Pages

Monday, August 6, 2012

တတိယအကြိမ် အညတရသူရဲကောင်းဆု



တတိယအကြိမ် အညတရသူရဲကောင်းဆု


အညတရဟူသည်
ပကာသန မစွက် 
ကိုယ်ကျိုး မဖက်ဘဲ
ခက်ခဲတဲ့ လောကဓံကို
ဒေါကန်မနေပဲ
သဘောအမှန် နဲ့ တွန်းလှန်ဖယ်ရှား
အရှုံးပေးမသွားဘဲ ဇွဲနဲ့တိုက်
ခါးတောင်း မြဲမြဲကျိုက်ပြီး
အောင်ပွဲဆိုက်တဲ့အထိ
သတ္တိရှိရှိ ကိုယ်ထိလက်ရောက်
ယုံကြည်ချက်နောက်သာ
တောက်လျှောက်မကွာ
မထင်ပေါ်ရှာလဲ
လျှောက်မြဲလျှောက်ကြ
ရဲစွမ်းပြသူ အညတရလူ။


သူရဲကောင်းဟူသည်
တည်ကြည်စိတ်ထား ပြတ်ပြတ်သားနှင့်
မတရားတာကို မတရားဘူးလို့
ကျားကျားရားရား မ၀ိုးဝါးဘဲ
ပြောကြားရဲ ထောက်ပြရဲတာ သူရဲကောင်းပါ။

မမှန်တာကို မမှန်ဘူးလို့
တူးတူးခါးခါး ထူးထူးခြားခြား
ရှောင်မသွားဘဲ ပြောကြားရဲ
ထုတ်ဖေါ်ရဲတာ သူရဲကောင်းပါ။

ငါတို့ပြည်သား သူရဲကောင်းများဖြစ်ဖို့
မဆုတ်မနစ် အားမာန်သစ်နှင့်
အပြစ်ကို အပြစ်ပြော
အစစ်ကို အတုမပြော။

အဖြစ်မှန်ကို မမှောက်မလှန်
ထောက်ခံရဲသလို
အပြစ်ကိုလဲ အပြစ်အမှန်
မထောက်ခံဘဲ မှောက်လှန်ရဲရမည်။

သဘောတည်ကြည် အပြောညီညီနှင့်
တိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးအတွက်
အသက်ကိုပင်ပေးလှူ
ရဲရင့်လူကိုသာ ပြည်သူတွေရဲ့ အသဲကျော်
သူရဲကောင်းခေါ်မှာ။

မပေါ်လွင် မထင်ရှား
မကျော်ကြားလေသော
လူတောက အညတရ အပမွှား
သူရဲကောင်းများကိုလည်း
အမြင်မစောင်း အသွင်ပြောင်းလာအောင်
ရေလောင်းပျိုးထောင်ပေးကြရမည်။

ကောင်းသူဆယ် မကောင်းသူပယ်မယ့်
တင့်တယ်ရွေးကောက် စနစ်အောက်မှာ
တောက်ကြွားသူများ ပေါက်ကာပွားအောင်
တထောက်မနား အရောက်သွားခဲ့ရာ
ခုချိန်ခါမှာ အညတရသူရဲကောင်းဆု
ပြုစုလာခဲ့သည်မှာ သုံးကြိမ်သုံးခါ ရှိလာပါပြီ…။

ဂျပန်မှလူတစု 
ကောင်းမှုတွေ ဖွေရှာအု
လာလုငယ် လူသူမျှော်
တူပျော်ပျော်ဆင်ယင်နွှဲလို့
သဘင်ပွဲ ကျင်းသည့်နှယ် လင်းလှပေတယ်
ခါရက်လည် အပြန်ပြန်နွှဲ ကျင်းပသွားမှာအမြဲ။

ဒို့ပြည်ဝယ် အကြောင်းပြု
အညတရသူရဲကောင်းဆု
ပြေးလုကာအခါအခါဆွဲ ရလာကြမှာမလွဲ။

တက္ကသိုလ်ဘုန်းကြွယ် (သြဂုတ်လ ၅ရက်  ၂၀၁၂)

0 comments:

Post a Comment