Pages

Wednesday, June 5, 2013

မိုးသည်းထန်စွာရွာသွန်းနေချိန် ယာဉ်မောင်းများ သတိပြုသင့်သည့်အချက်များ

Photo: မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ အချိန်မျိုးတွေမှာ သင့်ယာဉ်ကို အရေးကြုံက ရုတ်တရက် ရပ်တန့်ရန် အကွာအဝေးကို ခြောက်သွေ့တဲ့ ရာသီဥတု ရဲ့ (၂)ဆ ခွာထားရပါမည်။ အဘယ့်ကြောင့်ဆိုသော် ရေစိုနေတဲ့(သို့) ရေဖုံးလွှမ်းနေတဲ့ လမ်းပေါ်မှာ သင့်ယာဉ်၏ တာယာများဟာ ကုပ်အားလျော့နည်းလာလို့ ဖြစ်ပါတယ်။

ဒါကြောင့် စိုစွတ်တဲ့ ရာသီဥတုမှာ-

* မိမိရှေ့က ကားနှင့် ကပ်မလိုက်ပါနှင့် လိုအပ်သည်ထက်ပို၍ ခွာထားပါ။

* အကယ်၍ သင့်ကား စတီယာရင်သည် တုံ့ပြန်မှုနည်းပါးလာပါက ရေကြောင့် တာယာများသည် လမ်းအား မြဲမြံစွာ ကုတ်နိုင်ခြင်းမရှိတော့ဆိုသည်ကို နားလည်ပါ။ လီဗာကို ထိန်းလွှတ်၍ အရှိန်ကိုဖြေးညင်းစွာလျှော့ပါ။

* သည်းထန်သောမိုးနှင့် အခြားကားများရေကိုဖြတ်မောင်းရာမှ လွင့်စင်လာသော ရေများသည် သင်၏မြင်ကွင်းကို ခက်ခဲစေပါသည်။ သင်၏ယာဉ်ကို အခြားကားများ သတိပြုမိစေ။ မီးကြီးများထွန်းထားပါ။ လမ်းဧရိယာ အများစု ရေအိုင်နေသော နေရာတွင် ဖြတ်သန်းမောင်းနှင်ပါက အရှိန်ကို အလွန့်အလွန်လျှော့ချ၍ စုံမီး (စုံအချက်ပြမီး) ဖွင့်ထားပါ။

* မိုးဖွဲဖွဲနှင့် စိပ်စိပ်ရွာချနေချိန်တွင် လမ်းပေါ်တွင် ယာဉ်များမှ ယိုစီးကျသော စက်ဆီချောဆီများသည် လမ်းပေါ်တွင် ဝေ့ကာရှိနေတတ်ပါသည်။ အကယ်၍ သင်၏မော်တော်ယာဉ်တာယာများသည် ပွိုင့်ကြီး၍ ကျဲသော heavy-duty တာယာများဖြစ်ပါက လမ်းချော်ဘို့အခွင့်အလမ်းများလာပါသည်။ သင်လမ်းချော်နေပြီဆိုတာကို သိလျှင် ဘရိတ်ကိုလုံးဝမနင်းပါနှင့်။ ဂီယာကြီးထိုးထားပါ။ စတီယာရင်ကို အတတ်နိုင်ဆုံး ကားလမ်းဘေးထိုးမကျစေရန် ထိန်းသိမ်းထားပါ။ လမ်းပေါ်တွင် ကြမ်းနေသောနေရာတစ်ခုသို့ သင့်ရှေ့တာယာရောက်ရှိသည်နှင့် တစ်ပြိုက်နက် ကားကို ရပ်တန့်ရန် (သို့) မောင်းနှင်ထွက်ရန် ကြိုးစားပါ။ ကားကိုရပ်တန့်မည်ဆိုလျှင် လမ်းပုခုံးသားကို အရင်လေ့လာပါ။ မြေပျော့သည်ဟုယူဆလျှင် လမ်းဘေးသို့ လုံးဝမဆင်းပါနှင့်။
လမ်းထက်နိမ့်ပြီး အတန်ငယ်ပြင်ညီဖြစ်နေကာ မြက်ပင်များထူထပ်စွာပေါက်နေသော လမ်းပုခုံးသားသည် မြေပျော့ ရွှံ့မြေဖြစ်ဘို့ ရာခိုင်နှုန်းပိုများပါသည်။

- သည်းထန်စွာ ရွာနေသောမိုးကြောင့် ပါတ်ဝန်းကျင်ကို မြင်နိုင်စွမ်းလျော့ကျလာသည့်အခါ လမ်းနှခမ်းစပ်တွင် သွားလာနေသော လူများ၊ စက်ဘီး၊ဆိုင်ကယ်စီးနင်းသူများ နှင့် တိရစ္ဆာန်မျာကို ပိုမိုဂရုပြုပါ။ ထို့နည်းတူ သင့်ကားမီးတန်း၏နယ်နိမိတ်အစပ်တွင် လမ်းဖြတ်ကူးနေသောသူကို သင်မြင်ဘို့ရန်ခက်ခဲပါသည်။


မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ အချိန်မျိုးတွေမှာ သင့်ယာဉ်ကို အရေးကြုံက ရုတ်တရက် ရပ်တန့်ရန် အကွာ
အဝေးကို ခြောက်သွေ့တဲ့ ရာသီဥတု ရဲ့ (၂)ဆ ခွာထားရပါမည်။ အဘယ့်ကြောင့်ဆိုသော် ရေစိုနေတဲ့(သို့)
 ရေဖုံးလွှမ်းနေတဲ့ လမ်းပေါ်မှာ သင့်ယာဉ်၏ တာယာများဟာ ကုပ်အားလျော့နည်းလာလို့ ဖြစ်ပါတယ်။
ဒါကြောင့် စိုစွတ်တဲ့ ရာသီဥတုမှာ-

* မိမိရှေ့က ကားနှင့် ကပ်မလိုက်ပါနှင့် လိုအပ်သည်ထက်ပို၍ ခွာထားပါ။

* အကယ်၍ သင့်ကား စတီယာရင်သည် တုံ့ပြန်မှုနည်းပါးလာပါက ရေကြောင့် တာယာများသည် လမ်းအား
 မြဲမြံစွာ ကုတ်နိုင်ခြင်းမရှိတော့ဆိုသည်ကို နားလည်ပါ။ လီဗာကို ထိန်းလွှတ်၍ အရှိန်ကိုဖြေးညင်းစွာလျှော့ပါ။

* သည်းထန်သောမိုးနှင့် အခြားကားများရေကိုဖြတ်မောင်းရာမှ လွင့်စင်လာသော ရေများသည် သင်၏မြင်
ကွင်းကို ခက်ခဲစေပါသည်။ သင်၏ယာဉ်ကို အခြားကားများ သတိပြုမိစေ။ မီးကြီးများထွန်းထားပါ။ လမ်းဧရိ
ယာ အများစု ရေအိုင်နေသော နေရာတွင် ဖြတ်သန်းမောင်းနှင်ပါက အရှိန်ကို အလွန့်အလွန်လျှော့ချ၍ စုံမီး (စုံအချက်ပြမီး) ဖွင့်ထားပါ။

* မိုးဖွဲဖွဲနှင့် စိပ်စိပ်ရွာချနေချိန်တွင် လမ်းပေါ်တွင် ယာဉ်များမှ ယိုစီးကျသော စက်ဆီချောဆီများသည် လမ်း
ပေါ်တွင် ဝေ့ကာရှိနေတတ်ပါသည်။ အကယ်၍ သင်၏မော်တော်ယာဉ်တာယာများသည် ပွိုင့်ကြီး၍ ကျဲသော heavy-duty တာယာများဖြစ်ပါက လမ်းချော်ဘို့အခွင့်အလမ်းများလာပါသည်။ သင်လမ်းချော်နေပြီဆိုတာကို သိလျှင် ဘရိတ်ကိုလုံးဝမနင်းပါနှင့်။ ဂီယာကြီးထိုးထားပါ။ စတီယာရင်ကို အတတ်နိုင်ဆုံး ကားလမ်းဘေး
ထိုးမကျစေရန် ထိန်းသိမ်းထားပါ။ 
လမ်းပေါ်တွင် ကြမ်းနေသောနေရာတစ်ခုသို့ သင့်ရှေ့တာယာရောက်ရှိသည်နှင့် တစ်ပြိုက်နက် ကားကို ရပ်
တန့်ရန် (သို့) မောင်းနှင်ထွက်ရန် ကြိုးစားပါ။ ကားကိုရပ်တန့်မည်ဆိုလျှင် လမ်းပုခုံးသားကို အရင်လေ့လာပါ။
 မြေပျော့သည်ဟုယူဆလျှင် လမ်းဘေးသို့ လုံးဝမဆင်းပါနှင့်။လမ်းထက်နိမ့်ပြီး အတန်ငယ်ပြင်ညီဖြစ်နေကာ
 မြက်ပင်များထူထပ်စွာပေါက်သော လမ်းပုခုံးသားသည် မြေပျော့ ရွှံ့မြေဖြစ်ဘို့ ရာခိုင်နှုန်းပိုများပါသည်။

- သည်းထန်စွာ ရွာနေသောမိုးကြောင့် ပါတ်ဝန်းကျင်ကို မြင်နိုင်စွမ်းလျော့ကျလာသည့်အခါ လမ်းနှခမ်းစပ်
တွင် သွားလာနေသော လူများ၊ စက်ဘီး၊ဆိုင်ကယ်စီးနင်းသူများ နှင့် တိရစ္ဆာန်မျာကို ပိုမိုဂရုပြုပါ။ ထို့နည်းတူ သင့်ကားမီးတန်း၏နယ်နိမိတ်အစပ်တွင် လမ်းဖြတ်ကူးနေသောသူကို သင်မြင်ဘို့ရန်ခက်ခဲပါသည်။

မြ၀တီသတင်း , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၅.၆.၂၀၁၃

0 comments:

Post a Comment