Pages

Wednesday, June 5, 2013

အမေရိကန်ဒေါ်လာ လဲနှုန်း ၉၃၈ ကျပ်အထိ ပြန်ဆင်း၊ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၂၃ ကျပ်အထိ ထိုးဆင်းသော်လည်း ဗဟိုဘဏ် သတ်မှတ်နှုန်း မကျ

Photo: အမေရိကန်ဒေါ်လာ လဲနှုန်း ၉၃၈ ကျပ်အထိ ပြန်ဆင်း၊ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၂၃ ကျပ်အထိ ထိုးဆင်းသော်လည်း ဗဟိုဘဏ် သတ်မှတ်နှုန်း မကျ
Wednesday, June 05, 2013

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၃၈ ကျပ်အထိ ပြန်လည်ကျဆင်း ခဲ့သော်လည်း ဗဟိုဘဏ်မှ သတ်မှတ်သည့် Reference Exchange Rate မှာ ပြန်လည်ကျဆင်းမှု မရှိဘဲ အမြင့်ဈေး၌ ငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် မေ ၂၃ ရက်က တစ်ဒေါ်လာ ၉၆၁ ကျပ်အထိ မြင့်တက်ခဲ့ရာမှ ယခုအခါ ဇွန် ၄ ရက်က တစ်ဒေါ်လာ ၉၃၈ ကျပ်သာ ရှိသည့်အတွက် တစ်ဒေါ်လာ ၂၃ ကျပ်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ ဗဟိုဘဏ် သတ်မှတ်နှုန်းမှာမူ ဇွန် ၄ ရက်က ၉၄၅ ကျပ်၌ပင် ရှိနေဆဲဖြစ်ပြီး ပြင်ပဈေးကွက် ပေါက်ဈေးထက်ပင် တစ်ဒေါ်လာ ၇ ကျပ် မြင့်တက်လျက် ရှိသည်။ ပုဂ္ဂလိကဘဏ် အချို့မှလည်း ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်းအပေါ် အမြတ်တင်၍ ရောင်းရမည့်အစား ပြင်ပဈေးကွက် အခြေအနေမှန်အတိုင်း လိုက်၍ ဗဟိုဘဏ်ဈေးထက်ပင် တစ်ကျပ်လျော့ကာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပုဂ္ဂလိက ငွေလဲကောင်တာများ၌လည်း ဗဟိုဘဏ် သတ်မှတ်နှုန်းထက် တစ်ဒေါ်လာ ၃ ကျပ်နှိမ့်ကာ ၉၄၂ ကျပ်ဖြင့် လဲလှယ်ပေးလျက် ရှိသည်ဟု သိရသည်။ ပြင်ပဈေးကွက်တွင် ဈေးကွက်အတွင်း အမှန်ဝယ်လိုအား၊ နိုင်ငံတကာ ရွှေဈေးပြန်တက်ချိန် နိုင်ငံတကာ ငွေကြေးဈေးကွက် အတွင်းရှိ ဒေါ်လာတန်ဖိုးများဖြင့် ချိန်ညှိကာ ဒေါ်လာလဲနှုန်း ကျဆင်းသော်လည်း ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်းမှာ မေ ၂၉ ရက်ကတည်းက စတင်သတ်မှတ်ခဲ့သည့် တစ်ဒေါ်လာ ၉၄၅ ကျပ်နှုန်း၌ပင် ရှိနေသေးကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးမှာလည်း တစ်အောင်စလျှင် ၁၄၁၀ အမေရိကန် ဒေါ်လာနှင့် အထက်၌ ရှိနေပြီး နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးမှာလည်း တည်ငြိမ်လျက် ရှိသည်။

ဗဟိုဘဏ်မှ သတ်မှတ်နှုန်း မကျသော်လည်း ဈေးကွက်အတွင်း အမှန်ဝယ်လိုအားနှင့် ရောင်းလိုအား၊ နိုင်ငံတကာ ဈေးကွက်ရှိ အမေရိကန်ဒေါ်လာ တန်ဖိုးတို့အပေါ် မူတည်၍ တစ်ဒေါ်လာ ကျပ် ၉၀၀ ၀န်းကျင်အထိ ဆက်လက်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြသည်။

တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် -၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ် မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။

EMG

Wednesday, June 05, 2013

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၃၈ ကျပ်အထိ ပြန်လည်ကျဆင်း ခဲ့
သော်လည်းဗဟိုဘဏ်မှသတ်မှတ်သည့် Reference Exchange Rate မှာ ပြန်လည်ကျဆင်းမှု မရှိဘဲ အမြင့်ဈေး
၌ ငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် မေ၂၃ ရက်ကတစ်ဒေါ်လာ၉၆၁ ကျပ်အထိ မြင့်တက်
ခဲ့ရာမှ ယခုအခါ ဇွန် ၄ ရက်က တစ်ဒေါ်လာ၉၃၈ကျပ်သာရှိသည့်အတွက်တစ်ဒေါ်လာ၂၃ ကျပ်အထိကျဆင်း
ခဲ့ခြင်းဖြစ်သည်။ 
 
ဗဟိုဘဏ် သတ်မှတ်နှုန်းမှာမူ ဇွန် ၄ ရက်က ၉၄၅ ကျပ်၌ပင် ရှိနေဆဲဖြစ်ပြီး ပြင်ပဈေးကွက် ပေါက်ဈေးထက်
ပင် တစ်ဒေါ်လာ ၇ ကျပ် မြင့်တက်လျက် ရှိသည်။ ပုဂ္ဂလိကဘဏ် အချို့မှလည်း ဗဟိုဘဏ်မှ သတ်မှတ်သည့်
နှုန်းအပေါ်အမြတ်တင်၍ ရောင်းရမည့်အစား ပြင်ပဈေးကွက်အခြေအနေမှန်အတိုင်း လိုက်၍ ဗဟိုဘဏ်ဈေး
ထက်ပင် တစ်ကျပ်လျော့ကာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပုဂ္ဂလိက ငွေလဲကောင်တာများ၌လည်း ဗဟိုဘဏ် သတ်မှတ်နှုန်းထက် တစ်ဒေါ်လာ ၃ ကျပ်နှိမ့်ကာ ၉၄၂ ကျပ်ဖြင့် လဲလှယ်ပေးလျက် ရှိသည်ဟု သိရသည်။ ပြင်ပဈေးကွက်တွင် ဈေးကွက်အတွင်း အမှန်ဝယ်လိုအား
၊ နိုင်ငံတကာ ရွှေဈေးပြန်တက်ချိန် နိုင်ငံတကာ ငွေကြေးဈေးကွက် အတွင်းရှိ ဒေါ်လာတန်ဖိုးများဖြင့် ချိန်ညှိ
ကာ ဒေါ်လာလဲနှုန်းကျဆင်းသော်လည်း ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်းမှာ မေ ၂၉ ရက်ကတည်းက စတင်
သတ်မှတ်ခဲ့သည့်တစ်ဒေါ်လာ ၉၄၅ကျပ်နှုန်း၌ပင် ရှိနေသေးကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးမှာလည်းတစ်
အောင်စလျှင်၁၄၁၀အမေရိကန် ဒေါ်လာနှင့် အထက်၌ ရှိနေပြီး နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် အမေရိ
ကန်ဒေါ်လာ တန်ဖိုးမှာလည်း တည်ငြိမ်လျက် ရှိသည်။

ဗဟိုဘဏ်မှ သတ်မှတ်နှုန်း မကျသော်လည်း ဈေးကွက်အတွင်း အမှန်ဝယ်လိုအားနှင့် ရောင်းလိုအား၊ နိုင်ငံ
တကာ ဈေးကွက်ရှိ အမေရိကန်ဒေါ်လာ တန်ဖိုးတို့အပေါ် မူတည်၍ တစ်ဒေါ်လာ ကျပ် ၉၀၀ ၀န်းကျင်အထိ ဆက်လက်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြသည်။

တရားဝင် ငွေလဲလှယ်ရေးလုပ်ငန်းများသည်ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်းကိုအခြေခံ၍ သိမ်ဖြူဈေးကွက်
လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် -၀ ဒသမ ၈ ရာ
ခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်
ကားရောင်းဝယ် မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာ
ခိုင်နှုန်း ဘောင်အတွင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။
 
 EMG ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၅.၆.၂၀၁၃

0 comments:

Post a Comment