Pages

Monday, August 6, 2012

အမေရိကန်သမ္မတ အိုဘားမား၏ ရမသွာန် စကားသ၀ဏ် (၂၀၁၂)


အမေရိကန်သမ္မတ အိုဘာမားသည် အမေရိကန်နှင့် ကမ္ဘာတစ်ဝှမ်းမှာ ရှိနေကြသော အစ္စလာမ်ဘာသာဝင်များအား နှစ်စဉ် ရမသွာန် စကားသ၀ဏ်ပြောလေ့ရှိပါသည်။ ထို့ပြင် အမေရိကန် မွတ်စလင် ထူးချွန်သူများ၊ အိမ်ဖြူတော် မွတ်စလင် ၀န်ထမ်းများနှင့်အတူ ရမသွာန် အိဖ်သွာရ်ကိုလဲ ဆင်နွဲလေ့ရှိပါသည်။ 

ယခုနှစ် ၂၀၁၂ ရမသွာန် မှာ အမေရိကန် နှင့် ကမ္ဘာမွတ်စလင် ထုအတွက် ရမသွာန် သတင်းသ၀ဏ်ကို အိမ်ဖြူတော်ကနေ ပြောကြားခဲ့သည်။ အိုဘာမား ၏ ရမသွာန် စကားသ၀ဏ်ကို မွတ်စလင် သတင်းစဉ် စာချစ် သူများအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါသည်။
ကျွန်ုပ်နဲ့ မီချယ်(အိုဘားမားဇနီး)နဲ့အတူ အမေရိကန် ပြည်သူတွေ ကိုယ်စား ကမ္ဘာတစ်ခွင် မှာ ရှိကြတဲ့  အမေရိကန်မှာ ရှိကြတဲ့ မွတ်စလင်တွေ ကို ရမသွာန် လအစမှာ နွေးထွေးစွာနဲ့ နှုတ်ခွန်းဆက်စကား လိုက်ပါတယ်။ မွတ်စလင်တွေ အတွက် ရမသွာန် လဟာ ဥပုသ်သီလစောင့်ထိန်းခြင်း၊ ဆွလာသ် ၀တ်ပြုခြင်း နဲ့ ကြည်နူးပျော်ရွှင်မှုတွေ  ဖြစ်ပါတယ်။ ဒီလဟာ မိသားစု ၊ သူငယချင်းမိတ်ဆွေ ၊ အိမ်နီးချင်း တွေနဲ့ အကူအညီလိုသူတွေကို ကူညီပေးတဲ့အချိန်ပါပဲ ။
ဒီမိုကရေစီ ၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် ၊ မိမိတို့ရဲ့ အခွင့်အရေးတွေ အတွက် ရုန်းကန်ခဲ့ကြတဲ့ အရှေ့အလယ်ပိုင်း ၊ မြောက်အာဖရိက နိုင်ငံတွေက နိုင်ငံသားတွေအတွက် ဒီနှစ်ရမသွာန်က အလွန်အဓိပ္ပါယ်ရှိနေပါတယ်။ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှု ၊ ပဋိပက္ခ နှင့်ကြောက်ရွှံ့မှုများကနေ လွတ်ကင်းစွာ အသက်ရှင်နေထိုင်ရေး နဲ့ မိမိကိုယ်ပိုင်ပြဠာန်းခွင့်တို့အတွက် ရုန်းကန်သူတွေ ဘက်မှာ အမေရိကန်ပြည်ထောင်စုက ဆက်လက်ရပ်တည်ပေးသွားမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အစ္စလာမ်ဟာ အမေရိကန်ရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာ ဒီ ရမသွာန်လ က မိမိတို့ကို သတိ ရစေပါတယ်။ ပြည်သူ့ဝန်ဆောင်မှုတွေကနေ စီးပွားရေးလုပ်ငန်းတွေ၊ ကျန်းမာရေးဝန်ဆောင်မှုကနေ သိပ္ပံ အနုပညာ ရပ်နယ်ပယ်တွေကနေ မိမိတို့တိုင်းပြည် ပိုမိုဖွံ့ဖြိုးအောင် ၊ မိမိတို့ ဘ၀ ပိုမိုကြွယ်ဝအောင် အမေရိကန် မွတ်စလင်တွေ ပါဝင်ကူညီပေးနေပါတယ်။
ရမသွာန်ဟာ သန်းပေါင်း ၁၅၀၀ကျော်ရှိတဲ့ မွတ်စလင်တွေအတွက် အဓိပ္ပာယ် ရှိသကဲ့သို့ ဘာသာရေး ယုံကြည်ချက် အားလုံးရဲ့ဘုံလူသားဆန်မှု နှင့် တရားမျှတမှု၊ သာတူညီမျှခြင်း၊ မေတ္တာတရား  တို့ကို နှိုးဆော်ပေးပါတယ်။ အဲဒီ အနှစ်သာရတွေနဲ့ အမေရိကန်နဲ့ ကမ္ဘာတစ်ခွင်က မွတ်စလင်တွေအားလုံး မင်္ဂလာရှိတဲ့ ရမသွာန်လဖြစ်ပါစေလို့ ကျွန်ုပ် ဆုတောင်းပါတယ်။ ဒီအိမ်ဖြူတော်မှာ အိဖ်သွာရ် ၀ါဖြေပွဲ ကျင်းပနိုင်မယ် လို့ မျှော်လင့်ပါတယ်။  ရမသွာန်ကရီမ်းပါ
muslimtime(wordpress)

0 comments:

Post a Comment