Pages

Sunday, August 31, 2014

အွန်လိုင်းဗီဇာစနစ်ကို ခွင့်ပြုထားသည့် ၄၁နိုင်ငံအပြင် ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် ချိတ်ဆက်လျက်ရှိသည့်နိုင်ငံများကိုပါပေးရန် စီစဉ်

RangonNewsDaily:: August . 31 .2014
လက်ရှိတွင် ခွင့်ပြုထားသည့် အွန်လိုင်းဗီဇာ (e-visa) စနစ်ကို စက်တင်ဘာ ၁ရက်မှ စတင်ကာ နိုင်ငံပေါင်း ၄၁နိုင်ငံကို ခွင့်ပြုသွားမည်ဖြစ်ကာ မြန်မာနိုင်ငံ နှင့် စီးပွားရေးလုပ်ငန်းများချိတ်ဆက် လျက်ရှိသည့်နိုင်ငံများကိုပါ တိုးချဲ့ခွင့်ပြု သွားရန် စီစဉ်နေကြောင်း ခရီးသွား လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
အဆိုပါ e-visa စနစ်သည် နိုင်ငံ တကာမှ ကျင့်သုံးနေသော ICAO မူအရ တစ်ကမ္ဘာလုံးတွင် အင်တာ နက်အသုံးပြုနိုင်သောနေရာမှန်သမျှ က တိုက်ရိုက်လှမ်းလျှောက်ထားနိုင် သည့်စနစ်ဖြစ်ပြီး လက်ရှိခွင့်ပြုထား သည့်နိုင်ငံများတွင် အင်္ဂလန်၊ ဆွစ် ဇာလန်၊ ဂျာမနီ အစရှိသည့်နိုင်ငံများ ပါဝင်ကာ မကြာမီကာလအတွင်း တ ခြားနိုင်ငံများကိုပါ တိုးချဲ့ခွင့်ပြုနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦး ကျော်မင်းထင်က ''e-visa စနစ်စစ ပေးချင်းမှာတော့ ၄၁နိုင်ငံကိုပဲစပေး သွားမှာပါ။ ဒီထဲမှာသံရုံးမရှိတဲ့နိုင်ငံ တွေကိုလဲ အလွယ်တကူ လျှောက် ထားလို့ရနိုင်အောင် စီစဉ်ပေးထား တယ်။ နောက်ပိုင်းတခြားနိုင်ငံတွေပါ ပေးသွားနိုင်အောင် ဆက်လက်တိုးချဲ့ ပေးသွားဖို့စီစဉ်နေတာတွေရှိတယ်''ဟု ပြောသည်။

အဆိုပါ e-visa စနစ်လျှောက် ထားကြေးကို အမေရိကန်ဒေါ်လာ ၅ဝ သတ်မှတ်ထားပြီး အွန်လိုင်းမှ တိုက်ရိုက်ပေးသွင်းရမည်ဖြစ်ကာ ယင်းစနစ်အား ဝက်ဘ်ဆိုက်ထဲမှ Application Form (လျှောက်လွှာ) တွင် လိုအပ်သည့်အချက်အလက်များ ပြည့်စုံစွာဖြည့်သွင်း၍ လျှောက်ထား နိုင်ကာ ယင်းလျှောက်လွှာလက်ခံမှုရှိ မရှိကို တစ်နာရီအတွင်း အကြောင်း ကြားစာ ပြန်လည်ပေးပို့မည်ဖြစ်သည် ဟု သိရသည်။

ယင်း e-visa စနစ် စတင်ပေး လာသည်နှင့်တစ်ပြိုင်နက် ခရီးသွား ဝင်ရောက်မှုကြန့်ကြာခြင်းများနှင့် သံရုံးမရှိသော နိုင်ငံများမှ နိုင်ငံခြား ခရီးသွားများအတွက် ပိုမိုအထောက် အကူပြုလာနိုင်ရုံသာမက အာဆီယံ ဒေသတွင်းအိမ်နီးချင်းနိုင်ငံများမှ ရက် အပိုင်းအခြားဖြင့် လာရောက်ကြမည့် သူများ ပိုမိုဝင်ရောက်လာနိုင်သော ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ''နောက်ပိုင်း e-visa ကျယ်ကျယ်ပြန့် ပြန့်ပေးလာနိုင်ရင် ပိုကောင်းတာပေါ့။ လာမယ့်ခရီးသွားရာသီမှာလဲ ခရီး သည်တွေ အများအပြားဝင်လာမယ် လို့လဲ မှန်းထားတယ်။ ဒီစနစ်ကလဲ အများကြီး အထောက်အကူပြုစေ မှာပါ''ဟု ပြောသည်။

e-visa နှင့်ပတ်သက်သည့်အ ချက်အလက်များကို တတတ.ာပညေ-ာမေလငျေ.ါသလ.ာာ တွင်ဝင်ရောက် လျှောက်ထားနိုင်ပြီး ကန့်သတ်နယ် မြေများသို့ သွားလာခွင့်နှင့်ပတ်သက် ၍ သတ်မှတ်ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရမည့်အ ချက်များကို တတတ.ာငစ.ါသလ.ာာ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ယင်း e-visa ကို စက်တင်ဘာ ၁ရက် နံနက် ၆နာရီမှစတင်၍ခွင့်ပြု မည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်သက် တမ်း ခြောက်လရှိရမည်ဟုသတ်မှတ် ထားကြောင်း သိရသည်။

၂ဝ၁၃ခုနှစ်တွင် ပြည်ပခရီးသွား ဧည့်သည် ၂ဒသမဝ၄၄သန်း ဝင် ရောက်ခဲ့ပြီး ၂ဝ၁၄ခုနှစ်တွင် ပြည်ပ ဧည့်သည် သုံးသန်းခန့်ဝင်ရောက်မည် ဟု မျှော်မှန်းထားသည်။

Democracytoday , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment