Pages

Wednesday, June 5, 2013

အကြမ်းဖက်တိုက်ခိုက်ချင်သော လူတစ်စုကြောင့် မန္တလေးတွင်ရုတ်ရုတ်သဲသဲဖြစ်သွား

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊အမက ၁ တွင်ယနေ့နံနက်၁၀း၃၀ခန့်က ၉၆၉ အကြမ်းဖက်အဖွဲ့ဝင်များက အုပ်စုဖွဲ့ပြီး  အော်ဟစ်ဆဲဆိုမှုများ ကြောင့် မူလတန်းအရွယ်မွတ်စလင်ကျောင်းသားအများစုတက်ရောက်ရာ အဆိုပါကျောင်းမှ ဆရာ/မများနှင့်ရုန်းရင်းဆန်ခေတ်ဖြစ်သွားကြောင်းကနဦးသတင်းများအရသိရှိရပါသည်။ အထက (၃) အနီးတွင်ဆူပူမှု ဖြစ်ပွားသောကြောင့် ကျောင်းလာကြိုသောမိဘများနှင့်အကြမ်းဖက်အဖွဲ့
ကိုဖမ်းသော လူများကြောင့် လူစုသလို ဖြစ်သွားခဲ့တာပါ။
အခုလက်ရှိအခြေအနေမှာ ၃၆ လမ်း၊၇၆ လမ်းတွင် ရဲများမှ Police Yellow Line တားထားပြီး အဝင်အထွက်
 ပိတ်ထားကြောင်း၊ လုံခြုံရေး အပြည့်ချထားကြောင်းပါ။

မြန်မာပြည်ရဲ့ ထုံးစံအတိုင်း တစ်ခုခုဆို ဝိုင်းအုံကြည့်တတ်သူများကြောင့်ထိုအနီးတဝိုက်လူစည်ကားနေပြီး
ကျန်တာ ဘာမှ မဖြစ်ခဲ့ကြောင်းသတင်းရရှိပါသည်။

RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) : ၅.၆.၂၀၁၃

0 comments:

Post a Comment