Pages

Thursday, October 30, 2014

ကိုပါကြီးအသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရန် မန္တလေးတွင် ဆန္ဒပြသူများထဲမှ ၂၀ ဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်

ကိုပါကြီးအသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရန် မန္တလေးမြို့တွင် အောက်တိုဘာ ၂၇ ရက်က ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - မောင်တာ)
RangonNewsDaily:: October . 30 .2014
အလွတ်တန်းသတင်း ထောက် ကိုပါကြီးကို စစ်တပ်မှ သတ်ဖြတ်မှုအတွက် အမှုမှန် ဖော်ထုတ်ပေးရန်နှင့် တာဝန်ရှိသူများကို အရေးယူပေးရန် မန္တလေးမြို့တွင်ဆန္ဒထုတ်ဖော်သူများထဲမှ လူ ၂၀ ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးအောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ် ဖော်မှုအတွက် ကုန်ဈေးနှုန်းကျ ဆင်းရေးစဉ်ဆက်မပြတ် လှုပ်ရှားရေးအဖွဲ့(MDCF)မှ ကိုသိန်း အောင်မြင့်အပါအ၀င် လူ ၂၀ ဦးကိုမန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်မြင့်က တရားလိုပြုလုပ်ကာ အောင်မြေသာစံမြို့နယ် အမှတ် (၅) မြို့မရဲစခန်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် ထားခြင်းဖြစ်သည်။

မန္တလေးတွင် ဆန္ဒထုတ်ဖော် သူများကို ပုဒ်မ ၁၈ အပြင် အ ခြားပုဒ်မများဖြင့်ပါ အမှုဖွင့်ရန် စီ စဉ်နေသည်ဟူသော သတင်းများ ထွက်ပေါ်နေခဲ့သော်လည်း အမှတ် (၅) ရဲစခန်း စခန်းမှူးနှင့် တာဝန်မှူးတို့က သတင်းထုတ်ပြန်ပေးရန် ငြင်းဆိုသည်။ ထို့အပြင် အမှုဖွင့်ခံရသူများနှင့် ပတ်သက်၍လည်း အသေးစိတ်ထုတ် ပြန်ပေးခြင်းမရှိပါ။

၎င်းတို့ အမှုဖွင့်ခံရခြင်းထက် ကိုပါကြီးအသတ်ခံရမှု အမှုမှန် ပေါ်ပေါက်ရေးက ပိုမိုအရေးကြီး သည်ဟု ကိုသိန်းအောင်မြင့်က ပြောသည်။ ကြိုတင်ခွင့်ပြုချက် မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ် ပြီး ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ မှုအတွက် ရင်ဆိုင်သွားမည်ဖြစ် ကြောင်း၊ ကိုပါကြီးအသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရန်လည်း ဆက်လက်တောင်းဆိုသွားမည် ဖြစ် ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများက ပြောသည်။

ကိုပါကြီးအသတ်ခံရမှု အမှု မှန်ဖော်ထုတ်ပေးရန်၊ တာဝန်ရှိသူ များကို အရေးယူပေးရန် အောက် တိုဘာ ၂၇ ရက် ညနေပိုင်းက မန္တ လေးမြို့ ကျုံးဘေးလမ်း ၈၀၊ ၂၆ လမ်းထောင့်မှ လမ်း ၈၀၊ ၂၅ လမ်းအထိ မန္တလေးမြို့ခံနိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူ ၁၀၀ ခန့် က အချိန်တစ်နာရီကျော်ကြာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ခြင်းဖြစ်သည်

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment