Pages

Thursday, October 30, 2014

ကမ္ဘာ့ဖလား ဝင်ခွင့်ရ မြန်မာ ယူ ၁၉ ရန်ကုန်မြို့တွင်း လှည့်လည် အောင်ပွဲခံမယ်

RangonNewsDaily:: October . 30 .2014
မြန်မာ့ ဘောလုံး သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ကမ္ဘာ့ဖလား ယူ ၂၀ ဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ မြန်မာ ယူ ၁၉ ဘောလုံးအသင်း ရန်ကုန်မြို့တွင်း လှည့်လည်အောင်ပွဲခံမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဇော်မင်းထိုက်က ပြောပါတယ်။
လှည့်လည် အောင်ပွဲခံတာကို နိုဝင်ဘာလ ၁ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဂုဏ်ပြုပွဲကို နိုဝင်ဘာလ ၂ ရက်နေ့မှာ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာ ပြုလုပ်မယ်လို့ သူက ဆိုပါတယ်။

“အဲဒီဂုဏ်ပြုပွဲမှာ ဖျော်ဖြေရေးအစီအစဉ်တွေ အပါအဝင် အခြားအစီစဉ်တွေလည်း ပါမယ်။ ဆုကြေးငွေ တွေကိုလည်း အဲဒီပွဲမှာ တစ်ခါတည်း ချီးမြင့်ပေးမယ်” လို့ ဦးဇော်မင်းထိုက်က ပြောပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ အာရှ ယူ ၁၉ ချန်ပီယံရှစ် ဘောလုံးပွဲပြိုင်မှာ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။


The Voice ,
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time