Pages

Monday, July 2, 2012

“ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပါရီမြို့နှင့်စင်ကာပူမြို့တွင် လှည့်လည်လေ့လာပြီး မြန်မာနိုင်ငံသို့ ပြည်လည်ရောက်ရှိ”

Photo: “ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပါရီမြို့နှင့်စင်ကာပူမြို့တွင် လှည့်လည်လေ့လာပြီး မြန်မာနိုင်ငံသို့ ပြည်လည်ရောက်ရှိ”

နေပြည်တော် ဇူလိုင် ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းသည်   နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မျိုးမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ဇွန် (၂၆) ရက် ညပိုင်းတွင် ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ ဇွန် (၂၇) ရက် ဒေသစံတော်ချိန် နံနက် (၁၁) နာရီ မိနစ် (၂၀) တွင် ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Charles De Gaulle-CDG အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိသည်။
ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များအား ဘဲလ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသန့်ကျော်နှင့် ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံရုံးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ပါရီမြို့ရှိ အမြင့်ဆုံးကုန်းမြင့်ဖြစ်သည့် Montmartre ၌ တည်ဆောက်ထားသည့် Scare-Coeur ဘုရာကျောင်းကို သွားရောက် ကြည့်ရှုလေ့လာသည်။ အဆိုပါ ဘုရားကျောင်းကို ၁၉၁၄ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ပြီး ပြင်သစ်နိုင်ငံရေးနှင့် ယဉ်ကျေးမှု ကို ဖော်ကျူးသည့် အထိမ်းအမှတ် အဆောက်အအုံ ဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် ဒုတိယသမ္မတအား ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး နေအိမ်၌ သံရုံးဝန်ထမ်းများက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ပြင်သစ်နိုင်ငံ၏ အထင်ရှားဆုံး ရုပ် တုကျောက်တိုင်ဖြစ်သည့် Arc de Triomphe ကျောက်တိုင်၊ Champs Elysees လမ်းမကြီးနှင့် သမိုင်းဝင် The Concorde Squre (Place de la Concorde) ရင်ပြင်တို့ကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် နာမည်ကြီးအနုပညာရှင်ကြီးများ၏ ပြောင်မြောက်သည့် အနုပညာ လက်ရာများ တည်ရှိသည့် ကမ္ဘာကျော် Louvre Museum ပြတိုက်နှင့် ၁၁၆၀ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ကမ္ဘာ့အထင်ကရ ရှေးဟောင်းဘုရားကျောင်း ဖြစ်သည့် Notre Dame Cathedral တို့ကို သွားရောက်ကြည့်ရှု လေ့လာခဲ့သည်။
ဆက်လက်၍ ၁၈၈၉ ခုနှစ်ကတည်ဆောက်ခဲ့သည့် ကမ္ဘာကျော် Eiffel Tower  သို့ ရောက်ရှိပြီး မျှော်စင်တည်ဆောက်ခဲ့မှုကို လေ့လာကြည့်ရှုသည်။ အဆိုပါ မျှော်စင်မှာ အမြင့်ပေ (၁၀၅၀) ရှိပြီး ပါရီမြို့လမ်းမကြီးပေါ်တွင် တည်ရှိသည့် သံထည် အဆောက်အအုံကြီး ဖြစ်သည်။ ထိုမှတစ်ဆင့် ဒုတိယသမ္မတသည် ပြင်သစ်စစ်သူကြီး နပိုလီယံ၏ အုတ်ဂူနှင့် စစ် သမိုင်း ပြတိုက်အဖြစ် ဖွင့်လှစ်ထားသည့် Museum of the Army and Tomb of Napoleon ကို သွားရောက်ကြည့်ရှုခဲ့သည်။
ဒုတိယသမ်မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် ဒေသ စံတော်ချိန် ည (၁၁) နာရီမိနစ် (၂၀) တွင် ပါရီမြို့မှ ပြင်သစ်လေကြောင်း ခရီးစဉ်ဖြင့် ဆက်လက် ထွက်ခွာခဲ့ရာဇွန် (၂၈) ရက် ဒေသစံတော်ချိန် ညနေ (၆) နာရီတွင် စင်ကာပူသမ္မတနိုင်ငံ စင်ကာပူမြို့ရှိ Changi အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ ရောက်ရှိကြသည်။
ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များအား စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးလွင်နှင့် သံရုံးမိသားစုများက ကြိုဆိုကြပြီး ညပိုင်းတွင် သံအမတ်ကြီးက ဂုဏ်ပြု ညစာဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် သံအမတ်ကြီး ဦးတင်ဦးလွင်က စင်ကာပူနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ နေထိုင် လုပ်ကိုင်မှု အဆင်ပြေစေရေး အတွက် ဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက မိမိတို့နိုင်ငံသားများသံရုံးနှင့် ဆက် သွယ် ဆောင်ရွက်ရာတွင် အွန်လိုင်းစနစ် ကျင့်သုံးဆောင်ရွက်ရန်နှင့် အစစအရာရာအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန် မှာကြားသည်။
ဒုတိယသမ္မတသည် ဇွန် (၂၉) ရက် နံနက်ပိုင်းတွင် စင်ကာပူမြို့ရှိ marina Barrage သို့ရောက်ရှိပြီး ရေထိန်းတံခါး ( ၉) ခုဖြင့် မြစ်ရေများ ထိန်းသိမ်း ထားမှု၊ ပင်လယ်ဆားငန်ရေများ မဝင်ရောက်စေရန် ကာကွယ်ထားမှုကို လှည့်လည်ကြည့်ရှုရာ Singapore Rater Agency မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
 ထို့နောက် Resort of Santosa ရှိ ငါးပြတိုက်ကို သွားရောက်ကြည့် ရှုပြီး ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီမိနစ် (၂၀) တွင် လေကြောင်း ခရီးစဉ်ဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိကြသည်။

ပေါ်ပြုလာသတင်းမီဒီယာ

0 comments:

Post a Comment