Pages

Monday, July 2, 2012

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ လယ်မြေ အသိမ်းခံထားရတဲ့ လယ်သမားတွေဟာ ရန်ကုန်တိုင်း မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးရှေ့မှာ ဒီနေ့ မနက် ၁ဝ နာရီကစပြီး ဆန္ဒပြ နေ


Photo: ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ လယ်မြေ အသိမ်းခံထားရတဲ့ လယ်သမားတွေဟာ ရန်ကုန်တိုင်း မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးရှေ့မှာ ဒီကနေ့ မနက် ၁ဝ နာရီကစပြီး ဆန္ဒပြ နေကြပါတယ်။ 

လှိုင်သာယာ မြို့နယ် အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကြီးနဲ့ ကျွန်းကလေး ကျေးရွာ ၄ ရွာက လယ်သမား (၆၁) ဦးကို ကိုယ်စားပြုတဲ့ လယ်သမား ၁၈ ဦးက ဆန္ဒပြနေကြတာပါ။ 

လယ် ဧက ၆ ရာနီးပါး အသိမ်းခံထားရ တာနဲ့ ပတ်သက်လို့ တာဝန်ယူ
 ဖြေရှင်းပေးဖို့ လယ်သမားတွေဘက်က တောင်းဆို ထားပြီး တစုံတရာ တုန့်ပြန်မှု မရမချင်း မထတမ်း ဆန္ဒပြကြမယ်လို့ ပြောပါတယ်။

 သူတို့ လုပ်ကိုင်နေတဲ့ လယ်ဧက ၆ ရာ နီးပါးကို အနော်ရထာ စက်မှုဇုန် တည်ဆောက်ရေး ဆိုပြီး မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ ဝါဝါဝင်း ကုမ္ပဏီတို့က ၁၉၉၄ ခုနှစ်ကတည်းက သိမ်းယူထားခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့အတွက် ပြီးခဲ့တဲ့ မေလ ကုန်ကတည်းက
 တောင်းဆို ဆန္ဒပြခဲ့တာ ၄ ကြိမ် ရှိခဲ့ပြီဖြစ်ပေမယ် တစုံတရာ တုန့်ပြန်ဖြေရှင်းတာ မရှိတဲ့အတွက် ဒီကနေ့ မထတမ်း ဆန္ဒပြနေကြတာပါ။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ လယ်မြေ အသိမ်းခံထားရတဲ့ လယ်သမားတွေဟာ ရန်ကုန်တိုင်း မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးရှေ့မှာ ဒီကနေ့ မနက် ၁ဝ နာရီကစပြီး ဆန္ဒပြ နေကြပါတယ်။ 

လှိုင်သာယာ မြို့နယ် အတွင်းပဒံ၊ အပြင်ပဒံ၊ ကျွန်းကြီးနဲ့ ကျွန်းကလေး ကျေးရွာ ၄ ရွာက လယ်သမား (၆၁) ဦးကို ကိုယ်စားပြုတဲ့ လယ်သမား ၁၈ ဦးက ဆန္ဒပြနေကြတာပါ။

လယ် ဧက ၆ ရာနီးပါး အသိမ်းခံထားရ တာနဲ့ ပတ်သက်လို့ တာဝန်ယူဖြေရှင်းပေးဖို့ လယ်သမားတွေဘက်က တောင်းဆို ထားပြီး
 တစုံတရာ တုန့်ပြန်မှု မရမချင်း မထတမ်း ဆန္ဒပြကြမယ်လို့ ပြောပါတယ်။

သူတို့ လုပ်ကိုင်နေတဲ့ လယ်ဧက ၆ ရာ နီးပါးကို အနော်ရထာ စက်မှုဇုန် တည်ဆောက်ရေး ဆိုပြီး မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ ဝါဝါဝင်း ကုမ္ပဏီတို့က ၁၉၉၄ ခုနှစ်ကတည်းက သိမ်းယူထားခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့အတွက် ပြီးခဲ့တဲ့ မေလ ကုန်ကတည်းကတောင်းဆို ဆန္ဒပြခဲ့တာ ၄ ကြိမ် ရှိခဲ့ပြီဖြစ်ပေမယ် တစုံတရာ တုန့်ပြန်ဖြေရှင်းတာ 
မရှိတဲ့အတွက် ဒီကနေ့ မထတမ်း ဆန္ဒပြနေကြတာပါ။

Ref: RFA (Burmese)

0 comments:

Post a Comment