Pages

Wednesday, June 5, 2013

မြန်မာ၊အင်ဒိုနီးရှား၊ ဖိလပ်ပိုင်နှင့် ကမ္ဘောဒီးယားတို့ အာဆီယံဒေသတွင်း လွတ်လပ်စွာသွားလာခွင့်ဗီဇာ သဘာတူညီမှုရရှိ

Wednesday, June 05, 2013
မြန်မာ၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့ အာဆီယံဒေသတွင်း လွတ်လပ်စွာသွားလာခွင့်ဗီဇာ သဘာတူညီမှုကို ယနေ့ နေပြည်တော်တွင် ကျင်းပလျှက်ရှိသော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် လတ်မှတ်ရေးထိုး ခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားလာရေးဆိုင်ရာဝန်ကြီးများသည် ဒေသတွင်း လွတ်လပ် စွာသွားလာခွင့် smart ဗီဇာစနစ်အတွက် အတူပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

နေပြည်တော်တွင် ကျင်းပလျှက်ရှိသော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို
ယခုလ ၅ ရက်နေ့မှ ၇ ရက်ထိ ကျင်းပမည်ဖြစ်ပြီး အခမ်းအနားသို့ နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ပါဝင်တက်ရောက်သူ ၉၀၀ ကျော်ရှိကြောင်း ဖိုရမ်ထုတ်ပြန်ချက်အရသိရသည်။

PN-018
Popular Myanmar News Journal ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) : ၅.၆.၂၀၁၃

0 comments:

Post a Comment