Pages

Monday, July 2, 2012

iPad အမည်မူပိုင်ခွင့်နှင့် ပတ်သက်၍ Apple က တရုတ်နိုင်ငံပိုင် Shenzhen Proview Technology အား အမေရိကန်ဒေါ်လာ သန်း ၆၀ ပေးအပ်သွားမည်ဟုဆို


Photo: တရုတ်နိုင်ငံတွင် iPad အမည်မူပိုင်ခွင့်နှင့် ပတ်သက်၍ အမှုရင်ဆိုင်နေရမှုအား ကျေအေးရုပ်သိမ်းပေးရန် Shenzhen Proview Technology အား Apple က အမေရိကန်ဒေါ်လာ သန်း ၆၀ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 
Apple က တရုတ်နိုင်ငံမှ ဂွမ်ဒေါင်းတရားရုံးချုပ်သို့ အမေရိကန်ဒေါ်လာ သန်း ၆၀ နှင့်အတူ ကြားဝင် ဖျန်ဖြေပေးရန် မေတ္တာရပ်ခံစာကိုလည်း ပေးပို့ခဲ့သည်။ တရားရုံးက အမေရိကန်ဒေါ်လာ သန်း ၆၀ အား Shenzhen Proview Technology သို့ တရားရုံး လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးသွားမည် ဖြစ်သည်။
ယခုဖြစ်ပွားနေသည့် အမှုကိစ္စ ညှိနှိုင်းပြေလည်သွားမှုကြောင့် Apple အနေဖြင့် ၎င်း၏ထုတ်ကုန် iPad များကို အရေးပါသည့် တရုတ်ဈေးကွက်တွင် အဆင်ပြေပြေ ရောင်းချခွင့်ရရှိလာမည်ဖြစ်ကြောင်း သုံးသပ်ကြသည်။

တရုတ်နိုင်ငံတွင် iPad အမည်မူပိုင်ခွင့်နှင့် ပတ်သက်၍ အမှုရင်ဆိုင်နေရမှုအား ကျေအေးရုပ်သိမ်းပေးရန် Shenzhen Proview Technology အား Apple က အမေရိကန်ဒေါ်လာ သန်း ၆၀ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Apple က တရုတ်နိုင်ငံမှ ဂွမ်ဒေါင်းတရားရုံးချုပ်သို့ အမေရိကန်ဒေါ်လာ သန်း ၆၀ နှင့်အတူ ကြားဝင် ဖျန်ဖြေပေးရန် မေတ္တာရပ်ခံစာကိုလည်း ပေးပို့ခဲ့သည်။ တရားရုံးက အမေရိကန်ဒေါ်လာ သန်း ၆၀ အား Shenzhen Proview Technology သို့ တရားရုံး လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးသွားမည် ဖြစ်သည်။

ယခုဖြစ်ပွားနေသည့် အမှုကိစ္စ ညှိနှိုင်းပြေလည်သွားမှုကြောင့် Apple အနေဖြင့် ၎င်း၏ထုတ်ကုန် iPad များကို အရေးပါသည့် တရုတ်ဈေးကွက်တွင် အဆင်ပြေပြေ ရောင်းချခွင့်ရရှိလာမည်ဖြစ်ကြောင်း သုံးသပ်ကြသည်။
Ref: Planet Myanmar Network:

0 comments:

Post a Comment