Pages

Thursday, October 30, 2014

ဗိုလ်ရှုခံအဆောက်အအုံဆောက်လုပ်ခွင့် ဦးတင့်ဆန်းမိသားစုပိုင် ACE ကုမ္ပဏီရ

RangonNewsDaily:: October . 30 .2014
ဗိုလ်ရှုခံ အ ဆောက်အအုံ ဆောက်လုပ်ရန် တင်ဒါမခေါ်ယူဘဲ ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်းမိသားစုပိုင် ACE ကုမ္ပဏီကို ပေးအပ်ရခြင်းမှာ အိမ်တော်ဝင်းနှင့် လွှတ်တော်ဝင်း တို့တွင် ဆောက်လုပ်ရမည်ဖြစ် သဖြင့် လုံခြုံရေးအခြေအနေအရ ပေးအပ်ရခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န် ကြီး ဦးစိုးတင့်က လွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။
ACE ကုမ္ပဏီသည် လွှတ် တော်နှင့် အိမ်တော်ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းများကို ဆောင် ရွက်နေသော ကုမ္ပဏီဖြစ်ခြင်း၊ အဆောက်အအုံသည် လွှတ် တော်နှင့် အိမ်တော်ဧရိယာဝင်း အတွင်း တည်ဆောက်ရသည် ဖြစ်၍ လုံခြုံရေးအရ လိုအပ်ခြင်း တို့ကြောင့် အထူးကိစ္စတစ်ရပ် အနေဖြင့် ခွင့်ပြုချက်ရယူတာဝန် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးစိုး တင့်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များအား ရှင်းလင်း တင်ပြခဲ့သည်။

ထို့အပြင်အဆောက်အအုံ ဆောက်လုပ်ရန် တင်ပြတောင်းခံ ငွေ ကျပ်သန်းသုံးထောင်ကို တောင်းခံတော့မည်မဟုတ်ဘဲ သမ္မတ၏ သီးသန့်ရန်ပုံငွေတွင်းမှ လွှဲပြောင်း သုံးစွဲသွားမည်ဟု ဆောက်လုပ် ရေးဝန်ကြီးဌာန ၀န်ကြီး ဦးစိုးတင့် ကပြောကြားသည်။

အဆိုပါတန်ဖိုးသည် ခန့်မှန်း တင်ပြထားခြင်းသာဖြစ်ပြီး အ သေးစိတ်တွက်ချက်ဆဲဖြစ်သည့် အတွက် ကုန်ကျမှုအနည်းဆုံးဖြစ် စေရေး လွှတ်တော်အကြံပြုချက် များအတိုင်း ဆောက်လုပ်သွား မည်ဟုလည်း ၀န်ကြီးက ပြော သည်။

ဗိုလ်ရှုခံအဆောက်အအုံ အတွက် ပရိဘောဂများကိုလည်း အိမ်တော် Banquet မှ ပရိဘော ဂများနှင့် သုံးစွဲသွားတော့မည် ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန် ကြီးဌာနက ပြောကြားခဲ့သည်။

ဗိုလ်ရှု့ခံစင်မြင့် တည် ဆောက်ရေးလုပ်ငန်းများ လုပ် ဆောင်ရန် ယှဉ်ပြိုင်တင်ဒါခေါ်ယူ ခြင်းမရှိဘဲ နေပြည်တော်ကောင် စီ တစ်ဝန်းလုံးရှိလုပ်ငန်းစီမံကိန်း အများအပြားကို ဆောင်ရွက်နေ သော ACE ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးတည်း ပေး အပ်ခြင်းမျိုး မပြုလုပ်သင့်ကြောင်း ကို ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းကပြည်ထောင် စုလွှတ်တော်တွင် တင်ပြခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ရှုခံအဆောက်အအုံ အတွက် ယခု ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်၏ ဖြည့်စွက်ငွေတွင် ကျပ်သန်းပေါင်း ၃,၀၀၀ တောင်းခံထားခြင်း ဖြစ်ပြီး စီမံကိန်းတစ်ခုလုံး၏ တန် ဖိုးကို ကျပ်သန်းပေါင်း ၆,၀၀၀ ကျော်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနကဖော်ပြထားသည်။

လာမည့်လွတ်လပ်ရေးနေ့ တွင် နိုင်ငံတော်သမ္မတအား မြန်မာ့ တပ်မတော်က ချီတက်အလေးပြု မည့်ဗိုလ်ရှုခံအခမ်းအနားကို ပြန် လည်ကျင်းပပြုလုပ်သွားရန်ရှိပြီးဗိုလ်ရှုခံအခမ်းအနားကျင်းပရေး ဗဟိုကော်မတီကို နိုင်ငံတော် ဒုတိ ယသမ္မတဦးဉာဏ်ထွန်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဖွဲ့စည်းထား ကြောင်း သိရသည်။

7Day , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment