Pages

Monday, August 6, 2012

နိုင်ငံတော် အလံ၊နိုင်ငံ့ခေါင်းဆောင်ကြီး များအား စော်ကားခြင်း ကိုရပ်တန့်ပေးရန် မန္တလေး မွတ်စလင် အဖွဲ့ မှကြေညာ


မြန်မာနိုင်ငံတော်အလံနှင့် နိုင်ငံ့ခေါင်းဆောင်ကြီးများအား စော်ကားမော်ကားလုပ်ခင်းကိုရပ်တန့်ပေးပါရန် မန္တလေးမြို့ မွတ်စလင်အဖွဲ့ မှ သဘောထားကြေညာချက်တစ်ရပ် ဇူလိုင် ၃၀ ရက်နေ့ ထုတ်ပြန် ကြေညာခဲ့ကြောင်း ပေါ်ပြူလာ သတင်းဂျာနယ် တွင်ဖေါ်ပြထား သည်။

မန္တလေး အခြေစိုက် မြန်မာ မွတ်စလင်အဖွဲ့မှ ဦးမောင်မောင် က ကျွန်တော် တို့ ပြည်တွင်းမှာ အနေကြာလာခဲ့ပြီလေ။ ပဋိပက္ခမျိုးရှိတက်ပေမဲ့ လို့ ဖြစ်ကြတဲ့အခါ ညှိညှိနှိုင်းနှိုင်း ဖြေရှင်း ခဲ့တာတွေ ကြီးပါပဲ။ အခုဟာက နိုင်ငံတကာ ကပါ ပါလာနေတော့ အခုဖြစ်နေတဲ့ ပဋိပက္ခတွေ အပေါ်မှာ မြန်မာ မွတ်စလင် များရဲ သဘောထားကို ထုတ်ပြန်ကြေညာလိုက်တာပါ။  ဟု ပြောပါသည်။
မြန်မာဘာသာဖြင့် ကြေညာချက်ထုတ်ပြန်ပြီးဖြစ်သည့် အပြင် အင်္ဂလိပ်ဘာသာဖြင့် ထပ်မံ ဖြန့်ဝေသွားဦးမည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။ နိုင်ငံခြား သတင်းဌာနတွေ ကိုပါ ဖြန့်ဝေ ပေးသွားမှာပါ။ ဟု ဦးမောင်မောင် ကပြောသည်။
အဖွဲ့ဝင် ၈၀၀ ကျော် စုပေါင်းကာ ကြေညာချက်ထုတ် ပြန်ခဲ့မူတွင် ကျွန်ုပ်တို့အချင်းချင်း ဖြစ်သော ပြဿနာများ အတွက် မည်သည့် ပြည်ပ အကူအညီများမပါပဲ ကျွန်ုပ်တို့ ဖြေရှင်းနိုင် ပါကြောင်း၊ နှင့်ပြည်ပမှ ကျွန်ုပ်တို့ ၏ ပြဿနာများအတွင်း ၀င်ရောက်စွက်ဖက်မှုရှိလာသည့်အခါ အစ္စလာမ် ဘာသာဝင်များ အတွက်ပိုခက်ခဲ သော အခြေအနေ များကိုသာ ဖြစ်ပေါ်စေ ခဲ့ကြောင်း ထည့်သွင်းဖေါ်ပြထားသည်။
နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော အစ္စလာမ် ဘာသာဝင် များအတွက် စစ်မှန်သော အကူအညီများပေးလိုပါက နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင် သော အစိုးရ အဖွဲ့နှင့် လိုအပ်သော ရုပ်ဝထ္တုပစ္စည်းအကူအညီများ၊ ငွေရေးကြေးရေး အကူအညီများ နည်းပညာ အကူအညီ များ ပေးရန်သာ အကြောင်းရှိသည် ဟုလည်းဖေါ်ပြပါရှိသည်။
ယခု လုပ်ဆောင်နေသော မြန်မာနိုင်ငံ၏ အကျိုးစီးပွားများအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခြင်းသည် မည်သည့် အကျိုးတရားကိုမျှ ရရှိမည်မဟုတ်ပဲ ပြည်တွင်းမှ အစ္စလာမ် ဘာသာဝင် များအတွက် ပိုမိုခက်ခဲ ကျပ်တည်း သော အခြေအနေတစ်ရပ်သို့ တွန်းပို့ပေးနေသလိုဖြစ်မည် ကို သတိချပ်သင့် ပါကြောင်း နှင့်အီရန် နိုင်ငံအနေနှင့် မြန်မာနိုင်ငံအပေါ် ကုလသမဂ တပ်များစေလွှတ်ရန် တိုက်တွန်း နေမည့် အစား အခြေအနေ ပိုမိုဆိုးရွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သသင့်ကြောင်း ၊ တာလီဘန် အဖွဲ့အနေ နှင့် လည်း မြန်မာနိုင် ငံသူနိုင်ငံသားများ ၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွား များ၊ သံတမန် များ ၊အစိုးရအဖွဲ့ဝင်များ ကို ခြိမ်းခြောက် ပိုင်ခွင့်မရှိပါကြောင်း၊ နှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွား ကိုထိခိုက်လာပါက ကျွန်ုပ်တို့ ကလည်း အသက်ပေးကာ ကာကွယ် တိုက်ခိုက် သွားမည် ဖြစ်ပါကြောင်း၊ ကြေညာချက် ထုတ်ပြန်ထားသည်။
muslimtime(wordpress)

0 comments:

Post a Comment