Monday, August 6, 2012
အဆ ၁၀၀ ပိုမြန်သည့် အင်တာနက်ကွန်ရက်ကို Google မိတ်ဆက်
နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Google က broadband အင်တာနက်ချိတ်ဆက်မှုများထက် အဆ ၁၀၀ ပိုမို လျင်မြန်သည့် အင်တာနက်ကွန်ရက်သစ်ကို အမေရိကန်နိုင်ငံရှိ Kansas နှင့် Missouri ပြည်နယ်နှစ်ခုအတွက် မိတ်ဆက်ပေးခဲ့ ကြောင်း သိရသည်။
လာမည့် နှစ် ရန်ကုန်မြို့ရှိ ကျောင်းကားကြို/ပို့ ဈေးကွက်သို့ ဝင်ရောက်ရန် ဂျပန်မီနီဘတ်စ်အစီး(၅ဝ)မှာယူ
၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွင်း ရန်ကုန်မြို့ရှိ ကျောင်းသားများတွင် ဈေးနှုန်း သက်သာစွာဖြင့် ကျောင်းကြိုပို့ပေးနိုင်ရန် ဂျပန်နိုင်ငံမှမီနီ
ဘတ်စ်ကားအစီးရေ (၅ဝ)ကို တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
မိုးဆက်တိုက်ရွာသွန်းနေခြင်းကြောင့် ဒဂုံမြို့အရှေ့ပိုင်းမြို့နယ်ရှိ ရွာ(၇)ရွာ ရေလွှမ်းခံနေရ
အိမ်ထောင်သည်အမျိုးသမီးများအနေဖြင့် အသက်ငယ်ရွယ်စဉ် ကလေးစောစောယူရန်လို
သို့ရောက်ရှိနိုင်သဖြင့်ကလေးစောစောယူသင့်ကြောင်း ဆေးပညာရှင်များက အကြံပြုပြောဆိုကြသည်။
ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်မှာ ဒေသခံရခိုင်တိုင်းရင်းသား တွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ တွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးအပြန်အလှန်နေအိမ်မီးရှို့မှုတွေ ဖြစ်ပေါ်
ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မိုင် (၈၀)ကျော်ကွာဝေးတဲ့ ကျောက်တော်မြို့နယ်က မွတ်စလင်အိမ်ခြေအများဆုံးရှိတဲ့ ကျေးရွာ (၃)ရွာ မနေ့က မီးရှို့ခံခဲ့ရပြီး သေဆုံးသူတချို့ရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
စာပေစိစစ်ရေးကို ဂျာနယ်တွေ ဆန္ဒပြ တဲ့အနေနဲ့ ဂျာနယ်မျက်နှာဖုံး တွေကို အမည်းရောင်သက်သက်နဲ့ ဒီကနေ့ ထုတ်ဝေဖြန့်ချီ
သတင်းလွတ်လပ်ခွင့်ကော်မတီရဲ့လှုပ်ရှားမှု သတင်းတွေကို ပြည်တွင်းထုတ်ဂျာနယ်တွေမှာမဖော်ပြ ကြဖို့စာပေစိစစ်ရေးကပိတ်ပင်
လိုက်တဲ့အတွက် သတင်းဂျာနယ်၂ စောင်က သူတို့ဂျာနယ်မျက်နှာဖုံး တွေကို အမည်းရောင်သက်သက်နဲ့ ဒီကနေ့ ထုတ်ဝေ
ဖြန့်ချီပြီး
ဆန္ဒထုတ်ဖော်လိုက်ပါတယ်။
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ မြန်မာနိုင်ငံအထက်ပိုင်းနဲ့ ရှမ်းပြည်နယ် ခရီးစဉ်ကို ဒီကနေ့စတင်
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မြန်မာနိုင်ငံအထက်ပိုင်းနဲ့ ရှမ်းပြည်နယ် ခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ကြပါတယ်။ ဒီခရီးစဉ်ဟာ သီတင်း (၂) ပတ်ကြာမြင့်မှာဖြစ်ပြီး ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ခေါင်းဆောင်မှု ဆိုင်ရာ သင်တန
်းပို့ချရေးခရီးစဉ်အဖြစ်သွားရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။၊
၇ လအတွင်း ရန်ကုန်တွင် ယာဉ်တိုက်မှုကြောင့် ၁၇၀ ဦး သေဆုံး
ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်း ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန် အထိ ယာဉ်တိုက်မှု စုစုပေါင်း ၇၁၁ မှု ဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ ၁၇၀ ဦးနှင့် ဒဏ်ရာရသူ ၁,၁ဝ၃ ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများက ဆိုသည်။
ငလျင်ဇုန်ပြ မြေပုံအား ၂ဝ၁၃ နှစ်ဆန်းတွင် နိုင်ငံတဝန်းလုံး ဖြန့်ချိမည်
ငလျင်ပြင်းထန်အားနှင့် လှိုင်းအရှိန် ကြာနိုင်ခြေတို့ကို ခန့်မှန်း တွက်ချက် ဖော်ပြထားသည့် ငလျင် ဇုန်ပြ မြေပုံ အား မြန်မာနိုင်ငံ တဝန်းလုံးသို့ ၂ဝ၁၃ ခုနှစ်၊ ဧပြီလ မတိုင်မီ ဖြန့်ချိ မည် ဖြစ်သည်။လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒ ဌာနအောက်ရှိ ငလျင်ဌာနတို့က ပူးပေါင်း ဖြန့်ချိမည် ဖြစ်ပြီး အရေအတွက်ကိုမူ သက်ဆိုင်ရာသို့ ခွင့်ပြုချက် တင်ထားကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ က ပုဒ်မခွဲ ၅(င)နှင့် ၅(ည)ကို ပယ်ဖျက်ရန် မသင့်ကြောင်း သုံး သပ်
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းေ က်ာမတီက အဆိုပါပုဒ်မ ၂ခုအား ပယ်ဖျက်ရန်မသင့်ကြောင်း သုံး သပ်ခဲ့သည်။ ကော်မတီက ပုဒ်မ၅(င)သည် “မမှန်သတင်းလွှင့်ခြင်း၊ ဖော်ြ့ပခြင်း တို့နှင့်စပ်လျဉ်း၍ ပယ်ဖျက်ပါက မမှန်ဟု ယုံကြည်လောက် သည့် အကြောင်း ရှိလျှက်နှင့် မကာကွယ်နိုင် သကဲသို့ ဖြစ်မည်”ဟု သုံးသပ်ခဲ့သည်။
ဘင်္ဂါလီတွေ ရခိုင်ပြည်နယ်ထဲ အများအပြား ရောက်နေရတဲ့ကိစ္စဟာ ရခိုင်ပြည်နယ်မှာ တာဝန်ကျတဲ့ လူဝန်မှု ကြီးကြပ်ရေး (လ၀က) အရာရှိတွေ လာဘ်စားလို့မဟုတ်ဘူးလို့ငြင်းဆို
ဘင်္ဂါလီတွေ ရခိုင်ပြည်နယ်ထဲ အများအပြား ရောက်နေရတဲ့ကိစ္စဟာ ရခိုင်ပြည်နယ်မှာ တာဝန်ကျတဲ့ လူဝန်မှု ကြီးကြပ်ရေး (လ၀က) အရာရှိတွေ လာဘ်စားမှုကြောင့်ဆိုတဲ့ စွတ်စွဲချက်ဟာ လုံးဝ မဖြစ်နိုင်ကြောင်း ပြည်ထောင်စု လူဝန်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန ၀န်ကြီးဦးခင်ရီက ငြင်းဆို လိုက်ပါတယ်။
ဘုန်းကြီးနှစ်ပါးကျောင်းလုရာမှ တုတ်တပြက် ဓားတပြက်ဖြစ်
ရဟန်းတပါး ရောင်းစားထားခဲ့သည့် ကျောင်းတွင် ၀င်ရောက် သီတင်းသုံးနေထိုင်သည့် ရဟန်းများ နှင့် မူလကျောင်းထိုင်ဆရာတော်အဖွဲ့တို့ ကျောင်းနေရာလုရင်း စကားများရာမှ တုတ်၊ ဓားများပါလာသည့်အတွက် မြို့နယ်သံဃနာယကအဖွဲ့ ၊ နယ်မြေခံရဲများ နှင့် ရပ်ကွက်အုပ်ချူပ်ရေးမှူးများ ပါဝင်သည့် အင်အား ၇၀ ခန့်က စနေနေ့ည ၈ နာရီခွဲခန့်တွင် သွားရောက် ဖြေရှင်းညှိုနှိုင်းပေးခဲ့ရသည်။
နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာမှာ မြွေပေါက်ခံရ
နေပြည်တော် လွတ်တော်အမတ်များ စည်ပင်ရိပ်သာမှာ မနေ့ညက ဦးထင်ကျော် (သုံးခွ NLDပြည်သူလွတ်
တော်အမတ် ဒေါ်စုစုလွင်၏ ခင်ပွန်း) မှာ ၄င်း၏ ဇနီးဖြစ်သူကို နေပြည်တော် လိုက်လံ ပို့ဆောင်ရာ အဆိုပါ
စည်ပင်ဧည့်ရိပ်သာအဆောင်တွင် မြွေဆိုးတစ်မျိုး အကိုက်ခံရပါသဖြင့် အခုအခါ နေပြည်တော် ဆေးရုံတွင်
တော်အမတ် ဒေါ်စုစုလွင်၏ ခင်ပွန်း) မှာ ၄င်း၏ ဇနီးဖြစ်သူကို နေပြည်တော် လိုက်လံ ပို့ဆောင်ရာ အဆိုပါ
စည်ပင်ဧည့်ရိပ်သာအဆောင်တွင် မြွေဆိုးတစ်မျိုး အကိုက်ခံရပါသဖြင့် အခုအခါ နေပြည်တော် ဆေးရုံတွင်