Pages

Monday, August 6, 2012

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်မှာ ဒေသခံရခိုင်တိုင်းရင်းသား တွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ တွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးအပြန်အလှန်နေအိမ်မီးရှို့မှုတွေ ဖြစ်ပေါ်

Photo: ကျောက်တော်မြိုနယ် ဆူပူမှု လူသေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မိုင် (၈၀)ကျော်ကွာဝေးတဲ့ ကျောက်တော်မြို့နယ်က မွတ်စလင်အိမ်ခြေအများဆုံးရှိတဲ့ ကျေးရွာ (၃)ရွာ မနေ့က မီးရှို့ခံခဲ့ရပြီး သေဆုံးသူတချို့ရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေအကြား မနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၃ ဦး နဲ့ ဒါဏ်ရာရသူ ၅ ဦးရှိတယ်လို့ အမည်မဖေါ်လိုတဲ့ အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဒီကနေ့ ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဒဏ်ရာရသူ (၂)ဦးရှိပြီး အသေအပျောက်စာရင်းကို မရရှိသေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။ 

ကျောက်တော်မြို့နယ် အပေါက်ဝ၊ ဂုတ်ဘီထောင့်၊ ရွှေလှိုင်နဲ့ တောင်ပေါက် စတဲ့ကျေးရွာတွေမှာမနေ့ကသြဂုတ်လ(၅)ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး ဒေသခံရခိုင်တိုင်းရင်းသား တွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ တွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးအပြန်အလှန်နေအိမ်မီးရှို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

 ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ  ဂျင်ကလိတွေ၊ လေးဂွ တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်ရာကနေ စတင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က နေ့လည်(၁)နာရီခန့်မှာ အဲဒီလိုနေအိမ်မီးရှို့မှုတွေကြောင့် အိမ်ခြေ(၁၀၀)ခန့်ရှိတဲ့ ကျောက်တော်မြို့နယ်ဂုတ်ဘီထောင်ကျေးရွာမှာလည်းနေအိမ် (၅၃)လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံး သွားတယ်လို့ ဂုတ်ဘီထောင်ကျေးရွာသားတစ်ဦးဖြစ်သူ ကိုမျိုးထွန်းလှိုင်က RFA ကိုပြောပါတယ်။

ဒါ့အပြင် မနေ့က နေ့လည်(၂)နာရီခန့်အချိန်က အိမ်ခြေ(၁၀၀၀)ကျော်ခန့်ရှိတဲ့ အပေါက်ဝ ကျေးရွာမှာ ရခိုင်နဲ့ ဘင်္ဂါလီနေအိမ် (၂၅)အိမ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ရွှေလှိုင်ကျေးရွာမှာ အိမ်ခြေ (၁၀၆)လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

အခုလို ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီမူဆလင်တွေ ပဋိပက္ခတွေအပြန်အလှန် ဖြစ်ပွားနေတဲ့အချိန်မှာ အပေါက်ဝကျေးရွာမှာတော့ အာဏာပိုင်တွေနဲ့ စစ်တပ်က အချိန်မီထိန်းသိမ်း ခဲ့ပေမယ့် ဂုတ်ဘီထောင်ကျေးရွာမှာတော့ အာဏာပိုင်တွေက အခင်းဖြစ်ပြီး (၃)နာရီလောက်အကွာမှာ ရောက်ရှိလာတဲ့အတွက် မီးလောင်ဆုံးရှုံးမှု ပိုမိုများပြားခဲ့တယ်လို့သိရပါတယ်။          

ဒီကနေ့မှာတော့ ကျောက်တော်မြို့မှာ အခြေအနေတွေ တင်းမာလျှက်ရှိနေပြီး လုံခြုံရေး တွေကို တင်းကျပ်စွာချထားတယ်လို့ သိရပါတယ်။


RFA (Burmese)

0 comments:

Post a Comment