Pages

Monday, August 6, 2012

ပဲခူးမြို့တွင် ပဲခူးမြစ်ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိလုနီးပါး အခြေအနေတွင်ရှိ


သြဂုတ်လ ၅ ရက်နေ့က ပဲခူးမြို့ပေါ်၌ ရေကြီးနေသဖြင့် လှေများဖြင့် သွားလာနေရစဉ်
ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ မြစ်ရေ ကြီးမှုများ ဖြစ်ပေါ်နေခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလုနီးပါးအခြေနေတွင်ရှိနေသဖြင့် ပဲခူးမြို့၊ ခေါင်းဆေးကျွန်းတွင် ရန်ကုန်-မန္တလေး အဝေးပြေး ကား လမ်းမကြီးအား ရေကျော်လုဆဲ အခြေအနေတွင် ရှိနေသည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် မြစ်ရေကြီးမှု စတင်ဖြစ်ပေါ်ချိန်မှ စတင်၍ မြစ်ရေကြီးအမှတ်ဖြစ်သည့်(၈၆၀) စင်တီမီတာအထက်တွင်သာ တည်ငြိမ်နေခဲ့သည်။ မြစ်ရေသည် စိုးရိမ်ရေအမှတ်ဖြစ်သည့်  ၉၁၀ စင် တီမီတာသို့ ရောက်ရှိခြင်းမရှိသော်လည်း ပြန်လည်ကျဆင်းခြင်းမရှိဘဲ ရေကြီးမှု ရက်ရှည်ဖြစ်ပေါ်နေသည်။ သို့သော် သြဂုတ်လ ၃ ရက်နေ့ ညနေပိုင်းမှစတင်၍ သိသာစွာ ပြန်လည်မြင့်တက်လာခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့ ည ၉း၃၀ နာရီအချိန်တွင် မြစ်ရေအမှတ် ၈၈၆ စင်တီမီတာအထိ မြင့်တက်လာခဲ့ပြီးနောက် ဆက်လက်မြင့်တက်ခဲ့ရာ သြဂုတ်လ ၄ ရက်နေ့ နံနက် ၆း၃၀ နာရီ အချိန်တွင် ၈၉၅ စင်တီမီတာ၊ ညနေ ၆း၃၀ နာရီအချိန်တွင် ၉၀၁ စင်တီမီတာနှင့် ည ၉း၃၀ နာရီအချိန်တွင် ၉၀၂ စင်တီမီတာအထိ ရောက်ရှိခဲ့သည်။
အဆိုပါမြစ်ရေအမှတ်မှာ သြဂုတ်လ ၅ ရက်နေ့ ညနေ ၅း၃၀ နာ ရီအချိန်ထိ တည်ငြိမ်နေပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၈ စင်တီမီတာသာ လိုတော့သည်။ ထို့ကြောင့် ပဲခူးမြို့၊ ခေါင်းဆေးကျွန်းတွင် ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်းမကြီးအား ရေအနည်းငယ်ကျော်နေပြီဖြစ်ပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိပါက ရေလုံးဝကျော်မည်ဖြစ်သည်။
ပဲခူးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၂ ပေသာမြင့် ပြီးပဲခူးမြို့တွင် ပဲခူးမြစ်၏ မြစ်ရေကြီးအမှတ်မှာ ၈၆၀ စင်တီမီတာ ဖြစ်ပြီး၊ စိုးရိမ်ရေအမှတ်မှာ ၉၁၀ စင်တီမီတာဖြစ်သည်။
Eleven Media Group:

0 comments:

Post a Comment