Pages

Thursday, October 30, 2014

UNFC ကနေ KNU နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ

RangonNewsDaily:: October . 30 .2014
ညီညွှတ်သော တိုင်းရင်းသားများဖက်ဒရေးရှင်း (UNFC) ရဲ့ အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပြီလို့ KNU မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ စောမိုးဇက်က ပြောပါတယ်။
KNU ဗဟိုကော်မတီ အစည်းအဝေး နောက်ဆုံးနေ့ အောက်တိုဘာလ ၂၈ရက်နေ့မှာ အခုလို ဆုံးဖြတ်လိုက်တာလို့ သူက ဆိုပါတယ်။

နုတ်ထွက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ KNU ဗဟိုကော်မတီ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဖဒိုစောကွယ်ထူးဝင်း၊ ဖဒိုမန်းငြိမ်းမောင်၊ ဖဒိုစောတာဒိုမှုးတို့ကို တတယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ပေမယ့် ဖုန်းပိတ်ထားလို့ အဆက်မေးမြန်းလို့ မရသေးပါဘူး။

ဩဂုတ်လ နောက်ဆုံးပတ်မှာ ပြုလုပ်ခဲ့တဲ့ UNFC ညီလာခံမှာ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ ဆွေးနွေးရာမှာ သဘောထား ကွဲလွဲခဲ့တဲ့အတွက် UNFC အဖွဲ့ဝင် အဖြစ်ကနေ ယာယီရပ်ဆိုင်းတယ်လို့ စက်တင်ဘာ ၁ ရက်နေ့မှာ KNU က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။


The Voice ,
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment