Pages

Friday, October 31, 2014

MPT၏ ပွင့်လင်းမြင်သာခြင်းမရှိမှုကို အခွင့်အရေးယူပြီး အထက်တန်းပြ ဆရာမ တစ်ဦးက ဖုန်းငွေဖြည့်ကတ် ကျပ်သိန်း တစ်သောင်းဖိုးခန့် လိမ်လည်


RangonNewsDaily:: October . 31 .2014
ကြည့်မြင်တိုင် အထက(၂)မှ အထက်တန်းပြဆရာမ ဒေါ်မြစုလှိုင်က တယ်လီဖုန်း ငွေဖြည့်ကတ် မျိုးစုံရမည်ဆိုကာ လူသုံးဦးထံမှကျပ်သိန်းတစ်သောင်းခန့် လိမ်လည်မှု ဖြစ်
ပွားခဲ့သည်။ ဖြစ်စဉ်မှာ အထက်(၂) ကြည့်မြင်တိုင် ကျောင်းစာရေးကြီးမှ သူနှင့်ခင်မင်သောမမိုးစန္ဒာဆိုသူ အမျိုးသမီး တစ်ဦးကို သူတို့ကျောင်းမှ ဆရာမ ဒေါ်မြစုလှိုင်သည် တယ်လီဖုန်း ငွေဖြည့်ကတ်များ ဈေးသက်သာစွာ ရောင်းပေးနေသည်ဟု မိတ်ဆက်ပေးခဲ့သည်။

မင်းကွတ်သီးခွံရဲ့ ဆေးဖက်ဝင်အာနိသင်


RangonNewsDaily:: October . 30 .2014
မင်းကွတ်ပင်ကို ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နဲ့မွန်ပြည်နယ်တွေမှာ စိုက်ပျိုးပင်အဖြစ်အများဆုံးတွေ့ရှိရပါတယ်။ မင်းကွတ် တစ်ပင်လုံး ဆေးဖက်ဝင်ပေမယ့် မြန်မာ့တိုင်းရင်းဆေးဝါးများ ဖော်စပ်အသုံးပြုရာမှာတော့ မင်းကွတ်သီးရဲ့အခွံတစ်မျိုးတည်းကိုသာ ဆေးဝါးဖော်စပ်ရာမှာ အများဆုံးအသုံးပြုကြပါတယ်။

သီရိလင်္ကာ မြေပြိုမှုတွင် လူ ၁၀၀ ၀န်းကျင်သေဆုံးကာ ၃၀၀ ထက်မနည်း ပျောက်ဆုံးလျက်ရှိ


RangonNewsDaily:: October . 30 .2014
သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ၊ ဘဒူလာခရိုင် တွင် ယမန်နေ့ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၄၀ ခန့် မြောက်အောက်တွင် နစ်မြှုပ်သွား ခဲ့ပြီး လူပေါင်း ၃၀၀ ခန့် ပျောက်ဆုံး နေကာ ၁၀၀ ဦး၏ ရုပ်အလောင်း ကို တူးဖော် ရရှိသေးကြောင်း သိရသည်။

အမြန်လမ်းမများတွင် သွားလာနေသော အဝေးပြေးယာဉ် များ၌ Car Black Box များ မဖြစ်မနေတပ်ဆင် အသုံးပြုသင့်


RangonNewsDaily:: October . 30 .2014
ပြည်တွင်းရှိ အဝေးပြေး လမ်းမကြီးများတွင် ယာဉ် မတော်တဆမှု များကြောင့် လူသေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း များ မကြာခဏ ဖြစ်ပွားနေသည့် အတွက် အဝေးပြေး အမြန် လမ်းမကြီး များ၌ မောင်းနှင်သွားလာ နေကြသော မော်တော်ယာဉ်များ၊ အထူးသဖြင့် အဝေးပြေး ခရီးသည်တင် ယာဉ်ကြီးများတွင် ယာဉ်မောင်းနှင် သွားလာမှုနှင့် ပတ်သက်၍ မှတ်တမ်းတင် နိုင်သော Car Black Box များ မဖြစ်မနေ တပ်ဆင် အသုံးပြု သင့်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီမှ တာဝန် ရှိသူတစ်ဦး က ပြောသည်။

ထိုင်းနိုင်ငံမှ ကြက်နှင့်ကြက်ဥတင်သွင်းမှု မရပ်တန့်ပါက ဥပဒေအရ အရေးယူမည်

RangonNewsDaily:: October . 30 .2014
ထိုင်းနိုင်ငံအတွင်းမှ တ ရားမဝင်တင်သွင်းလာသည့် ကြက်နှင့် ကြက်ဥများကြောင့် မွန်ပြည်နယ်အ တွင်း ကူးစက်ရောဂါများ ဖြစ်ပွားနိုင် သည့်အတွက် အရေးယူဆောင်ရွက် မည်ဟု မွန်ပြည်နယ် မွေးမြူရေးနှင့်ကု သရေးဦးစီးဌာနမှ သိရသည်။

Thursday, October 30, 2014

ကိုပါကြီးအသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရန် မန္တလေးတွင် ဆန္ဒပြသူများထဲမှ ၂၀ ဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်

ကိုပါကြီးအသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရန် မန္တလေးမြို့တွင် အောက်တိုဘာ ၂၇ ရက်က ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - မောင်တာ)
RangonNewsDaily:: October . 30 .2014
အလွတ်တန်းသတင်း ထောက် ကိုပါကြီးကို စစ်တပ်မှ သတ်ဖြတ်မှုအတွက် အမှုမှန် ဖော်ထုတ်ပေးရန်နှင့် တာဝန်ရှိသူများကို အရေးယူပေးရန် မန္တလေးမြို့တွင်ဆန္ဒထုတ်ဖော်သူများထဲမှ လူ ၂၀ ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးအောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

နှစ်ဆယ့်ငါးနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ကယားပြည်နယ်သို့သွားမည်

RangonNewsDaily:: October . 30 .2014
၂၅ နှစ်ကျော်ကာလအ တွင်း ပထမဆုံးအကြိမ်အဖြစ် က ယားပြည်နယ်သို့ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် သွား ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဗိုလ်ရှုခံအဆောက်အအုံဆောက်လုပ်ခွင့် ဦးတင့်ဆန်းမိသားစုပိုင် ACE ကုမ္ပဏီရ

RangonNewsDaily:: October . 30 .2014
ဗိုလ်ရှုခံ အ ဆောက်အအုံ ဆောက်လုပ်ရန် တင်ဒါမခေါ်ယူဘဲ ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းမိသားစုပိုင် ACE ကုမ္ပဏီကို ပေးအပ်ရခြင်းမှာ အိမ်တော်ဝင်းနှင့် လွှတ်တော်ဝင်း တို့တွင် ဆောက်လုပ်ရမည်ဖြစ် သဖြင့် လုံခြုံရေးအခြေအနေအရ ပေးအပ်ရခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န် ကြီး ဦးစိုးတင့်က လွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။

UPWC နှင့် SSPP/SSA နေပြည်တော်တွင် တွေ့ဆုံရန်စီစဉ်

RangonNewsDaily:: October . 30 .2014
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီ(UPWC)တို့သည် မကြာမီ နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

စီးပွားရေးလုပ်ဖြစ်တာ သမီးလေးအတွက်ပါဆိုတဲ့ ချမ်းချမ်း


RangonNewsDaily:: October . 30 .2014
ဂီတအနုပညာလောကမှာ နာမည်တစ်ခု တည်ထောင်နိုင်ခဲ့ပြီး သာယာပျော်ရွှင်ဖွယ်ရာ မိသားစု ဘဝကို ပိုင်ဆိုင်ထားသူ အဆိုတော် ချမ်းချမ်းက အနုပညာအလုပ်၊ စီးပွားရေးအလုပ်၊ မိသားစုအလုပ်ကြားက ကျန်းမာရေးနဲ့ပတ်သက် ပြီး ဂရုစိုက်ဖြစ်ပုံနဲ့ ခန္ဓာကိုယ်ထိန်းသိမ်း ဖြစ်ပုံကို ချမ်းချမ်းက “ယောဂကျင့်တယ်။ မနက်ပိုင်းဆို ရေ ကိုအဝသောက်တယ်။

ယောက္ခမကို တိုက်တဲ့ဆေး


RangonNewsDaily:: October . 30 .2014
အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရပြီး ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရ၊ ရန်ဖြစ်ရ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်သတဲ့။ ယဉ်ကျေးမှုအရလည်း ဖြစ်၊ ဘာသာရေးအရလည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရလည်း ထမင်းခူးပေးရတယ်။ ပြင်ဆင်ပေးရ ပါတယ်။ 

လာလီဂါ အကောင်းဆုံးဆု ဟက်ထရစ်သိမ်းပိုက်သည့် ရော်နယ်ဒို


RangonNewsDaily:: October . 30 .2014
ရီးရဲလ် တိုက်စစ်မှူး ရော်နယ်ဒိုသည် ၎င်း၏ ကစားသမားဘ၀တွင် ပထမဆုံးအကြိမ် တစ်နှစ်တာ အကောင်းဆုံး လာလီဂါ ကစားသမားဆု ဆွတ်ခူးသွားခဲ့သည်။ ပြီးခဲ့သည့် ရာသီက လာလီဂါပြိုင်ပွဲတွင် ရီးရဲလ်အတွက် (၃၁)ဂိုး သွင်းယူပေးနိုင်ခဲ့သော ရော်နယ်ဒိုသည် တစ်နှစ်တာ
အကောင်းဆုံး လာလီဂါ ကစားသမားဆု ရရှိခဲ့သည့်အပြင် အကောင်းဆုံးတိုက်စစ်မှူးဆုနှင့် အကောင်းဆုံး သွင်းဂိုးဆုများလည်း ရရှိခဲ့သည်။

ကချင် အမျိုးသမီး ပျောက်ဆုံးမှု စုံစမ်း အရေးယူပေးရန် လူမှုအဖွဲ့အစည်း ၁၂၀ ကျော်တောင်းဆို


ကချင် အမျိုးသမီး, အစိုးရ စစ်တပ် , လူမှု အဖွဲ့အစည်း , လူ့အခွင့်အရေး
အမျိုးသမီး အခွင့်အရေးများနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်အတွင်းက ရန်ကုန်မြို့တွင် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေသည့် အမျိုးသမီးများ(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

RangonNewsDaily:: October . 30 .2014
အစိုးရ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သုံးနှစ်ကြာ ပျောက်ဆုံးနေသည့် ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာ အမှုအား သေချာစွာစုံစမ်း၍ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူပေးရန် ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်း ၁၂၀ ကျော်က အစိုးရထံသို့ လက်မှတ် ထိုး တောင်းဆိုလိုက်သည်။

ကမ္ဘာ့ဖလား ဝင်ခွင့်ရ မြန်မာ ယူ ၁၉ ရန်ကုန်မြို့တွင်း လှည့်လည် အောင်ပွဲခံမယ်

RangonNewsDaily:: October . 30 .2014
မြန်မာ့ ဘောလုံး သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ကမ္ဘာ့ဖလား ယူ ၂၀ ဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ မြန်မာ ယူ ၁၉ ဘောလုံးအသင်း ရန်ကုန်မြို့တွင်း လှည့်လည်အောင်ပွဲခံမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဇော်မင်းထိုက်က ပြောပါတယ်။

သင့်ကို အရွယ်တင်နုပျိုစေမည့် ကီဝီသီး (Kiwi Fruit)


RangonNewsDaily:: October . 30 .2014
ကီဝီသီးထဲတွင် ပါဝင်သော vitamin C (anti-oxidant) ဓါတ်သည် ကိုယ်ခံအားကို ကောင်းမွန်စေ၍ အရွယ်တင်နုပျိုစေပါသည်။

ရှားပါး ပန်ဒါဝက်ဝံအနီမျိုး မြန်မာနိုင်ငံမှာ တွေ့ရှိ


RangonNewsDaily:: October . 30 .2014
ပန်ဒါ ဝက်ဝံတွေကို နိုင်ငံတကာက ချစ်ခင်ပြီး၊ စိတ်ဝင်စားနေကြရာမှာ၊ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ရှားပါး ပန်ဒါ ဝက်ဝံ အနီတွေကို တွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

UNFC ကနေ KNU နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ

RangonNewsDaily:: October . 30 .2014
ညီညွှတ်သော တိုင်းရင်းသားများဖက်ဒရေးရှင်း (UNFC) ရဲ့ အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပြီလို့ KNU မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ စောမိုးဇက်က ပြောပါတယ်။

Wednesday, October 29, 2014

ကိုပါကြီးကိစ္စ ရန်ကုန်မြို့တော်ခမ်းမရှေ့ဆန္ဒပြသူတွေကို အမှုဖွင့်ပြီ


RangonNewsDaily:: October . 28 .2014
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက ကိုပါကြီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့ မြို့တော် ခမ်းမ ရှေ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ အမှုဖွင့်ပြီလို့ သိရပါတယ်။ 

ဆယ်စုနှစ်တစ်ခုအတွင်း အကောင်အထည်ပေါ်လာတော့မယ် ပြတင်းပေါက် လုံးဝမပါတဲ့ ခရီးသည်လေယာဉ်


RangonNewsDaily:: October . 28 .2014
ပြတင်းပေါက်မပါတဲ့ လေယာဉ်အသစ် အစမ်းတစ်မျိုးကို တီထွင်မယ့်စိတ်ကူးတစ်ခု စတင်ဆောင်ရွက်ဖို့ရှိနေပြီး ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ အကောင်အထည်ပေါ်လာမှာဖြစ်ပါတယ်။ မကြာခင်မှာ ခရီးသည်တွေအနေနဲ့ ခရီးသွားနေစဉ် လေယာဉ်ပေါ်မှတဆင့် အင်တာနက်အသုံးပြုနိုင်၊ အီးမေးလ်စစ်ဆေးနိုင်ပြီး အပြင်ဘက် ဝေဟင်ယံကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

၁၆လက်မသာရှိတဲ့ ခါးဆိုက်ဒ်ရရှိဖို့အတွက် ကျပ်လွန်းတဲ့ ကိုယ်လုံးလှအတွင်းခံဘောင်းဘီကို ၇နှစ်ဝတ်ဆင်ခဲ့တဲ့ မော်ဒယ်


RangonNewsDaily:: October . 28 .2014
အသက် (၂၇)နှစ်အရွယ် မော်ဒယ်တစ်ဦးဖြစ်သလို ဒီဇိုင်နာတစ်ဦးလည်း ဖြစ်တဲ့ Kelly Lee Dekay ဟာ သူမလိုချင်တဲ့ ခါးဆိုက်ဒ်အရွယ်ရရှိဖို့အတွက် သေးလွန်းတဲ့အပြင်၊ ကျပ်လွန်းတဲ့ ကိုယ်လုံးလှအတွင်းခံဘောင်းဘီကို ၀တ်ဖို့ စိတ်ဆန္ဒပြင်းပြနေခဲ့ပါတယ်။ သူမကြိုက်နှစ်သက်တဲ့ ကာတွန်းကာရိုက်တာ Jessica Rabbit နဲ့ အမျိုးသမီးစွမ်းအားရှင်တွေလို ခါးသေးရင်ချီပုံစံမျိုး လိုချင်နေခဲ့တာပါ။

မန္တလေးမြို့မှ ရွှေဘိုမြို့သို့ ထွက်ခွာလာသည့် ခရီးသည် တင်မှန်လုံယာဉ် ၀င်တိုက် သဖြင့် ကားစောင့် နေသည့် ခရီးသည် (၄) ဦးသေ၊ (၅) ဦး ဒဏ်ရာရ

RangonNewsDaily:: October . 28 .2014
ဝက်လက်မြို့နယ်၊ ရွာသာကြီး ကျေးရွာအနီး ရွှေဘို-မန္တလေး ကားလမ်းမကြီး ပေါ်၌