Monday, July 2, 2012
အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲများကို အဓိက စပွန်ဆာပေးထားသည့် အင်္ဂလန်အခြေစိုက် နာမည်ကျော် ဘာကလေဘဏ်လုပ်ငန်းအုပ်စု ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်သွားပြီ
ဗြိတိန်နိုင်ငံ အင်္ဂလန်အခြေစိုက် နာမည်ကျော် ဘာကလေဘဏ်လုပ်ငန်းအုပ်စု (Barclays) ၏ ဥက္ကဋ္ဌဖြစ်သူ မားကပ်စ် အေဂျီးယပ်စ် (Marcus Agius) သည် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း ဘာကလေက ယနေ့ ကြေညာချက်ထုတ်ပြန်သည်။
iPad အမည်မူပိုင်ခွင့်နှင့် ပတ်သက်၍ Apple က တရုတ်နိုင်ငံပိုင် Shenzhen Proview Technology အား အမေရိကန်ဒေါ်လာ သန်း ၆၀ ပေးအပ်သွားမည်ဟုဆို
တရုတ်နိုင်ငံတွင် iPad အမည်မူပိုင်ခွင့်နှင့် ပတ်သက်၍ အမှုရင်ဆိုင်နေရမှုအား ကျေအေးရုပ်သိမ်းပေးရန် Shenzhen Proview Technology အား Apple က အမေရိကန်ဒေါ်လာ သန်း ၆၀ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ လယ်မြေ အသိမ်းခံထားရတဲ့ လယ်သမားတွေဟာ ရန်ကုန်တိုင်း မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးရှေ့မှာ ဒီနေ့ မနက် ၁ဝ နာရီကစပြီး ဆန္ဒပြ နေ
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ လယ်မြေ အသိမ်းခံထားရတဲ့ လယ်သမားတွေဟာ ရန်ကုန်တိုင်း မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးရှေ့မှာ ဒီကနေ့ မနက် ၁ဝ နာရီကစပြီး ဆန္ဒပြ နေကြပါတယ်။
ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ အကူအညီပေးမည်
ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ အကူအညီပေးရေး ခရီးစတင်မယ်လို့ သိရပါတယ်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် (ပဲခူး ) အား မြန်မာနိုင်ငံ၏ အကြီးဆုံးလေဆိပ်အဖြစ်တည်ဆောက်မည်
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် (ပဲခူး ) အားမြန်မာနိုင်ငံ၏ အကြီးဆုံးလေဆိပ်အဖြစ် ပြည်တွင်းပြည်ပ
ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်တည်ဆောက်သွားမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်တည်ဆောက်သွားမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရန်ကုန်မြို့တွင်းပြေးဆွဲရန် စီးတီးဘတ်စ်အစီးရေ(၃၀၀၀)ကျော် ဂျပန်မှ တင်သွင်းမည်
ရန်ကုန်မြို့အတွင်းပြေးဆွဲနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ စီးတီးဘတ်စ်အစီးရေ သုံးထောင်ကျော်ကို တင်သွင်း တော့မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဆိုသည်။
တက္ကစီကားတင်သွင်းရန် စိတ်ဝင်စားသူနည်းပါးလျက်
ပြည်ပမှကားများတင်သွင်းကြရာတွင် လွတ်လပ်စွာတင်သွင်းခွင့်ပြုထားသော်လည်း အများစုမှာ အိမ်စီးကားများသာ တင်သွင်းကြပြီး တက္ကစီကား တင်သွင်းရန် စိတ်ဝင်စားသူနည်းပါးနေသေးကြောင်း ကားအကျိုးဆောင်များထံက သိရှိ ရသည်။
တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် အစည်းအဝေးကြီးကို ၂၀၁၅ မတိုင်မီ နေပြည်တော်၌ ကျင်းပသွားမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းပြောကြား
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းလျက်ရှိပြီး ၂၀၁၅ ခုနှစ်မတိုင်မီ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် အစည်းအဝေးကြီးကို နေပြည်တော်၌ ကျင်းပသွားမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
စာရင်းပြခြင်းထက် စိတ်ကခံစားပြီး စိတ်ရှင်းရှင်းဖြင့် လုပ်ခြင်းက ပိုပြီးတန်ဖိုးရှိကြောင်း ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ဖြေကြား
ပြည်ထောင်စုဝန်ကြီးများ ပိုင်ဆိုင်မှုများ ကြေညာပြီးမှ အများပြည်သူအပေါ် အကျိုးဆောင်ရွက်သွားမည်အဆင့်အထိ စီစဉ်ထားမှု ရှိမရှိမေးမြန်းချက်အပေါ်စက်မှုဝန
ဇူလိုင်လ ၃ ရက်တွင် အမျိုးသမီးသီးသန့်ယာဉ်လိုင်းများကို အခမဲ့ စီးနင်းခွင့်ပြု မည်
အမျိုးသမီးသီးသန့်ယဉ်လိုင်းကိုတွေ့ရစဉ် |
အမျိုးသမီးသီးသန့်ယာဉ်လိုင်းများကို ဇူလိုင်လ ၃ ရက်တွင် အခမဲ့ စီးနင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းသည် ဇူလိုင်လ ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးနေ့ကို ဂုဏ်ပြုသောအားဖြင့် စီးနင်းခွင့် ပြုခြင်းဖြစ်ကြောင်းသိရသည်။
၎င်းသည် ဇူလိုင်လ ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးနေ့ကို ဂုဏ်ပြုသောအားဖြင့် စီးနင်းခွင့် ပြုခြင်းဖြစ်ကြောင်းသိရသည်။