Pages

Wednesday, June 5, 2013

အော်ပရေတာ ယှဉ်ပြိုင်သူထွက်ပေါ်လာလျင် ဖုန်းခေါ်ဆိုခလျော့ချမည်

Photo: အော်ပရေတာ ယှဉ်ပြိုင်သူထွက်ပေါ်လာလျင် ဖုန်းခေါ်ဆိုခလျော့ချမည်
Wednesday, June 05, 2013

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာများ ယှဉ်ပြိုင်ဆောင်ရွက်လာ သည့်အခါတွင် မိုဘိုင်းဖုန်း ခေါ်ဆိုခ နှုန်းထားများကို လျှော့ချပေးရန် ညွှန်ကြားသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သိရှိရသည်။

“လက်ရှိ ကောက်ခံနေတဲ့ မိုဘိုင်းဖုန်း အသုံးပြုခ တစ်မိနစ် ၅၀ ဆိုတာ များတယ်။ အော်ပရေတာတွေက သူတို့ ကိုယ်တိုင်လည်း ပြိုင်ဆိုင်သွားမှာပါ၊ အစိုးရက စနစ်ကိုပဲ ကိုင်ထားမှာ။ မြန်အောင်လုပ်ပေးတဲ့ အော်ပရေတာ က ဈေးသက်သာအောင် လုပ်ပေးတဲ့ အော်ပရေတာကို ခေါ်သွားမှာ” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ၄င်း၏ လူမှုရေးကွန် ယက်စာမျက်နှာ တွင် ပြောဆိုထားသည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် ဖုန်းအော်ပရေတာများ၏ ပြိုင်ဆိုင်မှုဖြင့် ဆက်သွယ်ရေးကဏ္ဍသည်လည်းများစွာ ပြောင်းလဲသွားမည်ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

“အိမ်နီးချင်းနိုင်ငံတွေမှာကကုမ္ပဏီများတဲ့အတွက်အပြိုင်ဖုန်းကတ်တွေ ပေး တာမျိုး၊ အင်တာနက်ကလည်း အခြားနိုင်ငံတွေဆို အလကားရ တဲ့နေရာတွေ ကများတယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီတွေက အပြိုင်ဆိုင်လုပ် ကြတာကိုး ခုဒီမှာလည်း တင်ဒါခေါ်ထားတဲ့ ကုမ္ပဏီတွေကသာ အပြိုင်လုပ်မယ်ဆို ရင် ဖြစ်လာနိုင်ပါတယ်။”ဟု ရန်ကင်းမြို့နယ်နေ လူငယ်တစ်ဦးက ပြောသည်။

ပြိုင်ဆိုင်မည့်ကုမ္ပဏီများအနေဖြင့် အော်ပရေတာ(၄)ခုအနက် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအား အသွင်ပြောင်းလဲ ဖွဲ့စည်းထားသည့် အော်ပရေ တာတစ်ခုမှလည်း ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် မိုဘိုင်းဖုန်း၊ အင်တာ နက်နှင့် အခြားသော ဆက်သွယ်ရေး ကဏ္ဍများကို ၄င်းတို့ ခန့်အပ်ထား သည့် အော်ပရေတာ (၄)ခုကသာ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသိပ်ဆည်းဆမှာ (၇) ရာခိုင်နှုန်း ၀န်း ကျင်သာ ရှိသောကြောင့် ၂၀၁၅ ခုနှစ် မိုဘိုင်းဖုန်းသိပ်သည်းဆ ၅၀ ရာခိုင်နှုန်း ရောက်ရှိနိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဥာဏ်ဥာဏ် (မြစ်မခ) /မြန်မာခရိုနီကယ်

Wednesday, June 05, 2013

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာများ ယှဉ်ပြိုင်ဆောင်ရွက်လာ သည့်အခါတွင် မိုဘိုင်းဖုန်း ခေါ်
ဆိုခ နှုန်းထားများကို လျှော့ချပေးရန် ညွှန်ကြားသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်
အလက် နည်းပညာဝန်ကြီးဌာနက သိရှိရသည်။ “လက်ရှိ ကောက်ခံနေတဲ့ မိုဘိုင်းဖုန်း အသုံးပြုခ တစ်မိနစ် ၅၀ ဆိုတာ များတယ်။ အော်ပရေတာတွေက သူ
တို့ ကိုယ်တိုင်လည်း ပြိုင်ဆိုင်သွားမှာပါ၊ အစိုးရက စနစ်ကိုပဲ ကိုင်ထားမှာ။ မြန်အောင်လုပ်ပေးတဲ့ အော်ပရေ
တာ က ဈေးသက်သာအောင် လုပ်ပေးတဲ့ အော်ပရေတာကို ခေါ်သွားမှာ” ဟု ဆက်သွယ်ရေးနှင့် သတင်းအ
ချက်အလက်နည်းပညာဝန်ကြီးဌာနမှဒုတိယ၀န်ကြီး ဦးသောင်းတင်က ၄င်း၏ လူမှုရေးကွန် ယက်စာမျက်နှာ
တွင် ပြောဆိုထားသည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် ဖုန်းအော်ပရေတာများ၏ ပြိုင်ဆိုင်မှုဖြင့် ဆက်သွယ်ရေးကဏ္ဍသည်လည်းများ
စွာ ပြောင်းလဲသွားမည်ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

“အိမ်နီးချင်းနိုင်ငံတွေမှာကကုမ္ပဏီများတဲ့အတွက်အပြိုင်ဖုန်းကတ်တွေ ပေး တာမျိုး၊ အင်တာနက်ကလည်း အခြားနိုင်ငံတွေဆို အလကားရ တဲ့နေရာတွေ ကများတယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီတွေက အပြိုင်ဆိုင်
လုပ် ကြတာကိုး ခုဒီမှာလည်း တင်ဒါခေါ်ထားတဲ့ ကုမ္ပဏီတွေကသာ အပြိုင်လုပ်မယ်ဆို ရင် ဖြစ်လာနိုင်ပါတ
ယ်။”ဟု ရန်ကင်းမြို့နယ်နေ လူငယ်တစ်ဦးက ပြောသည်။

ပြိုင်ဆိုင်မည့်ကုမ္ပဏီများအနေဖြင့် အော်ပရေတာ(၄)ခုအနက် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအား အသွင်
ပြောင်းလဲ ဖွဲ့စည်းထားသည့် အော်ပရေ တာတစ်ခုမှလည်း ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် မိုဘိုင်းဖုန်း၊ အင်
တာ နက်နှင့် အခြားသော ဆက်သွယ်ရေး ကဏ္ဍများကို ၄င်းတို့ ခန့်အပ်ထား သည့် အော်ပရေတာ (၄)ခုက
သာ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသိပ်ဆည်းဆမှာ (၇) ရာခိုင်နှုန်း ၀န်း ကျင်သာ ရှိသောကြောင့် ၂၀၁၅ ခုနှစ် မိုဘိုင်းဖုန်းသိပ်သည်းဆ ၅၀ ရာခိုင်နှုန်း ရောက်ရှိနိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဥာဏ်ဥာဏ် (မြစ်မခ), RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) : ၅.၆.၂၀၁၃
 

0 comments:

Post a Comment