Pages

Monday, August 6, 2012

အဆ ၁၀၀ ပိုမြန်သည့် အင်တာနက်ကွန်ရက်ကို Google မိတ်ဆက်



နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Google က broadband အင်တာနက်ချိတ်ဆက်မှုများထက် အဆ ၁၀၀ ပိုမို လျင်မြန်သည့် အင်တာနက်ကွန်ရက်သစ်ကို အမေရိကန်နိုင်ငံရှိ Kansas နှင့် Missouri ပြည်နယ်နှစ်ခုအတွက် မိတ်ဆက်ပေးခဲ့ ကြောင်း သိရသည်။ 

Google Fiber ဟုခေါ်သည့် အလွန်လျင်မြန်သော အဆိုပါ gigabit အင်တာနက်ဝန်ဆောင်မှုကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၇၀ ဖြင့်လည်းကောင်း အင်တာနက်နှင့် တီဗွီဝန်ဆောင်မှုအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၂၀ ဖြင့်လည်းကောင်း ဝယ်ယူအသုံးပြု နိုင်မည်ဖြစ်သည်။ 
Google Fiber ဟုခေါ်သော အင်တာနက်ကွန်ရက်သစ်၏အမြန်နှုန်းသည် တစ်စက္ကန့်လျှင် 1 gigabit ရှိပြီး ရှည်လျားသည် ရုပ်ရှင်ကို download ပြုလုပ်ခြင်းနှင့် 3-D ဆေးကုသမှုဓာတ်ပုံများကိုပေးပို့ခြင်းတို့အတွက် မိနစ်အနည်းငယ်ဖြင့် ပြုလုပ်နိုင်ကြောင်း Google မှပြောကြားခဲ့သည်။


တီဗွီဝန်ဆောင်မှုတွင် အဝေးထိန်း ခလုတ်ပါဝင်သည့် Nexus 7 tablet တစ်လုံးပါဝင် ကြောင်းသိရသည်။

Google ကုမ္ပဏီသည် Google Fiber ဝန်ဆောင်မှုကို Missouri ပြည်နယ်ရှိ Kansas City နှင့် Kansas ပြည်နယ်ရှိ Kansas City တို့တွင် နေထိုင်သူများအတွက်ခွဲဝေပေးမည်ဖြစ်ပြီး အဆိုပါဒေသများတွင်နေ ထိုင်သူများအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀ စရန်ပေးသွင်းကာ မှတ်ပုံတင်ထားနိုင်ကြောင်း သိရသည်။


လက်ရှိတွင် Kansas ပြည်နယ် Kansas City နှင့် Missouri ပြည်နယ် Kansas City တို့တွင်သာအသုံးပြု နိုင်သေးသည့် အထက်ပါဝန်ဆောင်မှုကို Missouri ပြညန်နယ် Kansas City မြောက်ဘက်ပိုင်းနှင့် တောင် ဘက်ပိုင်းတို့တွင် တိုးချဲ့ပေးသွားဖွယ်ရှိကြောင်း Google မှပြောကြားခဲ့သည်။ သို့ရာတွင် ဝန်ဆောင်မှုပေးမည့် အချိန်ကိုမူ ကုမ္ပဏီမှပြောကြားခဲ့ခြင်းမရှိချေ။


Myanmar 1

0 comments:

Post a Comment