Pages

Wednesday, June 5, 2013

ရုံတင် ပြသတော့မည့် ပန်း ကြာဝတ်မှုံ


ရုံတင် ပြသတော့မည့် ပန်း ကြာဝတ်မှုံ

၁၉၈ဝ ပြည့်နှစ် ဝန်းကျင်က မြင်းခြံမြို့ရှိ ဦးလေးဖုန်း၊ ဒေါ်ခင်ခင်လေးတို့တွင် သမီး သီရိမေနှင့် သား သီဟမောင်တို့ ရှိသည်။သီရိမေ မန္တလေး ဒေသကောလိပ် တက်ချိန် ကလောမြို့မှ အောင်နိုင်သူနှင့် ခင်မင် သွားသည်။ ဒေသကော လိပ် မောင်မယ်သစ်လွင် ပွဲမှာ စောင်းပညာနှင့် ဖျော်ဖြေခဲ့ရာက အောင်နိုင်သူက အ မည် ထင်ရှား လာခဲ့သည်။
အောင်နိုင်သူနှင့် သီရိမေတို့ ရင်ထဲ ဝှက်ထားသော သံယောဇဉ် ကိုယ်စီ ရှိသော်လည်း ပြည်ပ ထွက်ခွာရန်ရှိ ၍အောင်နိုင်သူရင်မဖွင့်လိုက်ရသလိုသီရိမေကလည်း မိန်းမသဘာဝ နှုတ်မဟနိုင် ဖြစ်နေသည်။ ကျောင်း
ပိတ်ရက်ရှည်တိုင်း အောင်နိုင်သူက မြင်းခြံမြို့သို့ လိုက်ပါ လည်တတ်ပြီး မြင်းခြံသူကလည်း ကလောမြို့ ခြံသို လိုက်လည်တတ်သည်။ကျောင်းပြီးသွားသောအခါအောင်နိုင်သူပြည်ပသို့ထွက်ခွာခဲ့ရပြီး ပြည်ပတွင် နိုင်ငံခြား
သူနှင့် လက်ထပ်ခဲ့ရသည်။ 

သီရိမေ၏ မိဘများလည်း သနပ်ခါးစက် ထူထောင်ရာက ကြီးပွားလာ ခဲ့ကြပြီး သားဖြစ်သူ သီဟမောင်၏ အစွမ်းအစကြောင့် နိုင်ငံတကာ အဆင့်မီ သနပ်ခါး၊ မိတ်ကပ် ကုမ္ပဏီနှင့် စက်ရုံကို ထူထောင်နိုင်ခဲ့သည်။ သီရိမေသည် စက်ရုံ မန်နေဂျာ ကိုရဲမိုးနှင့် သံယောဇဉ် ဖြစ်ခဲ့ကြသော်လည်း ကိုရဲမိုးကို လက်ထပ်ရန် ငြင်းဆန်ခဲ့သည်။ သီရိမေ တစ်ဦးတည်း မကြာခဏ ပြင်ဦးလွင်ရှိ ''ပန်းကြာဝတ်မှုံ'' ခြံကြီးတွင် ဆောက်ထားသည့် တိုက်တွင် သွားရောက် အနားယူလေ့ရှိသည်။

 နှစ်ပေါင်း ၂ဝ ကြာမြင့်သည့် အခါ အောင်နိုင်သူ မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာသည်။ ယဉ်ကျေးမှု ဘာသာဓလေ့ မတူသော နိုင်ငံခြားသူ ဇနီးနှင့် လမ်းခွဲ လာခဲ့သည်။ သို့နှင့် ''ပန်းကြာဝတ်မှုံ'' ခြံကြီး ၌ အောင်နိုင်သူ အပါအဝင် အနယ် နယ်အရပ်ရပ်မှ သူငယ်ချင်းများ လာရောက် စုစည်းကြပြီး မိမိတို့ လက်ငင်း ရောက်ရှိနေသော ဘဝနှင့် ဖြတ်သန်းမှုများကို တစ်ဦးချင်းစီ ပြောကြရင်း အောင်နိုင်သူက သီရိမေ၏ မေတ္တာ ကို တောင်းခံ လာသောအခါ ...။

ချင်းတွင်း ရုပ်ရှင်ထုတ်လုပ်ရေး အတွက် ဒါရိုက်တာ စင်ရော်မောင်မောင်က ခံစားတင်ပြထားပြီး ၁၄-၆-၂ဝ၁၃ မှစ၍ သမ္မတ၊ သွင်၊ မင်္ဂလာ၊ Top Royal (ပါရမီ) ၊ Junction (Mawtin)၊ Junction (SQUARE) တို့တွင် တစ်ပြိုင်တည်း ပြသ ပါတော့မည်။     ။  

လွင်ဟိန်းထက်
မြ၀တီသတင်း ,  RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၅.၆.၂၀၁၃

0 comments:

Post a Comment