖက်ဒရယ်ယူနီယံပါတီလို့ အမည်ပေးထားတဲ့ ပါတီကြီးတခုကို ထူထောင်သွားဖို့ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီ ကို ပြောပါတယ်။

အချိုးကျ ကိုယ်စားပြုမှုစနစ်နဲ့ ဆောင်ရွက်ဖြစ်ရင် တိုင်းရင်းသားတွေအတွက် နစ်နာတဲ့အတွက် ကြိုတင်ပြင်ဆင်တာလို့ ဆိုပါတယ်။ လက်ရှိတိုင်းရင်းသားတွေရဲ့ ပါတီတွေကို ဖျက်သိမ်းမှာ မဟုတ်ဘဲ သီးခြားကင်းလွတ်တဲ့ တိုင်းရင်းသားပါတီကြီးအဖြစ် ထူထောင်မှာလို့ ပြောပါတယ်။

ဒီကိစ္စကို  ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ တောင်ကြီးမှာ ကျင်းပမယ့် တိုင်းရင်းသားပါတီများ စုံညီအစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ကြမယ်လို့ ဦးစိုင်းအိုက်ပေါင်းက  ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ ပူးပေါင်းပြီး ၀င်ပြိုင်မယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စီစဉ်ထားမှုကို ရှင်းပြပေးပါ။


“ကျနော်တို့ ဒီလ ၁၁ ရက်၊ ၁၂ ရက်နေ့မှာ တိုင်းရင်းသားညီနောင်များပါတီကနေပြီး အစည်းအဝေးကျင်းပပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲကျရင် တိုင်းရင်းသားတွေ ပူးပေါင်းပြီးတော့ တိုင်းဒေသကြီးမှာ တနည်းအားဖြင့် မြေပြန့်ဒေသ အထွေထွေရွေးကောက်ပွဲမှာ ပူးပေါင်းပြီး ပါဝင်ယှဉ်ပြိုင်ဖို့ အစီစဉ် ရှိပါတယ်။ အဲဒီအစည်းအဝေးမှာ တင်ပြဆွေးနွေးမယ်။ ဆွေးနွေးချက်တွေ အားလုံးက သဘောတူရင် ဆက်လက်အကောင်အထည်ဖော်မယ်။ ကျနော်တို့ရဲ့ ပါတီနာမည်ကို အက်ဖ်ယူပီ ဖက်ဒရယ်ယူနီယံပါတီဆိုပြီး အကြမ်းဖျင်းလျာထားတယ်။”

တိုင်းရင်းသား နိုင်ငံရေးပါတီအသီးသီးဟာ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ တခုနဲ့တခု ဆင်တယ်ဆိုမေယ့် မတူကွဲပြားတာတွေရှိတော့ မဟာမိတ်ပါတီကြီးအဖြစ်ပေါင်းဖို့ သီးသန့် မူဝါဒတွေ၊ ရည်ရွယ်ချက်တွေ ချမှတ်ထားတာ ရှိလား။ ထပ်ဆွေးနွေးဖို့ ရှိလား။

“ရှိမှာပါ။ ပြည်နယ်တွေမှာတော့ ရှိရင်းစွဲ တိုင်းရင်းသားပါတီတွေဟာ ၂၀၁၅ မှာ ဆက်လက်ယှဉ်ပြိုင်သွားမှာပေါ့။ တိုင်းရင်းသားညီနောင်တွေ ပူးပေါင်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီကတော့ တိုင်းဒေသကြီးတွေမှာ ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားတာပါ။ အက်ဖ်ယူပီပါတီအနေနဲ့ ပြည်နယ်တွေမှာ မယှဉ်ပြိုင်ပါဘူး။”

တိုင်းဒေသကြီးတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အစီအစဉ်က ဘာကြောင့် ပေါ်ပေါက်လာတာလဲ။

“ကျနော်တို့က လာမယ့်ပြည်ထောင်စုလွှတ်တော်မှာ ပီအာစနစ်ကို ကျင့်သုံးဖို့ ဆွေးနွေးမယ်။ တကယ်လို့ ပီအာစနစ်ပေါ်ပေါက်လာရင် တိုင်းရင်းသားပါတီတွေအတွက် အခွင့်အရေးဆုံးရှုံးသွားနိုင်တယ်။ ဆုံးရှုံးသွားနိုင်တဲ့ အခွင့်အရေးတွေကို ကုစားဖို့အတွက် ကျနော်တို့ တိုင်းဒေသကြီးတွေမှာ ယှဉ်ပြိုင်ဖို့ စီစဉ်ခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားပါတီဆိုတာ ကျနော်တို့ ဗမာတိုင်းရင်းသားညီနောင်တွေလည်း အက်ဖ်ယူပီမှာ ၀င်ရောက်ပါဝင်နိုင်မယ့် အခွင့်အရေးရှိမှာပဲ။ အဲတော့ ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုအားလုံး ပါဝင်တဲ့ ပါတီတခု ထူထောင်ဖို့ ကျနော်တို့ ရည်မှန်းထားခြင်းဖြစ်ပါတယ်။”

ပီအာစနစ်ကြောင့် တိုင်းရင်းသားတွေ အခွင့်အရေးဆုံးရှုံးမယ်ဆိုတာ အကျယ်တ၀င့်ရှင်းပြပေးပါလား။

“ပီအာစနစ်ဆိုရင် အချိုးကျဆိုတော့ အခုလက်ရှိ ရွေးကောက်ပွဲစနစ်က နိုင်သူအကုန်လုံးယူဆိုတဲ့ နေရာမှာ သဘောက မြို့နယ်တခုမှာ မဲဆန္ဒပေးနိုင်တဲ့သူ ၁ သိန်းရှိတယ်ဆိုပါတော့၊ ၅၀၀၀၁ ယောက်ရရင် အဲဒီပါတီက နိုင်သွားမှာပဲ။ ဒါပေမယ့် ၄၉၉၉၉ ရရင် အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်မရဘူး။ တကယ်ပီအာစနစ်ဆိုရင် သူရှုံးပေမယ့် ရှုံးတဲ့နေရာတိုင်းမှာ မဲစာရင်းတွေ ပေါင်းလိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် ပီအာရ်စနစ်အချိုးကျဆိုတော့ လွှတ်တော်ကိုယ်စားလှယ်က သူပဲရမှာလေ။ သဘောက ရှူံးတဲ့ပါတီလည်း အခွင့်အရေးရတယ်။ နိုင်တဲ့ပါတီအတွက်လည်း အခွင့်အရေး အကုန်မရဘူးပေါ့။”

ပီအာရ်စနစ်က လွှတ်တော်မတင်ရသေးဘူး။ တင်ရင် ကျိန်းသေပေါက်ကျမယ်ဆိုတဲ့ သဘောတွက်ထားပြီးသားဆိုတဲ့ သဘောပါလား။

“ကျိန်းသေကျမယ်ဆိုတာတော့ ပြောလို့မရဘူး။ ကျားဖြူပါတီအနေနဲ့ သဘောမတူကြောင်းတော့ လွှတ်တော်မှာ ဆန္ဒထုတ်ဖော်ပြောဆို၊ တင်ပြဆွေးနွေးရမှာပဲ။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁ ကြိမ်ပဲ ကျင်းပရသေးတယ်။ ဒါကို စနစ်တခုထပ်ပြောင်းတယ်ဆိုရင် ပြည်သူလူထုက အတွေ့အကြုံနည်းပါးသေးတယ်လို့ ယူဆတယ်။ ပြည်နယ်တွေမှာ ဆိုရင် စာတတ်မြောက်မှုဟာ သိပ်နည်းပါးသေးတယ်။ မြန်မာစာလဲ သိပ်မတတ်ကြတော့ စောပါသေးတယ်၊ ကျနော်တို့ မထောက်ခံပါဘူး။”

နိုင်ငံရေးပါတီတွေ အသစ်ထူထောင်ပူးပေါင်းမယ်ဆိုရင် ရှိရင်းစွဲပါတီကို ဖျက်သိမ်းရမယ်လို့ ပြဋ္ဌာန်းချက်ရှိတယ်လို့ သိရတယ်။ တိုင်းဒေသကြီးတွေမှာ ၀င်ပြိုင်ဖို့အတွက် တိုင်းရင်းသားပါတီတွေက ပူးပေါင်းမယ်ဆိုရင် သက်ဆိုင်ရာပါတီတွေကို ဖျက်ရမလား၊ မဖျက်ရဘူးလား။ ဘယ်လိုရပ်တည်ပါလဲ။

“လူသစ်တွေနဲ့လုပ်မှာ။ လက်ရှိ ပြည်နယ်တွေမှာရှိတဲ့ ပါတီတွေက လုပ်တာမှမဟုတ်တာ။ လူသစ်တွေနဲ့ ပြန်ဖွဲ့စည်းမှာ၊ ပါတီအသစ်၊ ပါတီဝင်အသစ်တွေနဲ့ဖြစ်မှာပေါ့။”

ဆိုလိုတာက တိုင်းဒေသကြီးတွေမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီမဟာမိတ်အဖွဲ့ဟာ ရှိရင်းစွဲတိုင်းရင်းသားပါတီက ခေါင်းဆောင်တွေ၊ ပါတီတွေကနေ ထိန်းချုပ်တဲ့အဖွဲ့လို့ ပြောလို့ရလား။

“အဲလိုပြောလို့မရဘူး။ ပါတီအသစ်၊ နာမည်အသစ်နဲ့ ပါတီဝင်အသစ်ဖြစ်လာမယ်လေ။ အမှုဆောင်တွေလည်း အသစ်ဖြစ်မယ်လေ။”

ဒါဆို အန်ကယ် ခွန်ထွန်းဦးနဲ့ နိုင်ငွေသိမ်းတို့ အသစ်မှာ မပါတော့ဘူးပေါ့။

“အသစ်မှာမပါတော့ဘူး။ ကျနော်တို့က ကျားဖြူပါတီဥက္ကဋ္ဌအဖြစ် ပါနေတယ်လေ။”

တိုင်းရင်းသားပါတီတွေကို၊ ၁၁ ရက်နေ့ အစည်းအဝေးတက်မယ့် ပါတီတွေကို ဒီအကြောင်း အကြောင်းကြားပြီပါပြီလား။ ဘယ်လောက် သဘောတူညီချက် ရထားပြီးပြီလဲ။

“မူအားဖြင့်တော့ သဘောတူညီချက် ရထားပြီးသား။ ဒါပေမယ့် ပိုပြီး ကျေကျေလည်လည် ဆွေးနွေးရမှာပေါ့။”

DVB News

ဦးစိုင်းအိုက်ပေါင်း

Wednesday, June 05, 2013

၂၀၁၅ ရွေးကောက်ပွဲကျရင် တိုင်းဒေသကြီးတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဖက်ဒရယ်ယူနီယံပါတီလို့ အမည်ပေးထားတဲ့ ပါတီကြီးတခုကို ထူထောင်သွားဖို့ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီ ကို ပြောပါတယ်။

ယနေ့အထူးဖမ်းဆီးမှု့တွင် မြန်မာ 300 ကျော်အား စစ်ဆေးဖမ်းဆီးခဲ့ကြောင်းတရားဝင်ကြော်ငြာ

ဖါမျိုး ဖါနွယ်  .........
969 ...အကြမ်းဖက်သမားအားပေးတွေရဲ့ဘဝ
ကျွန်ခံတာတောင်အဆင်ပြေပြေနဲ့ကျွန်မခံရဘူး။ 
ငရဲပြည်ကို ပြန်ပို့ ဖို့လုပ်နေကြတာနဲ့ တိုးနေကြပါပေါ့လား။
မုန့်ဆိုဝေစားလိုက်မယ် ။ဒုတ် ကို ဝေမစားနိုင်ဖူးဆိုတဲ့ဟာတွေ 
မုန့် ဝေချိန်နဲ့မတိုးပဲ ဒုတ်ဝေချိန်နဲ့တိုးကြလေသောအခါ ..........။

Wednesday, June 05, 2013

ယနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အထူးစီမံချက်တစ်ရပ် အနေဖြင့် မြန်မာနိုင်ငံသား 300 ကျော်အား ရှာဖွေထိမ်းသိမ်းနိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံ နာမည်ကြီးသတင်းဌာနဖြစ်သော The Star သတင်းဌာနရဲ့အင်တာနက် စာမျက်နှာမှာ တရားဝင်ကြော်ငြာသွားခဲ့ပါတယ်။

NEDအဖွဲ့ကပေးအပ်တဲ့ ၂၀၁၂ ဒီမိုကရေစီဆုကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် လက်ခံရရှိ


အမေရိကန်-ဇွန်၅ NEDအဖွဲ့ ဥက္ကဌ Carl Gershman က ၂၀၁၂ ဒီမိုကရေစီဆုကို ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဇွန်လ ၄ ရက် က ပေးအပ်ချီးမြှင့်သည်။

စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီ၊