Pages

Monday, August 6, 2012

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ မြန်မာနိုင်ငံအထက်ပိုင်းနဲ့ ရှမ်းပြည်နယ် ခရီးစဉ်ကို ဒီကနေ့စတင်

Photo: ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မြန်မာနိုင်ငံအထက်ပိုင်းနဲ့ ရှမ်းပြည်နယ် ခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ကြပါတယ်။ ဒီခရီးစဉ်ဟာ သီတင်း (၂) ပတ်ကြာမြင့်မှာဖြစ်ပြီး ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ခေါင်းဆောင်မှု ဆိုင်ရာ သင်တန်းပို့ချရေးခရီးစဉ်အဖြစ်သွားရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။၊ 

(၈၈) မျိုးဆက်ကျောင်းသားတွေနဲ့အတူ ဗကသ ကျောင်းသားခေါင်းဆောင်တွေနဲ့ တခြား အဖွဲ့အစည်း အသီးသီးက စုစုပေါင်း လူ (၆၀) လောက် လိုက်ပါသွားတယ်လို့ (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုပြုံးချိုက RFA ကို ပြောပါတယ်။

(၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ မန္တလေးမြို့မှာ ကျင်းပမယ့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ကြမယ်လို့ သိရပါတယ်။ 

ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ် အဖြစ်သွားရောက်မယ့် မြို့တွေကတော့ မြစ်သား၊ မုံရွာ၊ ရေစကြို၊ ပခုက္ကူ၊ မြိုင်၊ ညောင်ဦး၊ ပုဂံနဲ့ ကျောက်ပန်းတောင်းမြို့တွေကို သွားရောက်မှာ ဖြစ်ပြီး၊ ခေါင်းဆောင်မှုသင်တန်းပို့ချရေးခရီးစဉ်အဖြစ် ရှမ်းပြည်နယ် နောင်ခမ်းမြို့ကို သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

(ဓါတ်ပုံ ၈၈ မျိုးဆက် ကျောင်းသားများ)
(ဓါတ်ပုံ ၈၈ မျိုးဆက် ကျောင်းသားများ)

0 comments:

Post a Comment