Pages

Monday, July 2, 2012

စာရင်းပြခြင်းထက် စိတ်ကခံစားပြီး စိတ်ရှင်းရှင်းဖြင့် လုပ်ခြင်းက ပိုပြီးတန်ဖိုးရှိကြောင်း ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ဖြေကြား







ပြည်ထောင်စုဝန်ကြီးများ ပိုင်ဆိုင်မှုများ ကြေညာပြီးမှ အများပြည်သူအပေါ် အကျိုးဆောင်ရွက်သွားမည်အဆင့်အထိ စီစဉ်ထားမှု ရှိမရှိမေးမြန်းချက်အပေါ်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းကအချိန်မရွေးပေးလို့ရကြောင်း၊ စာရင်းပြခြင်းထက် စိတ်ကခံစားပြီး စိတ်ရှင်းရှင်းဖြင့် လုပ်ခြင်းက ပိုပြီးတန်ဖိုးရှိကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့သိရပါတယ်။


ပြည်ထောင်စုဝန်ကြီးများအနေဖြင့် အများပြည်သူ ယုံကြည်အားကိုးမှု ပိုရစေရန် ပိုင်ဆိုင်မှုများ ကြေညာပြီးမှ အများပြည်သူ အကျိုးဆောင်ရွက်မည့် အဆင့်အထိ စီစဉ်ထားမှုရှိ မရှိ မေးမြန်းချက်အပေါ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အချိန်မရွေးပေး၍ရကြောင်း ဖြေကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြန်လည်ဖြေကြားရာတွင် "မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကရှိခဲ့တယ်။ ဒါတွေက အချိန်မရွေး ပေးလို့ရတယ်။ သို့သော်လည်း တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ ၀န်ကြီးတွေချည်းပဲ မဟုတ်ပါဘူး။ အခြားကဏ္ဍတွေလည်း အများကြီးရှိပါတယ်။ စာရင်းတွေ ပြနေတာထက် လူကိုယ်၌ စိတ်ကခံစားပြီး ရှင်းရှင်းလုပ်တာ ပိုပြီးတန်ဖိုးရှိမယ်လို့ ထင်တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကလည်း စာရင်းတွေပြပြီး ပိုင်ဆိုင်မှုတွေပြပြီး ဒီလိုဆောင်ရွက်ခဲ့ပါတယ်။



 အဲဒီခေတ်မှာလည်း အခြားအမှားအယွင်း တွေကြုံတွေ့ခဲ့ရတာ ခင်ဗျားတို့အသိပဲ။ တစ်ဦးချင်းရဲ့တိုင်းပြည်အပေါ်မှာထားတဲ့စိတ်နဲ့ ရှင်းရှင်းလင်းလင်း တိုင်းပြည်အကျိုးကို ဆောင်ရွက်မယ်ဆိုတာကလည်း ပိုအဓိကျပါတယ်။ ဒီအကြောင်းအရာကို သက်ဆိုင်ရာနဲ့ ဆွေးနွေးပေးပါမယ်။ ကျွန်တော့်အနေနဲ့ No Problem ၊ကျွန်တော့်မိတ်ဆွေတွေ No Problem ပါ။ ဒါကဥပဒေအနေနဲ့ လုပ်ရမယ့် လုပ်ငန်းဖြစ်တယ်လို့ ကျွန်တော်က ပြောချင်ပါတယ်"ဟု ဖြေကြားခဲ့သည်။


Ref: Eleven Media

0 comments:

Post a Comment