Pages

Monday, August 6, 2012

စာပေစိစစ်ရေးကို ဂျာနယ်တွေ ဆန္ဒပြ တဲ့အနေနဲ့ ဂျာနယ်မျက်နှာဖုံး တွေကို အမည်းရောင်သက်သက်နဲ့ ဒီကနေ့ ထုတ်ဝေဖြန့်ချီ

Photo: စာပေစိစစ်ရေးကို ဂျာနယ်တွေ ဆန္ဒပြ 
သတင်းလွတ်လပ်ခွင့်ကော်မတီရဲ့လှုပ်ရှားမှု သတင်းတွေကို ပြည်တွင်းထုတ်ဂျာနယ်တွေမှာမဖော်ပြ ကြဖို့စာပေစိစစ်ရေးကပိတ်ပင်လိုက်တဲ့အတွက် သတင်းဂျာနယ်၂ စောင်က သူတို့ဂျာနယ်မျက်နှာဖုံး တွေကို အမည်းရောင်သက်သက်နဲ့ ဒီကနေ့ ထုတ်ဝေဖြန့်ချီပြီး ဆန္ဒထုတ်ဖော်လိုက်ပါတယ်။ 

The Messenger ဂျာနယ်က မျက်နှာဖုံးကိုအမည်းရောင်တွေနဲ့ ခြယ်သပြီး The Nation ဂျာနယ်ကမျက်နှာဖုံးမှာ ရောင်စုံ မသုံးတော့ဘဲ အမည်းနဲ့အဖြူနှစ်မျိုးနဲ့ပဲပုံနှိပ်ဖော်ပြခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်မရှိကြောင်း ဆန္ဒထုတ်ဖော်လိုက်ကြတယ်လို့သိရပါတယ်။ 

The Express Time ဂျာနယ်ကတော့ ပုံနှိပ်ဖော်ပြဖို့ ခွင့်ပြုချက်မရတဲ့ သတင်းလွတ်လပ်ခွင့်လှုပ်ရှားမှု ဓာတ်ပုံတွေကို မျက်နှာဖုံးမှာဖော်ပြပုံနှိပ်ခဲ့ပါတယ်။

နိုင်ငံသားတယောက်ရဲ့ရပိုင်ခွင့်နဲ့ လွတ်လပ်စွာရေးသားဖော်ပြခွင့်ရှိကြောင်းစာဖတ်သူတွေကို သတင်းပေးချင်တဲ့အတွက် ဂျာနယ်အဖုံးကို အနက်ရောင်ချယ်ထုတ်ဝေရခြင်းဖြစ်တယ်လို့ The Messanger ဂျာနယ်ရဲ့အယ်ဒီတာချုပ် ဦးသူရက RFA ကိုပြောပါတယ်။

ဂျာနယ်တွေက စာပေစိစစ်ရေးနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားပေမယ့် စာပေစိစစ်ရေးကပူးပေါင်း ဆောင်ရွက်မှုမရှိတဲ့အတွက် ဂျာနယ်အဖုံးကို အဖြူအမည်းနဲ့ပဲရိုက်နှိပ်ထုတ်ဝေပြီးဆန္ဒထုတ်ဖော် ခဲ့တာဖြစ်တယ်လို့ The Nation ဂျာနယ်ရဲ့အယ်ဒီတာချုပ် ကိုသက်ဇင်က RFA ကိုပြောပါတယ်။

အခုနောက်ဆုံးရရှိတဲ့သတင်းအရ ပြီးခဲ့တဲ့တပါတ်က စာပေစိစစ်ရေးရဲ့အရေးယူပိတ်ပင်ခြင်းခံခဲ့ရတဲ့ The Voice Weekly နဲ့ Envoy ဂျာနယ်နှစ်စောင်ကို စာပေစိစစ်ရေးက ဒီကနေ့နေ့လည်မှာခေါ်ယူပြီး ပြန်လည်ထုတ်ဝေခွင့်ပြုမယ်လို့အသိပေးလိုက်ကြောင်းသိရပါတယ်။

The Voice Weekly ဂျာနယ်ဟာ စာပေစိစစ်ရေးရဲ့အရေးယူမှုကြောင့် နှစ်ပါတ်ယာယီရပ်နားခဲ့ရတယ် လို့ သိရပါတယ်။


ဘဲ အမည်းနဲ့အဖြူနှစ်မျိုးနဲ့ပဲပုံနှိပ်ဖော်ပြခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်မရှိကြောင်း ဆန္ဒထုတ်ဖော်လိုက်ကြတယ်လို့သိရပါတယ်။

0 comments:

Post a Comment