Pages

Thursday, October 31, 2013

လာမည့်တနင်္ဂနွေနေ့တွင် နေကြတ်မှုဖြစ်ပေါ်မည်

Photo: လာမည့်တနင်္ဂနွေနေ့တွင် နေကြတ်မှုဖြစ်ပေါ်မည်
Thursday, October 31, 2013

လာမည့်တနင်္ဂနွေနေ့လသည် နေနှင့်ကမ္ဘာကြားသို့ရောက်ရှိကာ နေကြတ်မှုဖြစ်စဉ်ဖြစ်ပေါ်မည်ဖြစ်ရာအာဖရိက၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့တွင်နေကြတ်မှုအား တွေ့မြင်ကြရမည်ဖြစ်ကြောင်း နာဆာအဖွဲ့၏ ၀က်ဆိုက်တွင်ဖော်ပြသည်။

အာဖရိကအနောက်ပိုင်းတွင် အပြည့်အ၀နေကြတ်မှုကိုရှုမြင်ရမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့တွင်မူ တစ်စိတ်တစ်ပိုင်း နေကြတ်မှုကိုသာ တွေ့မြင်ရမည်ဖြစ်ရာ ယင်းသို့ဖြစ်ရခြင်းမှာ ကမ္ဘာကြီး၏ လုံးဝန်းမှုကြောင့် ဖြစ်သည်။

နေကြတ်မှုအား ကြည့်ရှုသူတို့သည် အထူးစီမံထားသော မျက်မှန်များဖြင့်သာ ကြည့်ရှုသင့်ကြောင်း၊သာမန်မျက်မှန်များသည် မျက်လုံးအား ထိထိ
ရောက်ရောက် အကာအကွယ်မပေးနိုင်ကြောင်းကျွမ်းကျင်သူများ ကဆိုသည်။

အပြည့်အ၀နေကြတ်မည်မှာ လိုက်ဘေးရီးယားနိုင်ငံအနောက်တောင်ပိုင်း ၃၃၀ကီလိုမီတာအကွာ၊အတ္တလန္တိတ်သမုဒ္ဒရာပေါ် တွင် ဂရင်းနစ်စံတော်ချိန် ၁၂၃၇အချိန်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း နာဆာအဖွဲ့က ထုတ်ပြန်သည်။

People power

RangonNewsDaily:: October. 31 .2013
လာမည့်တနင်္ဂနွေနေ့လသည် နေနှင့်ကမ္ဘာကြားသို့ရောက်ရှိကာ နေကြတ်မှုဖြစ်စဉ်ဖြစ်ပေါ်မည်ဖြစ်ရာအာဖရိ
က၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့တွင်နေကြတ်မှုအား တွေ့မြင်ကြရမည်ဖြစ်ကြောင်း နာဆာအ
ွဲ့၏ ၀က်ဆိုက်တွင်ဖော်ပြသည်။

မုတ်ဆိတ်ကြောင့် လက်စွမ်းတက်လာသည်ဟု အဲဗာတန်ဂိုးသမား ယုံကြည်

Photo: မုတ်ဆိတ်ကြောင့် လက်စွမ်းတက်လာသည်ဟု အဲဗာတန်ဂိုးသမား ယုံကြည်နေ
Thursday, October 31, 2013

မန်နေဂျာ ရောဘတ်တို မာတီနက်ဇ် ဦးဆောင်နေသည့် အဲဗာတန် အသင်းသည် ရလဒ်ကောင်းများ ပိုင်ဆိုင်နေသလို ဟောင်းဝပ် အနေဖြင့် တည်ငြိမ်စွာ လက်စွမ်းပြလျှက် ရှိသည်။

မုတ်ဆိတ်ကြောင့် လက်စွမ်းတက်လာသည်ဟု အဲဗာတန်ဂိုးသမား  ယုံကြည်နေမိမိ၏ လက်စွမ်း ကောင်းမွန်လာမှုသည် မုတ်ဆိတ် အရှည်ထားမှုနှင့် ဆက်နွယ်နေမည်ဟု ယုံကြည်ကြောင်း အဲဗာတန် ဂိုးသမား တင်မ်ဟောင်းဝပ်က ပြောကြားလိုက်သည်။ ယခုရာသီ မန်နေဂျာ ရောဘတ်တို မာတီနက်ဇ် ဦးဆောင်နေသည့် အဲဗာတန် အသင်းသည် ရလဒ်ကောင်းများ ပိုင်ဆိုင်နေသလို ဟောင်းဝပ် အနေဖြင့် တည်ငြိမ်စွာ လက်စွမ်းပြလျှက် ရှိသည်။ စနေနေ့က အက်စ်တန်ဗီလာကို အဲဗာတန်က (၂-၀)ဖြင့် အနိုင်ရခဲ့ရာတွင် ဟောင်းဝပ်သည် ပြိုင်ဘက် တိုက်စစ်မှူး ခရစ္စတီယန် ဘန်တက်ကီ ကန်သွင်းသည့် ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပြီး ယင်းကဲ့သို့ စွမ်းဆောင်ရည် မြင့်မားနေခြင်းသည် မိမိ၏ ထူထပ်ရှုပ်ထွေးသော မုတ်ဆိတ်များကြောင့်ဟု ဟောင်းဝပ်က ညွှန်းဆိုခဲ့သည်။

အဲဗာတန်သည် ဒုတိယပိုင်းတွင် ရိုမီလူ လူကာကူနှင့် လီယွန်အော့စ်မန်တို့ သွင်းယူသော ဂိုးများဖြင့် အနိုင်ရခဲ့သော်လည်း ပထမပိုင်းတွင် အိမ်ရှင် အသင်း၏ တိုက်စစ်ကို အလူးအလဲ ခုခံခဲ့ရပြီး ဟောင်းဝပ်က လက်စွမ်းပြနိုင်လွန်း၍သာ ဂိုးမပေးခဲ့ရခြင်း ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်းက "ကျွန်တော့်ရဲ့ ခွန်အားတွေကို မုတ်ဆိတ်ကနေ ရတယ်လေ"ဟု ရယ်ရယ်မောမော ပြောဆိုခဲ့သည်။ ၎င်းက ဆက်လက်၍ "ရိုးရိုးသားသား ပြောရရင် ဒီမုတ်ဆိတ်က ကျွန်တော့်ကို ကံကောင်းစေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘန်တက်ကီဟာ Power သိပ်ကောင်းတဲ့ ချာတိတ်ပါ။ ပြီးတော့ ညာခြေသန်တယ်။ 

သူအားသန်တဲ့ဘက်ကို ကန်မှာပဲလို့ ကျွန်တော် တွေးခဲ့တယ်။ တကယ်လည်း ဆုံးဖြတ်ချက် မှန်ခဲ့ပါတယ်။ ဒါဟာ ကံကောင်းမှု တစ်ခုပါ။ ကျွန်တော် မှန်ကန် တဲ့ ဦး တည်ရာဘက်ကို ရွေးချယ်နိုင်ခဲ့သလို တိတိကျကျ တုံ့ပြန်နိုင်ခဲ့ပါ တယ်"ဟုလည်း ရှင်းပြသွားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: October. 31 .2013
မန်နေဂျာ ရောဘတ်တို မာတီနက်ဇ် ဦးဆောင်နေသည့် အဲဗာတန် အသင်းသည် ရလဒ်ကောင်းများ ပိုင်ဆိုင်နေသလို ဟောင်းဝပ် အနေဖြင့် တည်ငြိမ်စွာ လက်စွမ်းပြလျှက် ရှိသည်။

မန္တလေးတွင် ဆိုင်ကယ်ကယ်ရီသမားမှ ခရီးသည်အမျိုးသမီးတစ်ဦးအား ထိုးနှက်ပြီး ပစ္စည်းလုယူထွက်ပြေးသွား

Photo: မန္တလေးတွင် ဆိုင်ကယ်ကယ်ရီသမားမှ ခရီးသည်အမျိုးသမီးတစ်ဦးအား ထိုးနှက်ပြီး ပစ္စည်းလုယူထွက်ပြေးသွားခဲ့

အသက်၂၆နှစ်အရွယ်ရှိ မ့ သည်တောင်ငူမှမန္တလေးသို့ လာရောက်ပြီး၊ကျွဲဆည် ကန်းကြီးကွင်းမှစက်မှုသို့ ဆိုင်ကယ်TAXI ငှားစီးခဲ့ပါသည်။ဆိုင်ကယ်TAXI သမားသည် ၅၉လမ်း၊ဗန္ဓုလလမ်းသို့ရောက်သောအခါ အဆိုပါ အမျိုးသမီးငယ်အား လည်ပင်းကိုညှစ်၊မျက်နှာကိုလက်သီးနှင့်ထိုးပြီး အဆိုပါဒဏ်ရာနှင့်ပြစ်ထားခဲ့ ပါသည်။ရွှေဆွဲကြိုးတစ်ကုံးနှင့် ခရီးဆောင်အိတ်များယူသွားခဲ့ကြောင်းသိရပါသည်။ဖြစ်ပွါးချိန်မှာ နံနက်၆း၀၀ခန့့် ဖြစ်ပါသည် ။


Nay Linn >> မန္တလေး သတင်း ပုံရိပ်များ >>
မြန်မာပြည်သား

RangonNewsDaily:: October. 31 .2013
မန္တလေးတွင် ဆိုင်ကယ်ကယ်ရီသမားမှ ခရီးသည်အမျိုးသမီးတစ်ဦးအား ထိုးနှက်ပြီး ပစ္စည်းလုယူထွက်ပြေး
သွားခဲ့ကြောင်းသတင်းရရှိသည်။

တရားစခန်းတွင် ရင်းနှီးရာမှ အမျိုးသမီးအချင်းချင်း ကျုပ်သိန်း ၉၀၀၀ ခန့် အလွဲသုံးမှုဖြစ်

RangonNewsDaily:: October. 31 .2013
မရမ်းကုန်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက တရားရိပ်သာတွင် ခင်မင်ခဲ့သော တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေသိန်း ၉၀၀၀ ခန့် အလွဲသုံးစားမှုဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။ မရမ်းကုန်းမြို့နယ် အမှတ် (၇)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက တစ်ရပ်ကွက်တည်းနေ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်သိန်း ၆၀၀၀ ကို

Uroplatus phantasticus လို့ခေါ်တဲ့ သစ်ရွက်ခြောက် တောက်တဲ့

Photo: သစ်ရွက်ခြောက် တောက်တဲ့

ရုတ်တရက်ကြည့်လိုက်ရင် သစ်ရွက်ပဲ ဖြစ်ပါတယ်။ သေချာကြည့်ရင်တောင် သတိမထားမိသူဖို့ သစ်ရွက်ခြောက် လို့ပဲ ထင်စရာ ရှိပါတယ်။ အမှန်တော့ သူက တောက်တဲ့မျိုးဝင်တဲ့ သစ်ရွက်ခြောက် တောက်တဲ့ (Uroplatus phantasticus) ဖြစ်ပါတယ်။

မဂါဒတ်စကားနိုင်ငံမှာပဲ ရှိတဲ့ တောက်တဲ့ ဖြစ်ပါတယ်။ မဂါဒတ်စကား နိုင်ငံ ဆိုတာ အာဖရိကတိုက် အရှေ့ တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ တွင်းက ကျွန်းစု နိုင်ငံ ဖြစ်ပါတယ်။ ဘယ်နေရာမှာမှ မတွေ့ရပဲ ယင်းကျွန်းမှာသာ ရှိတဲ့ သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။

အရှည်အားဖြင့် ၂.၅ ကနေ ၆ လက်မအထိသာ အရှည် ရှိနိုင်တဲ့ တောက်တဲ့ ဖြစ်ပါတယ်။ သူ့ရဲ့  ထူးခြားတဲ့ အသွင် သဏ္ဍန်ကြောင့် လိုချင်သူများပြားပြီး ဈေးကြီးပေး ရောင်းဝယ်ကြပါတယ်။ ဆေးဝါးအဖြစ် လည်း သုံးစွဲသလို အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း မွေးမြူကြပါတယ်။

ဒါကြောင့် သူ့ကို ကမ္ဘာ့အလိုရှိဆုံး သတ္တဝါမျိုးစိတ်တစ်ခုအဖြစ် မှတ်တမ်းတင် ထားတယ်လို့ သိရပါတယ်။ အောက်ပါ လခ့်မှာ အသေးစိတ် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

http://en.wikipedia.org/wiki/Satanic_Leaf-Tailed_Gecko

အောင်ခမ်း ( ရိုးရာလေး )

www.yoyarlay.com/entertainment/123-discovery/38451-uroplatus-phantasticus

.

RangonNewsDaily:: October. 31 .2013
ရုတ်တရက်ကြည့်လိုက်ရင်သစ်ရွက်ပဲ ဖြစ်ပါတယ်။ သေချာကြည့်ရင်တောင်သတိမထားမိသူဖို့သစ်ရွက်ခြောက်
လို့ပဲ ထင်စရာ ရှိပါတယ်။ အမှန်တော့ သူက တောက်တဲ့မျိုးဝင်တဲ့ သစ်ရွက်ခြောက် တောက်တဲ့ (Uroplatus phantasticus) ဖြစ်ပါတယ်။

အာကာသထဲ ခရီးထွက်ရန် အသင့်ဖြစ်နေသည့် Popဂီတ အဆိုတော် ရီဟန်နာ

Photo: အာကာသထဲ ခရီးထွက်ရန် အသင့်ဖြစ်နေသည့် ရီဟန်နာ
Thursday, October 31, 2013

ဘာဘေးဒိုးစ်ဖွား Popဂီတ အဆိုတော်လေးသည် ဆာရစ်ချတ် ဘရန်ဆန်၏ Virgin Galactic အာကာသ ခရီးသွား အစီအစဉ်အတွက် လက်မှတ်ကြိုဝယ်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

ရီဟန်နာ အနေဖြင့် အာကာသထဲ ခရီးထွက်ရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ဘာဘေးဒိုးစ်ဖွား Popဂီတ အဆိုတော်လေးသည် ဆာရစ်ချတ် ဘရန်ဆန်၏ Virgin Galactic အာကာသ ခရီးသွား အစီအစဉ်အတွက် လက်မှတ်ကြိုဝယ်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။ Virgin Galacticသည် ကမ္ဘာ့လေထုကို ဖောက်ထွက်ကျော်လွန်ကာ အာကာသထဲသို့ သွားရောက်နိုင်မည့် အလည်အပတ် ခရီးစဉ် စီမံကိန်းဖြစ်ပြီး လိုက်ပါသူ တစ်ဦးအတွက် ဒေါ်လာ (၂၅၀၀၀၀) တန်ဖိုးသတ်မှတ်ထားသည်။ ရီဟန်နာသည် ယင်းအစီအစဉ်တွင် (၃)ဦးစာ လက်မှတ် ဝယ်ယူပြီး ဒေါ်လာ (၇၅၀၀၀၀) အကုန်အကျ ခံထားသည်။

ရီဟန်နာနှင့် နီးစပ်သူ တစ်ဦးက "သူက ဒီပျံသန်းမှု ခရီးစဉ်မှာ လိုက်ပါသွားဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီးသားပါ။ ရီဟန်နာက ကလေးဘဝ ကတည်းက အာကာသနဲ့ ပတ်သက်သမျှ သိချင်စိတ်ပြင်းပြပြီး မက်မက်မောမော ရှိတတ်ပါတယ်။ ဒီခရီးစဉ်က သူ့အတွက် အိပ်မက်တစ်ခု လက်တွေ့ ဖြစ်လာတာလို့တောင် ယူဆနိုင်မှာပါ"ဟု ပြောကြားခဲ့သည်။ လာမည့်နှစ်တွင် ကမ္ဘာ့လေထုမှ ဖောက်ထွက်ရန် အလုံးစုံ ပြင်ဆင်ထားသည့် ခရီးစဉ်အတွက် ရီဟန်နာသည် ကိုယ်တိုင်အပြင် မောင်ငယ် ရော်ရီနှင့် သက်တော်စောင့် တစ်ဦးတို့အတွက်ပါ လက်မှတ်အပိုဆောင်း ဝယ်ထားခြင်း ဖြစ်သည်။ Virgin Galactic၏ ပထမဆုံး အာကာသ ခရီးစဉ်တွင် ရီဟန်နာအပြင် အခြားနာမည်ကျော်များအဖြစ် အက်ရှ်တန်ကက်ချာ၊ မီလာကူးနစ်၊ ဂျက်စတင်ဘီဘာနှင့် လီယိုနာဒို ဒီကာပရီယိုတို့လည်း လိုက်ပါကြမည်ဟု သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: October. 31 .2013
ဘာဘေးဒိုးစ်ဖွား Popဂီတ အဆိုတော်လေးသည် ဆာရစ်ချတ် ဘရန်ဆန်၏ Virgin Galactic အာကာသ ခရီး
သွား အစီအစဉ်အတွက် လက်မှတ်ကြိုဝယ်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

"ချဲလ်ဆီးကွင်းလယ်လူဂျူအန်မာတာအား PSG စိတ်ဝင်စား"

Photo: "ချဲလ်ဆီးကွင်းလယ်လူဂျူအန်မာတာအား PSG စိတ်ဝင်စား"
Thursday, October 31, 2013

ပြင်သစ်လီဂူး(၁)လက်ရှိချန်ပီယံ PSG အသင်းသည်ချဲလ်ဆီးအသင်းတွင်
ပုံမှန်တစ်နေရာပျောက်ဆုံးနေသောအသက်(၂၅)နှစ်အရွယ်ကွင်းလယ်
ဖန်တီးရှင်ဂျူအန်မာတာအားပြောင်းရွှေ့ရန်ပေါင်(၃၅)သန်းဖြင့်လာမည့်
ဇန်န၀ါရီအပြောင်းအရွေ့ကာလတွင်ခေါ်ယူရန်ပြင်ဆင်နေကြောင်း
Goal.com မှ ဖော်ပြလိုက်သည်။

ချဲလ်ဆီးအသင်း၏(၂)နှစ်ဆက်တိုက်အကောင်းဆုံးကစားသမားဆုရှင် မာတာမှာယခုနှစ်ရာသီချဲလ်ဆီးအသင်းတွင်ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေရာလာမည့်၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲဝင်စပိန်အသင်းလူစာရင်းနှင့်လွဲချော်မည်ကိုအထူးစိုးရိမ်နေပြီးထို့ကြောင့်နည်းပြမော်ရင်ဟို၏ချဲလ်ဆီးအသင်းတွင်နေရာ ဆက်ပျောက်နေလျှင်အသင်းပြောင်းရွှေ့ဖွယ်ရှိနေသည်။

The Top Soccer League Channel

RangonNewsDaily:: October. 31 .2013
ပြင်သစ်လီဂူး(၁)လက်ရှိချန်ပီယံ PSG အသင်းသည်ချဲလ်ဆီးအသင်းတွင် ပုံမှန်တစ်နေရာပျောက်ဆုံးနေသော
အသက်(၂၅)နှစ်အရွယ်ကွင်းလယ်ဖန်တီးရှင်ဂျူအန်မာတာအားပြောင်းရွှေ့ရန်ပေါင်(၃၅)သန်းဖြင့်လာမည့်ဇန်
န၀ါရီအပြောင်းအရွေ့ကာလတွင်ခေါ်ယူရန်ပြင်ဆင်နေကြောင်းGoal.com မှ ဖော်ပြလိုက်သည်။

အစီအစဉ် တင်ဆက်သူအဖြစ် လီဗာပူးလ် အသင်းရဲ့ အားဖြည့်ခေါ်ယူမှုကို ပရိသတ် အထူးစိတ်ဝင်စားဖွယ်ရှိ

Photo: လီဗာပူးလ်၏ အားဖြည့်ခေါ်ယူမှုကို ပရိသတ် အထူးစိတ်ဝင်စားဖွယ်ရှိ
Thursday, October 31, 2013

အသက်(၂၉)နှစ်ရှိ ရိုဆာနာကို အစီအစဉ် တင်ဆက်သူအဖြစ် ခန့်အပ်ခြင်းသည် ရုပ်သံလိုင်းအပေါ် လူကြိုက်များမှုကို မြှင့်တင်မည့် နည်းလမ်းတစ်ခုဟု လီဗာပူးလ်က မျှော်လင့်ထား

လီဗာပူးလ်၏ အားဖြည့်ခေါ်ယူမှုကို ပရိသတ် အထူးစိတ်ဝင်စားဖွယ်ရှိ
လီဗာပူးလ် အသင်းသည် ပရိသတ် စိတ်ဝင်စားစေမည့် စာချုပ်ခေါ်ယူမှုအသစ် တစ်ခုကို ပြုလုပ်လိုက်ပြီ ဖြစ်သည်။ သို့သော်လည်း အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအသင်းသည် ကစားသမားသစ် တစ်ဦးကို ခေါ်ယူခြင်း မဟုတ်ဘဲ အသင်းပိုင် ရုပ်သံလိုင်းဖြစ်သည့် LFC TVအတွက် မယ်ကမ္ဘာဆုရှင်ဟောင်း ရိုဆာနာ ဒါဗစ်ဆင်ကို စာချုပ်ခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ အိုင်ယာလန်သူ ရိုဆာနာသည် ဗြိတိန်တွင် လူသိများသည့် အဆိုတော် ခရစ်ဒီဘာ့ဂ်ျ၏ သမီးလည်း ဖြစ်သည်။ အသက်(၂၉)နှစ်ရှိ ရိုဆာနာကို အစီအစဉ် တင်ဆက်သူအဖြစ် ခန့်အပ်ခြင်းသည် ရုပ်သံလိုင်းအပေါ် လူကြိုက်များမှုကို မြှင့်တင်မည့် နည်းလမ်းတစ်ခုဟု လီဗာပူးလ်က မျှော်လင့်ထားသည်။

ရိုဆာနာသည် ယခုအခါ လီဗာပူးလ်အတွက် မိနစ်(၃၀)စာ အစီအစဉ် နှစ်ခုကိုပင် စမ်းသပ်ရိုက်ကူးပြီး ဖြစ်နေကြောင်းလည်း သိရသည်။ အဆိုပါ အစီအစဉ်များသည် ကလပ်အသင်း၏ အထူးချွန်ဆုံး အိုင်ယာလန်နှင့် နိုင်ငံတကာ အခြေစိုက် ကစားသမားများအကြောင်း မှတ်တမ်းဗီဒီယိုများ ဖြစ်ကြပြီး ယခုနှစ်အတွင်းမှာပင် ထုတ်လွှင့်ရန် စီစဉ်ထားသည်။ "ကျွန်မက လီဗာပူးလ်ရဲ့ ပရိသတ် တစ်ယောက်ပါ။ ခုလို အသင်းနဲ့အတူ အလုပ်လုပ်ခွင့် ရတာကို ကျွန်မ အင်မတန်မှ ကြည်နူးမိပါတယ်"ဟု ရိုဆာနာက ပြောကြားခဲ့သည်။ သူမက ဆက်လက်၍ "ဒါဟာ အစပြုမှုပဲ ဖြစ်ဦးမှာပါ။ အသင်းနဲ့ ရေရှည် လက်တွဲဖို့ ကျွန်မ မျှော်လင့်ထားပါတယ်"ဟုလည်း ဖွင့်ဟခဲ့သည်။

ရိုဆာနာသည် (၂၀၀၃)ခုနှစ်တွင် မယ်ကမ္ဘာဆုကို ရရှိခဲ့သည့်နောက် မယ်ကမ္ဘာ ပြိုင်ပွဲကို နိုင်ငံကိုယ်စားပြု တက်ရောက်ယှဉ်ပြိုင်ခဲ့သလို (၅၂)ကြိမ်မြောက် မယ်ကမ္ဘာဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ယင်းသည် အိုင်ယာလန် ကိုယ်စားပြု အလှမယ် တစ်ဦးအနေဖြင့် မယ်ကမ္ဘာဆုကို ပထမဆုံးအကြိမ် ရရှိခြင်းလည်း ဖြစ်သည်။ ရိုဆာနာသည် အမေရိကန်နှင့် ဂျာမနီထုတ် Playboy မဂ္ဂဇင်းများတွင် မယ်ကမ္ဘာဆုရှင် တစ်ဦးအနေဖြင့် ပထမဆုံး ကိုယ်ဟန်ပြရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ 

Planet Myanmar Network

RangonNewsDaily:: October. 31 .2013
လီဗာပူးလ်၏ အားဖြည့်ခေါ်ယူမှုကို ပရိသတ် အထူးစိတ်ဝင်စားဖွယ်ရှိ
လီဗာပူးလ် အသင်းသည် ပရိသတ် စိတ်ဝင်စားစေမည့် စာချုပ်ခေါ်ယူမှုအသစ် တစ်ခုကို ပြုလုပ်လိုက်ပြီ ဖြစ်သည်။

စစ်တောင်းမြစ်ရေ စံချိန်တင် မြင့်တက်မှုကြောင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေကြီးရေလျှံမှုဖြစ်

Photo

RangonNewsDaily:: October. 31 .2013
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်၊ ဆွာ၊ သာဂရနှင့် တောင်ငူမြို့နယ် များတွင် အောက်တိုဘာ
လ ၂၉ ရက်နေ့မှ စတင်ကာ စစ်တောင်းမြစ်ရေ စံချိန်တင် မြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွား
နေကြောင်းသတင်းရရှိပါသည်။

ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် လစာ တိုးပေးဖို့ အင်ဒိုနီးရှား တွင် သပိတ်မှောက်

Photo: လစာ တိုးပေးဖို့ အင်ဒိုမှာ သပိတ်မှောက်
Thursday, October 31, 2013

အင်ဒိုနီးရှား နိုင်ငံတလွှားမှာ ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့အတွက် လုပ်ခလစာတွေ တိုးပေးဖို့ ရာထောင်ချီတဲ့ အလုပ်သမားတွေ နှစ်ရက်ကြာ သပိတ်မှောက်မှုကို စတင်ခဲ့ကြပါတယ်။

နိုင်ငံစီးပွားရေး တိုးတက်လာတာနဲ့အမျှ အင်ဒိုနီးရှားမှာ သပိတ်မှောက် ဆန္ဒပြမှုတွေ တိုးလာနေပြီး အခုနှစ်ပိုင်းတွေအတွင်း စီးပွားရေး တက်လာတာနဲ့အမျှ တိုးပွားလာတဲ့ အမြတ်ရရှိမှုအပေါ် အလုပ်သမားတွေကလည်း ခံစားခွင့် တိုးလိုချင်ကြောင်း တောင်းဆိုလာကြတာ ဖြစ်ပါတယ်။

ငွေဖောင်းပွမှုနှုန်း တိုးလာပြီး လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အပေါ် လိုက်လျောညီထွေ ဖြစ်အောင် အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကိုလည်း ၅၀ ရာခိုင်နှုန်း တိုးပေးဖို့ အလုပ်သမား သမဂ္ဂတွေက အဓိကထား တောင်းဆိုခဲ့ကြပါတယ်။

အင်ဒိုနီးရှားမှာ ပြည်နယ်ဒေသနဲ့ လုပ်ငန်းဆိုင်ရာအလိုက် အနိမ့်ဆုံးလုပ်ခက ကွာခြားပေမယ့် ပျမ်းမျှပေးငွေက တရုတ်နဲ့ အိန္ဒိယမှာ ပေးနေတဲ့ နှုန်းထက် သိသိသာသာကို နည်းနေဆဲ ဖြစ်ပါတယ်။

BBC

RangonNewsDaily:: October. 31 .2013
အင်ဒိုနီးရှား နိုင်ငံတလွှားမှာ ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့အတွက် လုပ်ခလစာတွေ တိုးပေးဖို့ ရာထောင်ချီတဲ့ အလုပ်သမားတွေ နှစ်ရက်ကြာ သပိတ်မှောက်မှုကို စတင်ခဲ့ကြပါတယ်။

LG G2 ဖုန်း ပထမဆုံး ၀ယ်ယူသူ (၁၀၀)ကို ကျပ် 599,000 ဖြင့် ရောင်းချ သွားမည်

Photo: LG G2 ဖုန်း ပထမဆုံး ၀ယ်ယူသူ (၁၀၀)ကို ကျပ် 599,000 ဖြင့် ရောင်းချ သွားမည်


တောင်ကိုးရီးယားနိုင်ငံ အခြေစိုက် LG ကုမ္ပဏီမှ ထုတ်လုပ်လိုက် သည့် နောက်ကျောဘက်တွင် အသံအတိုး အကျယ်ခလုတ်ပါရှိသည့် LG G2 ဖုန်းကို မြန်မာနိုင်ငံတွင် နိုဝင်ဘာလ (၃) ရက်နေ့တွင် ၅၉၉,၀၀၀ ဖြင့် ရောင်း ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဝယ်ယူသူများအနေဖြင့် အထူးလက်ဆောင်အနေဖြင့် ကျပ် ငါးသောင်း တန်ဖိုးရှိ Quick Cover များ အပြင် ကျပ် ရှစ်သောင်းခွဲတန်ဖိုးရှိ Stereo Bluetooth Headset ကိုပါ လက်ဆောင်ထည့်သွင်းပေးခြင်းတို့ ဖြစ် သည်။

“ကျနော်တို့ စမတ်ဖုန်းပြုလုပ်သူများရဲ့ စိတ်ကူးထဲမှာ ယင်းတို့ပြုလုပ်တဲ့ ဒီဇိုင်းဆန်းများကို နှစ်သက်စေနိုင်မယ့် စိတ်ကူးကောင်းများ ရှိပါတယ်။ သုံးစွဲသူများအပေါ် ပြီးပြည့်စုံသော စိတ်ကူးကောင်းများကို အခြေခံပြီး အကောင်းဆုံးဝန်ဆောင်မှုများ ပေးနေပါတယ်”ဟု LG Electronic ၏ CEO နှင့် ဥက္ကဌဖြစ်သူ DR. JONG-SOK PARK က ပြောကြားခဲ့သည်။

ထို့နောက် အဆိုပါပွဲသို့ တက်ရောက်လာသူများကို ပုံတူရှပ်ပြောင် ပညာရှင်များ၏ ပန်းချီရေးဆွဲပေးခြင်း၊ မျက်လှည့်ပညာရှင် ၏ ဖျော်ဖြေတင်ဆက်ခြင်း၊ တားရော့စ်ဗေဒင် တွက်ချက်ပေးခြင်းနှင့် အခြားပျော်ရွှင်ဖွယ် အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပ ပြုလုပ် သွားမှာဖြစ်သည့်အပြင် နာမည်ကြီး အနုပညာရှင်များဖြစ် သည့် Rဇာနည်၊ SNARE၊ မိစန္ဒီ၊ နန်းသူဇာနှင့် နန်းမြတ်ဖြိုးသင်းတို့မှ သီချင်းများ သီဆိုဖျော်ဖြေမည့်အပြင် G2 ၀ယ်ယူသူများအတွက် အမှတ်တရ လက်မှတ်ထိုးပေးခြင်း၊ ဓါတ်ပုံအတူ တွဲရိုက်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေး သွားမည်ဖြစ်သည်။

လက်ရှိတွင် LG G2 ဖုန်းများကို PRE-ORDER မှာယူလိုသူများ အတွက် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင် ပြီး LG BRAND SHOP များ၊ ဝေယံ ELECTRONICS တွင်လည်း  ကြိုတင်စာရင်းပေး သွင်းနိုင်ကြောင်း သိရ သည်။ ဖုန်းမှတစ်ဆင့် စာရင်းပေးသွင်း လိုသူများအတွက် ၀၁- ၈၆၀ ၃၄၉၉ ကို ဆက်သွယ်ပေးသွင်းနိုင်ပါသည်။
 
Key Spcifications:

-Processor: 2.26 GHz Qualcomm Snapdragon 800 featuring quad Krait CPU
-Display: 5.2inch Full HD IPS (1080×1920 pixels/423ppi)
-Memory: 32GB/16GB
-RAM 2GB LPDDR3 800MHz
-Camera Rear 13.0MP with OIS/ Front 2.1MP
-Battery: 3,000mAh
-Operating System: Android Jelly Bean 4.2.2
-Size: 138.5×70.9×8.9mm
-Colors: Black/White

. 
ရိုးရာလေး နည်းပညာ 

http://www.yoyarlay.com/science-tech/mobile/38456-lg-g2-will-launch-in-yangon

.


RangonNewsDaily:: October. 31 .2013
တောင်ကိုးရီးယားနိုင်ငံ အခြေစိုက် LG ကုမ္ပဏီမှ ထုတ်လုပ်လိုက် သည့် နောက်ကျောဘက်တွင် အသံအတိုး အကျယ်ခလုတ်ပါရှိသည့်LG G2ဖုန်းကို မြန်မာနိုင်ငံတွင် နိုဝင်ဘာလ (၃)ရက်နေ့တွင်၅၉၉,၀၀၀ ဖြင့် ရောင်း
ချသွားမည်ဖြစ်ကြောင်း သိရသည်။

အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့ 

Photo: အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့  


နိုဘယ်ဆုရ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာများက အောက်ပါ အတိုင်း ဖြစ်ပါတယ်။ 

၁။ အိုင်းစတိုင်းဟာ အသက် ၄ နှစ်အရွယ်ကစလို့ စကားပြောတတ်ခဲ့ပါတယ်။ သို့ပေမယ့် အသက် ၉ နှစ်အထိ စကားကို ပီပီပြင်ပြင်၊ များများစားစား မပြောနိုင်ပါဘူး။ တစ်ရက် မိသားစုနှင့် ညစာစားစဉ်ချိန်မှ " The Soup is too hot" လို့ စပြောပြီး သူစကားပြောတတ်ရဲ့ သားနဲ့ မပြောပဲ နေခဲ့ တယ်ဆိုတာ ကို သိသွားပါတယ်။ သူ့ရဲ့ အကြောင်းပြချက်ကတော့ “Because up to now everything was in order." ဖြစ်ပါတယ်။ 

၂။ အသက် ၅ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက သူ့ကို  သံလိုက်အိမ်မြောင် တစ်ခု လက်ဆောင်ပေးခဲ့ပြီး ရူပဗေဒပညာအပေါ် ရူးသွတ်ခြင်းကို ယင်း သံလိုက် အိမ်မြောင်မှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ သံလိုက်အိမ်မြောင်ဟာ ဘာလို့ အရပ် မျက်နှာပြသမှုမှာ ပုံသေဖြစ်နေရတာလည်းကို စတင် စိတ်ဝင်စား ခဲ့ခြင်း ဖြစ် ပါတယ်။ 

၃။ ကျောင်းပညာရေးမှာ ညံ့ဖျင်းပြီး စာမေးပွဲတောက်လျှောက်ကျတဲ့ အတွက် ကျောင်းအထုတ်ခံရပါတယ်။ အသက် ၁၇ နှစ်အရွယ်က လည်း ကောလိပ်ဝင်ခွင့်ဖြေဆိုတာ သင်္ချာနဲ့ ရူပဗေဒကလွဲလို့ ကျန်တဲ့ ဘာသာတွေ ကျပါတယ်။ 

၎။ အိုင်းစတိုင်း နှစ်သက်တဲ့ ပစ္စည်းနှစ်ခုကတော့ ခေါင်းဖီး နဲ့ ခြေအိတ်ဖြစ် ပါတယ်။ 

၅။ City Light အမည်ရ ဟောလိဝုဒ်ရုပ်ရှင် ရုံအတင်ဖွင့်ပွဲကို အိုင်းစတိုင်းရောက်ဖြစ်စဉ် ဟာသမင်းသား ချာလီချက်ပလင် နဲ့ တွေ့ဆုံစဉ် ချာလီမှ သူ့ကို စကားတစ်ခွန်းပြောခဲ့ပါတယ်။ "ကျွန်တော့ကိုကျ လူတွေ နားလည်လို့ အားပေးကြတယ်။ ခများကိုကျ လူတွေနားမလည်လို့ အားပေးကြတယ်" 

၆။ အိုင်းစတိုင်း ပထမဇနီး Mileav Maric နဲ့လမ်းခွဲရတဲ့အကြောင်းက သူ့မှာ မောင်နှမဝမ်းကွဲတော်သူ မိန်းကလေး Elsa နဲ့ချစ်ကြိုက်နေ လို့ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်းစတိုင်းဟာ အိမ်ထောင်ရေးဖောက်ပြန်သူ တစ်ဦး (Adultery) ဖြစ်ပါတယ်။ 

၇။ ဟစ်တလာက အိုင်းစတိုင်းကို နံပါတ်တစ် ပြည်သူ့ ရန်သူ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

၈။ အိုင်းစတိုင်းကွယ်လွန်ချိန်မှာ သူ့ဦးနှောက်ကို အဖယ်ရှားခံခဲ့ရပါတယ်။ သူ့မိသားစု ခွင့်ပြုချက်ကို နှစ်အတော်ကြာမှ ပြန်လည်တောင်း ဆိုတာ ဖြစ်ပါတယ်။ ဖယ်ရှားသူကတော့ ဒေါက်တာ သောမတ်စ် (Thomas Stoltz Harvey) ဖြစ်ပြီး လေ့လာစစ်ဆေးရန် ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား က ဆေးပညာရှင်၊ Scientist များထံ ပို့ခဲ့ပြီး အဖြေရှာရာ သာမန်လူတွေထက် ထူးခြားတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ 

၉ ။ အိုင်းစတိုင်းဟာ တယောတီး ဝါသနာ ပါသူ တစ်ဦးဖြစ်ပါတယ်။ " အကယ်၍ ရူပဗေဒပညာရှင်သာ ဖြစ်မလာရင်၊ ကျွန်တော်ဟာ အနုပညာရှင် တစ်ဦး ဖြစ်နေလောက်ပါပြီ။ သီချင်းတွေကို ထိုင်တွေးနေမိပြီး အိပ်မက်ထဲမှာလည်း သီချင်းတွေကြားထဲမှာ နေထိုင်နေပါတယ်။ တယောတီးမိတဲ့ အချိန်ကျ ဘဝရဲ့ အပျော်ဆုံး အချိန်တစ်ခုလိုပဲ သတ်မှတ်ခံစားရပါတယ်" လို့ပြောဆိုခဲ့ဖူးပါတယ်။ 
----
Via:unusualfact

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/health/health-article/38459-what-the-eistain-is

.

RangonNewsDaily:: October. 31 .2013
နိုဘယ်ဆုရကမ္ဘာကျော်ရူပဗေဒပညာရှင်အဲလ်ဘတ်အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်း
အရာများက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်၏ အခြေပြစာရင်းတွင် မြန်မာအောက်ဆုံးက ပါဝင်နေ

Photo: ကမ္ဘာ့ဘဏ်၏ အခြေပြစာရင်းတွင် မြန်မာအောက်ဆုံးက ပါဝင်နေ
Thursday, October 31, 2013

မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲ မှုတွေကြောင့် နာမည်ကောင်းရနေပေမယ့် ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာထုတ်ပြန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြ နိုင်ငံများစာရင်းမှာ အောက်ဆုံးပိုင်းက ပါဝင်နေပါတယ်။

ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ ကမ္ဘာမှာ စီးပွားရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့ အကောင်းဆုံးနဲ့ အဆိုးဆုံး နိုင်ငံများစာရင်းပါ နိုင်ငံပေါင်း ၁၈၉ နိုင်ငံထဲမှာ မြန်မာက အဆင့် ၁၈၂ မှာရှိပါတယ်။

မြန်မာရဲ့နောက်မှာ အီရီထရီးယား၊ ချတ်၊ ဆူဒန် စတဲ့နိုင်ငံတွေရှိပါတယ်။ ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်နေတဲ့ Doing Business Report ခေါ် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေး အခြေပြနိုင်ငံများစာရင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတာ နှစ်နှစ်လောက်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံကို ဒီနှစ်ပထမဆုံးအကြိမ် ထည့်သွင်းဖော်ပြခဲ့တာပါ။

ကမ္ဘာ့ဘဏ်ရဲ့ စာရင်းမှာ စီးပွားရေး စတင်ဆောင်ရွက်တဲ့နေရာမှာ လွယ်ကူမှုအခြေအနေ၊ ခက်ခဲတဲ့အခြေအနေတွေ အပေါ်မုတည်ပြီး နိုင်ငံတွေကို အဆင့်သတ်မှတ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း စတင်ထူထောင်ဖို့၊ စရိတ်စက ကြီးမားလွန်းပြီး၊ လုပ်ငန်းထူထောင်ဖို့ အဆင့်တွေကလည်း ခက်ခဲကြာမြင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကုမ္ပဏီတစ်ခု မှတ်ပုံတင်ဖို့ ၇၂ ရက်လောက်ကြာမြင့်ပေမယ့် စင်္ကာပူနိုင်ငံမှာ သုံးရက်တောင်မကြာဘူးလို့ ဆိုပါတယ်။

ဒါ့ပြင် ဥပဒေဟောင်းတွေကို အသစ်တွေနဲ့ အစားထိုးရဦးမှာဖြစ်သလို လုပ်ငန်းကန်ထရိုက်ဆိုင်ရာကိစ္စတွေမှာလည်း တီမောနိုင်ငံထက် နည်းနည်းပဲသာတယ်လို့ စာရင်းမှာဖော်ပြထားပါတယ်။

RFA

RangonNewsDaily:: October. 31 .2013
မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲ မှုတွေကြောင့် နာမည်ကောင်းရနေပေမယ့် ကမ္ဘာ့ဘဏ်ကအင်္ဂါနေ့မှာထုတ်
ပြန်ခဲ့တဲ့စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြ နိုင်ငံများစာရင်းမှာ အောက်ဆုံးပိုင်းကပါဝင်နေပါတယ်။

စာသင်ကျောင်းများ အနီးတစ်ဝိုက် ဆေးလိပ်ဆိုင် ၁၀ ဆိုင် ပိတ်သိမ်းရန် သတိပေး

Photo: စာသင်ကျောင်းများ အနီးတစ်ဝိုက် ဆေးလိပ်ဆိုင် ၁၀ ဆိုင် ပိတ်သိမ်းရန် သတိပေး
Thursday, October 31, 2013

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်း စာသင်ကျောင်း ခုနစ်ကျောင်း အနီးတစ်ဝိုက်ရှိ ဆေးလိပ်အရောင်းဆိုင် ၁၀ ဆိုင်ကို ပိတ်သိမ်းရန် စားသုံးသူ ကာကွယ်ရေးအသင်းက အောက်တိုဘာလ ၃၀ ရက်နေ့တွင် လိုက်လံ နှိုးဆော်ခဲ့ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

ယင်းဆေးလိပ် အရောင်းဆိုင်များသည် စာသင်ကျောင်း၏ ကိုက်တစ်ရာ ပတ်လည်တွင် တည်ရှိသော ဆိုင်များဖြစ်ကြောင်း၊ ပထမအဆင့်အနေနှင့် သတိပေး ပိတ်သိမ်းမှုပြီးပါက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအတိုင်း အရေးယူသည်အထိ ဆောင်ရွက်ရန် ရှိကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

ယင်းအပြင် ပိတ်သိမ်းခိုင်းသည့် ဆိုင်များတွင် ‘အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို ဆေးလိပ် လုံးဝမရောင်းပါ’၊ ‘ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်’ ဆိုသည့် စာတန်းပါ စတေကာများကို ကပ်ခဲ့ကြောင်း၊ တစ်ပတ်တစ်ကြိမ် လိုက်လံ စစ်ဆေးသွားရန် စီစဉ်ထားကြောင်း ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။
“ဥပဒေအရ အရေးယူမယ် ဆိုရင်တော့ ပထမဆုံး ပညာပေးတဲ့အဆင့် အရင်လုပ်သင့်တာပေါ့” ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က အကြံပြု ပြောဆိုသည်။

ဆေးလိပ် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအရ ဆေးလိပ်သောက်ခွင့် မရှိသော နေရာများတွင် ကျောင်း ပတ်ဝန်းကျင်လည်း ပါဝင်သည့်အတွက် ကျောင်းအုပ်များကို ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များရှိရာ ကျောင်း ပတ်ဝန်းကျင်တွင် ဆေးလိပ်ရောင်းနေသောဆိုင် မရှိစေရန် ကျောင်းအုပ်များကလည်း ဆောင်ရွက်ရန် လိုကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံတို့၏ သင်ကြားရေးခန်းမနှင့် ရုံးခန်းများတွင် ဆေးလိပ် သောက်သုံးမှုကို တားမြစ်ထားကြောင်း၊ ပထမအဆင့် ကျူးလွန်ပါက ပညာပေးခြင်း၊ အုပ်ထိန်းသူထံ သတိပေးခြင်းတို့ ပြုလုပ်နိုင်ပြီး ဒုတိယအဆင့် ထပ်မံကျူးလွန်လျှင် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူ ခံရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

The Voice Weekly

RangonNewsDaily:: October. 31 .2013
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်း စာသင်ကျောင်း ခုနစ်ကျောင်း အနီးတစ်ဝိုက်ရှိ ဆေးလိပ်အ
ရောင်းဆိုင်၁၀ဆိုင်ကို ပိတ်သိမ်းရန် စားသုံးသူ ကာကွယ်ရေးအသင်းက အောက်တိုဘာလ ၃၀ ရက်နေ့တွင် လိုက်လံ နှိုးဆော်ခဲ့ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

ရက်ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် အခု ၁၈၀ လုပ်လို့ ပရိုဂမ်မာဖြစ်ခဲ့သူ

Photo: ရက်ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် အခု ၁၈၀ လုပ်လို့ ပရိုဂမ်မာဖြစ်ခဲ့သူ
Thursday, October 31, 2013

အမည်ကတော့ Jennifer Dewalt လို့ခေါ်ပါတယ်။ ပန်းချီဆွဲတဲ့ အတတ် ပညာတစ်ခုသာ တတ်မြောက် ထားပေမယ့် ဝဘ်ဆိုဒ်ရေးသားတဲ့ Web Programming အလုပ်အပေါ် စိတ်ပါဝင်စားမှု ရှိခဲ့ပြီး ပရိုဂမ်မာ တစ်ယေက်ဖြစ်ဖို့ သူမ ကြိုးစားပါတော့မယ်။ အရင်ဆုံး Plan ဆွဲပါတယ်။

Plan ကတော့ ရှင်းပါတယ်။ JFDI ပါ။ Just *ucking do it လို့ခေါ်တဲ့ မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ခံယူချက်တစ်ခု ထားလိုက်ပြီး ရက် ပေါင်း ၁၈၀ အတွင်း ဝဘ်ဆိုဒ် ၁၈၀ ခု ပြီးရမယ်။ ပြီးတော့ ဆိုဒ်ကို Public မြင်အောင်ပြသမယ်။ ပြီးတော့ အဲ့အတွက် နေ့တိုင်း ခံစားချက်ရေးသားတဲ့ Blog လုပ်မယ်လို့ အလုပ် သုံးခုကို Plan ဆွဲပြီး လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ တစ်ရက်ကို တစ်ဆိုဒ်နှုန်းနဲ့ စတင် ရေးသားစဉ် အခက်အခဲ များစွာ ရှိပေမယ့် တစ်ဆင့်ပြီး တစ်ဆင့်ဖြည်းဖြည်းဆီ တက်သွားတော့ ရည်မှန်းချက်အတိုင်း အောင်မြင် သွားပါတယ်။

အောင်မြင်ပြီးသွားချိန်မှာ သူမဟာ ပရော်ဖရှင်နယ် ဝဘ်ပရိုဂမ်မာ တစ်ယောက် ဖြစ်သွားပါပြီ။ တစ်ရက်ကို Page တစ်ခုနှုန်းဆွဲလိုက်တာ Website အခု ၁၈၀ ပြီးပြီး နာမည်ကျော်လာတဲ့ Jennifer Dewalt ရဲ့  ဝဘ်ဆိုဒ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://jenniferdewalt.com

အောင်ခမ်း (TSJ Team) 

TechSpace Journal

RangonNewsDaily:: October. 31 .2013
အမည်ကတော့ Jennifer Dewalt လို့ခေါ်ပါတယ်။ ပန်းချီဆွဲတဲ့ အတတ် ပညာတစ်ခုသာ တတ်မြောက် ထား
ပေမယ့်ဝဘ်ဆိုဒ်ရေးသားတဲ့ Web Programmingအလုပ်အပေါ် စိတ်ပါဝင်စားမှု ရှိခဲ့ပြီး ပရိုဂမ်မာ တစ်ယေက်
ဖြစ်ဖို့ သူမ ကြိုးစားပါတော့မယ်။ အရင်ဆုံး Plan ဆွဲပါတယ်။

စတိဗ်ဂျော့ဘ်၏ နေအိမ်ဟောင်းကို သမိုင်းဝင်နေရာအဖြစ် သတ်မှတ်

Photo: စတိဗ်ဂျော့ဘ်၏ နေအိမ်ဟောင်းကို သမိုင်းဝင်နေရာအဖြစ် သတ်မှတ်
Thursday, October 31, 2013

ဆီလီကွန်တောင်ကြား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင်က ကယ်လီဖိုးနီးယားရှိ အဆိုပါ နေအိမ်လေးကို သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာသည်။

စတိဗ်ဂျော့ဘ် နေထိုင်ခဲ့သည့် နေအိမ်ကို သမိုင်းဝင် အထိမ်းအမှတ် နေရာတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ဆီလီကွန်တောင်ကြား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင်က ကယ်လီဖိုးနီးယားရှိ အဆိုပါ နေအိမ်လေးကို သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာသည်။ နောင်တစ်ချိန်တွင် ကမ္ဘာကျော် နည်းပညာ ဖခင်ကြီးတစ်ဦး ဖြစ်လာမည့် ဂျော့ဘ်သည် ပထမဆုံး Apple ကွန်ပျူတာလေးများကို ယင်းနေအိမ်တွင် ဒီဇိုင်းထုတ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ လယ်တောအိမ်လေး တစ်ခုနှင့် ဆင်တူသည့် နေအိမ်ဟောင်းလေးသည် ယခင်ကတည်းက ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်တစား လည်ပတ်သည့် နေရာလေးတစ်ခု ဖြစ်နေခဲ့သည်။

ဂျော့ဘ်သည် Appleကို (၁၉၇၆)ခုနှစ်တွင် စတင်တည်ထောင်သည်။ ဂျော့ဘ်သည် Appleကို (၁၉၇၆)ခုနှစ်တွင် စတင်တည်ထောင်သည်။ ဂျော့ဘ်အနေဖြင့် ၎င်းအလွန် ချစ်မြတ်နိုးသည့် လုပ်ငန်းကြီးကို ကမ္ဘာ့အထည်ဝါဆုံး နည်းပညာ ကုမ္ပဏီကြီးအဖြစ် ဆွဲတင်ပေးခဲ့ပြီးနောက် (၂၀၁၁)ခုနှစ်က အသက်(၅၆)နှစ် အရွယ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ လော့စ်အေလ်တို့စ်ရှိ အဆိုပါ နေအိမ်ကို ပိုင်ဆိုင်သည့် ဂျော့ဘ်၏ အစ်မက ဆီလီကွန်တောင်ကြား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင်၏ ပန်ကြားမှုအတွက် လိုလိုလားလား သဘောတူ ကူညီခဲ့ကြောင်း သိရသည်။

"ဂျော့ဘ်ဟာ ဆီလီကွန်တောင်ကြား လူ့အဖွဲ့အစည်းရဲ့ ဂုဏ်အယူရဆုံး ပြယုဂ်တစ်ခုပါ"ဟု ကော်မရှင်မှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဇာချာရီဒါးလ်က မှတ်ချက်ပြုခဲ့သည်။ ဂျော့ဘ်၊ စတိဗ်ဝေါ့ဇ်နီရက်ခ်နှင့် အခြားသော ပထမဆုံး Apple ဝန်ထမ်းများသည် Apple I ကွန်ပျူတာ အလုံး(၁၀၀)ကို ပထမဆုံးအကြိမ်အဖြစ် ယင်းနေအိမ် ဧည့်ခန်းလေးတွင် တပ်ဆင်ခဲ့ကြသည်။ Apple ကုမ္ပဏီသည် နောက်ပိုင်းတွင် ကူပါတီနိုသို့ ပြောင်းရွှေ့ အခြေစိုက်ဖြစ်ခဲ့သည်။ ထိုနေအိမ်လေးတွင် လတ်တလော၌ ဂျော့ဘ်၏ မိထွေးက နေထိုင်နေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: October. 31 .2013
ဆီလီကွန်တောင်ကြား သမိုင်းကြောင်းဆိုင်ရာ ကော်မရှင်က ကယ်လီဖိုးနီးယားရှိ အဆိုပါ နေအိမ်လေးကို သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာသည်။

အကျဉ်းကျခံခဲ့ရသော နိုင်ငံရေးသမားများ၏ လက်နမူနာပုံစံများ ယူ၍ မော်ကွန်းတိုက်အသွင် ပြသမည်

Photo: အကျဉ်းကျခံခဲ့ရသော နိုင်ငံရေးသမားများ၏ လက်နမူနာပုံစံများ ယူ၍ မော်ကွန်းတိုက်အသွင် ပြသမည်
Thursday, October 31, 2013

အကျဉ်းကျခံခဲ့ရသော နိုင်ငံရေး သမားများ၏ လက်နမူနာပုံစံယူ၍ မော် ကွန်းတိုက်အနေဖြင့် ပြသသွားရန် ရှိ ကြောင်း ကိုထိန်လင်းက ပြောသည်။

''ဒါကတော့ အနုပညာ ပရော ဂျက်တစ်ခုအနေနဲ့ လုပ်တာပါ။ အနု ပညာရဲ့ အစိတ်အပိုင်းတစ်ခုပေါ့'' ဟု ကိုထိန်လင်းက ပြောသည်။

စစ်အာဏာရှင်ခေတ် ဖြတ်သန်း ခဲ့ရသည့်အချိန်တွင် လူအချင်းချင်း တစ် ယောက်လက်ကို တစ်ယောက် treat လုပ်၍ ဖြတ်သန်း ခဲ့ရကြောင်း၊ ယင်းကဲ့ သို့ ဖြတ်သန်းလာမှုကာလကို ကိုယ်စား ပြုသည့် အနေဖြင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများ၏ လက်များကို ပွား၍ နမူ နာပုံစံယူခြင်းဖြစ်ကြောင်း ကိုထိန်လင်း က ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ လက်ပုံစံ ၁ဝဝ ကျော်စုဆောင်းထားနိုင်ပြီး စုစု ပေါင်း ၁ဝဝဝ အထိ စုဆောင်းသွားမည် ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

''နိုင်ငံရေးသမားတွေရဲ့ လက်ပုံစံ တွေ ယူပြီး အနုပညာအဖြစ် ဖန်တီး တာ၊ အဲဒီအနုပညာပစ္စည်းကနေ တစ် ဆင့် နိုင်ငံရေးသမိုင်းတစ်ခုကို အသိ ပေးတာပါပဲ'' ဟု ကိုထိန်လင်းက ပြော သည်။

အဆိုပါ အကျဉ်းကျခံခဲ့ရသော နိုင်ငံရေးသမားများ၏ လက်ပုံစံများကို ယူ၍ ပြသထားမည့် မော်ကွန်းတိုက် သည် သမိုင်းပညာရှင်များ စု၍ ပြုလုပ် သည့် မော်ကွန်းတိုက်များကဲ့သို့ မဟုတ် ဘဲ နိုင်ငံရေးအနုပညာ မော်ကွန်း တိုက် ပုံစံ ဖြစ်ကြောင်း ကိုထိန်လင်းက ဆို သည်။


ရန်နိုင်
Popular Myanmar News Journal

RangonNewsDaily:: October. 31 .2013
အကျဉ်းကျခံခဲ့ရသော နိုင်ငံရေး သမားများ၏ လက်နမူနာပုံစံယူ၍ မော် ကွန်းတိုက်အနေဖြင့် ပြသသွားရန် ရှိ
 ကြောင်း ကိုထိန်လင်းက ပြောသည်။

ယာဉ်သစ်ဝယ်ထားသူများ မိမိပိုင်ယာဉ် တရားဝင်မှတ်ပုံတင်ထားသောယာဉ် ဟုတ်၊ မဟုတ် လာရောက်စစ်ဆေးရန် သတင်းထုတ်ပြန်

RangonNewsDaily:: October. 31 .2013
မော်တော်ယာဉ်မှတ်ပုံတင်အတုများ လုပ်ဆောင်ပေးနေသည်များ ရှိနေသဖြင့် မော်တော်ယာဉ်လက်ဝယ် ၀ယ်ယူထားသူများအနေဖြင့် မိမိပိုင်ယာဉ်သည် တရားဝင်မှတ်ပုံတင်ထားသည့်ယာဉ် ဟုတ်၊ မဟုတ် လာရောက်စစ်ဆေးကြပါရန်ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

'အ'အက္ခရာ ယာဉ်များနှင့် သက်တမ်း ၂ဝ ကျော်ယာဉ် လေလံယာဉ်များ အပ်နှံမှု နေ့ချင်းပြီး လက်ခံမှု စတင်

Photo: 'အ'အက္ခရာ ယာဉ်များနှင့် သက်တမ်း ၂ဝ ကျော်ယာဉ် လေလံယာဉ်များ အပ်နှံမှု နေ့ချင်းပြီး လက်ခံမှု စတင်
Thursday, October 31, 2013

ယာဉ်အို၊ ယာဉ်ဟောင်းများ ပယ်ဖျက်၍ အစားထိုး ယာဉ်များ တင်သွင်းခြင်းကို နိုင်ငံတော်မှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၉ ရက်မှ စတင်၍ ''အ''အက္ခရာ နှင့် သက်တမ်း ၂ဝ ကျော် ယာဉ်များ အပါအဝင် လေလံယာဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ပေးလျက် ရှိရာ ရန်ကုန်တိုင်း ဒေသကြီး က-ည-န (မြင်သာ) တွင် နေ့ချင်းပြီး စတင် ဆောင်ရွက်ပေး နေကြောင်း သိရသည်။

''ကျွန်တော်တို့ က-ည-န (မြင်သာ) အနေနဲ့ ''အ''အက္ခရာ အပြင်ယာဉ်အို၊ ယာဉ်ဟောင်း တွေကို နေ့စဉ်နံနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ လက်ခံ ဆောင်ရွက်ပေး နေပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး က-ည-န (မြင်သာ) ဦးစီးအရာရှိ ဦးခင်မောင်လွင်က ပြောကြား ခဲ့သည်။

အဆိုပါ ယာဉ်အို၊ ယာဉ်ဟောင်းများကို လာရောက် အပ်နှံသည့် ယာဉ်ပိုင်ရှင်များ အနေဖြင့် ယာဉ်နှင့် Owner Book (ယာဉ်မှတ်ပုံ တင်စာအုပ်)များ ယူဆောင်လာရမည် ဖြစ်သည်။ ယာဉ်များကို သက်ဆိုင်ရာ ဌာနများတွင် ပုံစံများ ရယူခြင်း၊ ယာဉ်စစ်ခြင်းနှင့် ရဲမှူး စစ်ဆေးခြင်း တို့ကို ပြုလုပ်ပြီးပါက သတ်မှတ် နှုန်းထားအတိုင်း ငွေသွင်း၍ (ဃ)ပုံစံရယူကာ ထိုမှတစ်ဆင့် (စ)ပုံစံဖြင့် အရည်ကျို စလစ်ယူပြီး သီလဝါ သင်္ဘော စက်ရုံသို့ ပို့ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုများကို ဆောင်ရွက်ရာတွင် အဆင့်သုံးဆင့် ခွဲခြား သတ်မှတ်ပြီး ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စတင်ကာ မှတ်ပုံတင် သက်တမ်း ၄ဝ ကျော်ရှိ (စ၊ဆ၊ဇ) အက္ခရာများကို ပထမအဆင့်၊ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် နှစ် ၃ဝ ကျော်မှ နှစ် ၄ဝ ကျော်အတွင်း (ဈ၊ ည) အက္ခရာများကို ဒုတိယအဆင့်၊ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ စတင်၍ အနှစ် ၂ဝ ကျော်မှ အနှစ် ၃ဝ ကျော် အတွင်း ရှိ (ဏ၊ ဌ၊ ဒ၊ ဓ၊ န၊ ပ၊ ဗ၊ ဘ၊ လ၊ သ) အက္ခရာများကို တတိယအဆင့် စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်အထိ ယာဉ်ပေါင်း ၉၄ဝဝဝ ကျော် အပ်နှံပြီးစီးခဲ့ ပြီဖြစ်သည့် အပြင် လေလံ မှတ်ပုံတင် ယာဉ်များကိုလည်း အစီးရေ ၅၇ဝဝ ကျော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

မောင်မျိုး(ဧရာဝတီ)
မြ၀တီ

RangonNewsDaily:: October. 31 .2013
ယာဉ်အို၊ ယာဉ်ဟောင်းများ ပယ်ဖျက်၍ အစားထိုး ယာဉ်များ တင်သွင်းခြင်းကို နိုင်ငံတော်မှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၉ ရက်မှ စတင်၍ ''အ''အက္ခရာ နှင့် သက်တမ်း ၂ဝ ကျော် ယာဉ်များ အပါအဝင် လေလံယာဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ပေးလျက် ရှိရာ ရန်ကုန်တိုင်း ဒေသကြီး က-ည-န (မြင်သာ) တွင် နေ့ချင်းပြီး စတင် ဆောင်ရွက်ပေး နေကြောင်း သိရသည်။

မန္တ လေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ကန်ကျေးရွာအုပ်စုအတွင်း တရားမဝင် ရွှေစမ်းသပ် တူးဖော်မှုများ တားမြစ်မိန့်ထုတ်ပြန်

RangonNewsDaily:: October. 31 .2013
မန္တ လေးတိုင်းဒေသကြီး မတ္တရာမြို့ နယ် တောင်ကန်ကျေးရွာအုပ်စု အတွင်းရှိ ကင်းကျေးရွာမှ နှစ်မိုင် ခန့်အ

ကွာနေရာတွင် ရွှေထွက် သည်ဟု ကောလာဟလသတင်း ကြောင့် တရားမဝင်ရွှေစမ်းသပ် တူးဖော်နေမှုများ
အား မြို့နယ်အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တားမြစ်မိန့်ထုတ်ပြန် ထားကြောင်း တိုင်းဒေသကြီးရဲတပ်
ဖွဲ့မှူးရုံးထံ မှ သိရသည်။

Bluetooth လို့ခေါ်ရခြင်း အကြောင်း

Photo: Bluetooth လို့ခေါ်ရခြင်း အကြောင်း
Thursday, October 31, 2013

တစ်ချိန်တုန်းက ဒိန်းမတ်ဘုရင်တစ်ပါး ရှိပါတယ်။ Harald Bluetoothလို့ အမည်ရ ပါတယ်။ c.935 တုန်းကပါ။ ဒိန်းမတ်နဲ့ နော်ဝေ နှစ်နိုင်ငံ ဘုရင်ဖြစ်ခဲ့ ပါတယ်။ စစ်ခဏခဏ ဖြစ်ပြီး ကွဲပြားနေတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးရအောင် ကြားကနေ ဆက်စပ်ပေးပြီး သူ့ရဲ့  ထူးချွန် ထက်မြတ် တဲ့ စကားပြော စွမ်းရည်ကြောင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဆင်ပြေပြီး ဘုရင် တစ်ပါး ဖြစ်လို့လာပါတယ်။

ဒီတော့ ဆွီဒီအခြေဆိုက် Ericsson ကုမ္မဏီက မိုဘိုင်းဖုန်း တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ မျှဝေတဲ့အခါ အသုံးပြုတဲ့ နည်းပညာ Protocol ကို Bluetooth လို့ အမည်ပေး ပါတယ်။ နှစ်ဖက် စလုံးက ဖွင့်မယ် ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ချိတ်ဆက်မှု အကြောင်းပြန်ပြီး အချက်အလက်တွေ ပေးပို့မယ် အစရှိသဖြင့် အဆင်ပြေမြန်ဆန်တဲ့ ကြိုးမဲ့ အချက်အလက် ကူးပြောင်းရေး စနစ် တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ 

ဒါကြောင့်မို့ Bluetooth ဆိုတာ သွားပြာ မဟုတ်ပါဘူး။ Harald Bluetooth ရဲ့ အမည်သာ ဖြစ်ပြီး သူ့ကို ဂုဏ်ပြုလို့ အမည်ပေးထားတဲ့ protocol တစ်ခု ဖြစ်ကြောင်း ရှင်းလင်းလိုက်ရ ပါတယ်။ 
.
Ref:wiki
အောင်ခမ်း ( International news for myanmar )

RangonNewsDaily:: October. 31 .2013
တစ်ချိန်တုန်းက ဒိန်းမတ်ဘုရင်တစ်ပါး ရှိပါတယ်။ Harald Bluetoothလို့ အမည်ရ ပါတယ်။ c.935 တုန်းကပါ။ ဒိန်းမတ်နဲ့ နော်ဝေ နှစ်နိုင်ငံ ဘုရင်ဖြစ်ခဲ့ ပါတယ်။

Bluetooth လို့ခေါ်ရခြင်း အကြောင်း

Photo: Bluetooth လို့ခေါ်ရခြင်း အကြောင်း
Thursday, October 31, 2013

တစ်ချိန်တုန်းက ဒိန်းမတ်ဘုရင်တစ်ပါး ရှိပါတယ်။ Harald Bluetoothလို့ အမည်ရ ပါတယ်။ c.935 တုန်းကပါ။ ဒိန်းမတ်နဲ့ နော်ဝေ နှစ်နိုင်ငံ ဘုရင်ဖြစ်ခဲ့ ပါတယ်။ စစ်ခဏခဏ ဖြစ်ပြီး ကွဲပြားနေတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးရအောင် ကြားကနေ ဆက်စပ်ပေးပြီး သူ့ရဲ့  ထူးချွန် ထက်မြတ် တဲ့ စကားပြော စွမ်းရည်ကြောင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဆင်ပြေပြီး ဘုရင် တစ်ပါး ဖြစ်လို့လာပါတယ်။

ဒီတော့ ဆွီဒီအခြေဆိုက် Ericsson ကုမ္မဏီက မိုဘိုင်းဖုန်း တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ မျှဝေတဲ့အခါ အသုံးပြုတဲ့ နည်းပညာ Protocol ကို Bluetooth လို့ အမည်ပေး ပါတယ်။ နှစ်ဖက် စလုံးက ဖွင့်မယ် ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ချိတ်ဆက်မှု အကြောင်းပြန်ပြီး အချက်အလက်တွေ ပေးပို့မယ် အစရှိသဖြင့် အဆင်ပြေမြန်ဆန်တဲ့ ကြိုးမဲ့ အချက်အလက် ကူးပြောင်းရေး စနစ် တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ 

ဒါကြောင့်မို့ Bluetooth ဆိုတာ သွားပြာ မဟုတ်ပါဘူး။ Harald Bluetooth ရဲ့ အမည်သာ ဖြစ်ပြီး သူ့ကို ဂုဏ်ပြုလို့ အမည်ပေးထားတဲ့ protocol တစ်ခု ဖြစ်ကြောင်း ရှင်းလင်းလိုက်ရ ပါတယ်။ 
.
Ref:wiki
အောင်ခမ်း ( International news for myanmar )

RangonNewsDaily:: October. 31 .2013
တစ်ချိန်တုန်းက ဒိန်းမတ်ဘုရင်တစ်ပါး ရှိပါတယ်။ Harald Bluetoothလို့ အမည်ရ ပါတယ်။ c.935 တုန်းကပါ။ ဒိန်းမတ်နဲ့ နော်ဝေ နှစ်နိုင်ငံ ဘုရင်ဖြစ်ခဲ့ ပါတယ်။

အမှိုက်မှ ထုတ်လုပ်သော လျှပ်စစ် စက်မှုဇုန်များသို့ ရောင်းချမည်

Photo: အမှိုက်မှ ထုတ်လုပ်သော လျှပ်စစ် စက်မှုဇုန်များသို့ ရောင်းချမည်
Thursday, October 31, 2013

အမှိုက်မှ လျှပ်စစ်ထုတ်လုပ်ခွင့်ကို ကိုရီးယား ကုမ္ပဏီနှင့် မြန်မာ ကိုရီးယားဖက်စပ် ကုမ္ပဏီတို့ ရရှိသွားကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

ရန်ကုန် စည်ပင်မှ တင်ပြသည့် ကုမ္ပဏီ ( ၁၁ )ခုအနက် မှ ၂ ခုကို တိုင်းဒေသကြီးအစိုးရ က ယခုလ ၂၇ ရက်နေ့တွင်အပြီးသတ်ရွေးချယ်ပြီး ရန်ကုန်စည်ပင် နှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၂ ခုတို့ လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း သဘောတူစာချုပ် (MOA) ရေးထိုးရန် စီစဉ်နေကြောင်း သိရသည်။

ထိန်ပင်နောက်ဆုံး စွန့်ပစ် အမှိုက်ပုံတွင် စွန့်ပစ်သော အမှိုက်တန်ချိန် ၈၀၀ ကို ဂက်စ် မှတဆင့် လျှပ်စစ်ထုတ်လုပ်ရန် ကိုရီးယား ကုမ္ပဏီ ဖြစ်သည့် Chasson International Korea မှ ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း ကာလကို ၃ နှစ်သတ်မှတ်ထားကြောင်း ၊ ပထမနှစ် ၂၀၁၄ တွင် လျှပ်စစ်ဓာတ်အား ( ၁၂ ) မဂ္ဂါဝပ် ၊ ဒုတိယနှစ် ၂၀၁၅ တွင် ထပ်မံ၍ လျှပ်စစ်ဓာတ်အား ( ၁၀ )မဂ္ဂါဝပ် ၊ တတိယနှစ် ၂၀၁၆ တွင် ထပ်မံ၍ လျှပ်စစ်ဓာတ်အား ( ၈ ) မဂ္ဂါဝပ် စုစုပေါင်း မဂ္ဂါဝပ် ၃၀ ထုတ်လုပ်သွားရန် ရှိကြောင်းသိရသည်။

ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ တွင်မှု အမှိုက်မီးရှို့စက် တည်ထောင်၍ လျှပ်စစ်ဓာတ်ထုတ်လုပ်မည်ဖြစ်ပြီး မီးရှို့စက် တည်ဆောက်မည့် ကာလကို ၂ နှစ်သတ်မှတ်ကာ တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် ၁၅.၄ မဂ္ဂါဝပ် ထုတ်လုပ်သွားမည်ဟု သိရသည်။

ကုမ္ပဏီများမှ ထွက်ရှိသည့် ဓာတ်အား ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သို့ ၁ ယူနစ်လျှင် ၁၅၀ ကျပ် နှုန်းဖြင့် ရောင်းချမည် ဖြစ်သဖြင့် ဓာတ်အားပေးရေးအဖွဲ့မှ ပုဂ္ဂလိက နေအိမ်များသို့ ထပ်ဆင့်ရောင်းချရာ တွင် ဈေးနှုန်းကြီးမြှင့် နိုင်သဖြင့် စက်မှုဇုန်များသို့သာ ရောင်းချ သွားမည့်အနေအထား ရှိကြောင်းသိရသည်။

ထားဝယ်ချောင် စွန့်ပစ် အမှိုက်ပုံတွင် လျှပ်စစ်ဓာတ်အား ထုတ်ယူမည့် ကုမ္ပဏီ မှာ ကိုးရီယား ၊ မြန်မာဖက်စပ် ကုမ္ပဏီဖြစ်သော ( Zaya and Situation နှင့် Hyundai Broken ) ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

ဝေမာထွန်း

Popular Myanmar News Journal


RangonNewsDaily:: October. 31 .2013
အမှိုက်မှလျှပ်စစ်ထုတ်လုပ်ခွင့်ကိုကိုရီးယားကုမ္ပဏီနှင့် မြန်မာကိုရီးယားဖက်စပ် ကုမ္ပဏီတို့ ရရှိသွားကြောင်း
ရန်ကုန်စည်ပင်မှ သိရသည်။

Wednesday, October 30, 2013

လုပ်ခ တိုးပေးရန် တိုင်ကွန်း အထည်ချုပ်လုပ်သား ၅၀၀ ကျော် ဆန္ဒပြ

Photo: လုပ်ခ တိုးပေးရန် တိုင်ကွန်း အထည်ချုပ်လုပ်သား ၅၀၀ ကျော် ဆန္ဒပြ
Wednesday, October 30, 2013

ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် အပိုင်း (၁) ရှိ တရုတ်နိုင်ငံသား ပိုင်ဆိုင်သည့် တိုင်ကွန်း (Tycoon) အထည်ချုပ်စက်ရုံ လုပ်သား ၅၀၀ ကျော်သည် အချိန်ပို အလုပ်ချိန်များပြီး လုပ်အားခ နည်းပါးသဖြင့် လုပ်ခ တိုးမြှင့်ပေးရန် အောက် တိုဘာလ ၂၆ ရက်နေ့မှ စတင်ကာ ဆန္ဒပြ တောင်းဆိုနေကြကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။

အလုပ်ချိန်အဖြစ် နံနက် ၇ နာရီ ၃၀ မိနစ်မှ ည ၇ နာရီအထိ အလုပ်လုပ် ကိုင်ရပြီး ပုံမှန်အချိန်ပို အလုပ်ချိန်အဖြစ် ည ၉ နာရီ အထိ အလုပ်လုပ်ကိုင် ရကြောင်း၊ အော်ဒါအပေါ် မူတည်ကာ တစ်ခါတစ်ရံ ည ၁၁ နာရီ အထိ အလုပ် လုပ်ကိုင်ရသော်လည်း လုပ်သားတစ်ဦး၏ တစ်လစာ လုပ်အားခမှာ ကျပ်ရှစ်သောင်း သာ ရရှိသဖြင့် လုပ်အားခ တိုးပေးရန် ဆန္ဒပြခြင်း ဖြစ်ကြောင်း ဆန္ဒပြ လုပ်သားတစ်ဦးက ပြောကြားသည်။
လုပ်အားခ နေ့စဉ်ကြေးအဖြစ် တစ်ရက်လျှင် ၂၀၀ ကျပ် တိုးပေးရန်၊ ရှားပါး စရိတ် ၅၀၀ ကျပ် တိုးပေးရန်၊ အလုပ်ချိန်ကို နံနက် ၈ နာရီမှ ည ၇ နာရီ အထိသာ သတ်မှတ်ပေးရန် အပါအဝင် အချက် ခြောက်ချက်ကို တောင်း ဆိုခြင်း ဖြစ်ကြောင်း၊ ယင်းတောင်းဆိုချက်များ ရရှိရေး အလုပ်ရှင်နှင့် ညှိနှိုင်းရာတွင် လုပ်ခ တိုးရေးနှင့် အလုပ်ချိန် လျှော့ချရေး အချက် သုံးချက်ကို အလုပ်ရှင်က လိုက်လျောခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ယင်း တောင်းဆိုမှုများကို ရရှိရေးအတွက် အငြင်းပွားမှု ညှိနှိုင်း ဖျန်ဖြေရေး အဖွဲ့သို့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တင်ပြထားကြောင်း ဆန္ဒပြ လုပ်သားများထံမှ သိရှိရသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင် ကွန်း အထည်ချုပ်စက်ရုံ မန်နေဂျာထံသို့ လူကိုယ်တိုင် သွားရောက် မေးမြန်း ခဲ့သော်လည်း အလုပ်မအားသေး၍ ပြန်လည် မဖြေနိုင်သေးကြောင်း စက်ရုံလုံခြုံရေးမှ တစ်ဆင့် ပြန်လည် ပြောဆိုသည်။

တိုင်ကွန်း အထည်ချုပ်စက်ရုံ ဖွင့်လှစ်ထားသည်မှာ တစ်နှစ်ခန့်သာ ရှိသေးပြီး စက်ရုံလုပ်သား ၆၀၀ ကျော် ရှိသည့်အနက် ၅၀၀ ကျော်က ဆန္ဒပြ တောင်း ဆိုခြင်း ဖြစ်သည်။

ဝရန်တာပေါ် ထွက်ထိုင်ပြီး ဆန္ဒပြနေကြသော အလုပ်သမားများကို တွေ့ရစဉ်
The Voice Weekly
ဝရန်တာပေါ် ထွက်ထိုင်ပြီး ဆန္ဒပြနေကြသော အလုပ်သမားများကို တွေ့ရစဉ်
RangonNewsDaily:: October. 30 .2013
ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် အပိုင်း (၁) ရှိ တရုတ်နိုင်ငံသား ပိုင်ဆိုင်သည့် တိုင်ကွန်း (Tycoon) အထည်ချုပ်စက်ရုံ လုပ်သား ၅၀၀ ကျော်သည် အချိန်ပို အလုပ်ချိန်များပြီး လုပ်အားခ နည်းပါးသဖြင့် လုပ်ခ တိုးမြှင့်ပေးရန် အောက် တိုဘာလ ၂၆ ရက်နေ့မှ စတင်ကာ ဆန္ဒပြ တောင်းဆိုနေကြကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။

အီရတ် နိုင်ငံမြောက်ပိုင်းက နီနဝါ မြို့  (ခေါ်) တမန်တော်ယူနွစ် အလိုင်ဟိစ္စလမ် နေထိုင်ခဲ့တဲ့မြို့

နီနဝါ မြို့  .. (အီရတ် နိုင်ငံမြောက်ပိုင်း)
တမန်တော်ယူနွစ် နေထိုင်ခဲ့တဲ့လူဦးရေတစ်သိန်းကျော်ရှိခဲ့တဲ့မြို့ ပါ ။
တမန်တော်ယူနွစ်ဟာ ဤမြို့ သူမြို့ သားတွေကို
တရားလမ်းမှန်ပြဖို့ အတွက် အလ္လာဟ်အရှင်မြတ်မှစေလွှတ်ခဲ့ပါတယ် ။ ဒါပေမယ့်
နီနဝါ သားတွေက လက်မခံခဲ့တဲ့အတွက် တမန်တော်ဟာ မျှော်လင့်ချက်တွေမဲ့ပြီး
ထိုမြို့ ကနေ မိမိသဘောဆန္ဒနဲ့ ထွက်ခွာခဲ့တယ် ။ ထိုသို့ ထွက်ခွာဖို့ အတွက်ရေလမ်း
ခရီးဖြစ်တဲ့အတွက် သဘောင်္စီးရပါတယ် ။ အဲ့ဒီအခါမှာ သဘောင်္ဟာ ပုံမှန်မဟုတ်တော့ပဲ
ရှေ့ သို့ မသွားနိုင်ပဲဖြစ်နေတယ် ။ ဒီတော့ ... သင်္ဘောမှာပါတဲ့သူတွေက ဘာဆုံးဖြတ်ချက်
ချလဲဆိုတော့ ... " ..တို့ သဘောင်္ပေါ်မှာ မိမိရဲ့အရှင်သခင်မနှစ်မြို့ စရာလုပ်ထားသူတစ်ဦး
တော့ရှိနေပြီး ထိုသူ့ ကိုစွန့် မှငါတို့ သွားလို့ ရမယ် ။ ဒီတော့ ငါတို့ မဲနှိုက်ကြမယ် ။ မဲပေါက်သူ
ဟာ ရေထဲကိုစွန့် ပြစ်ခြင်းခံရမယ် ဆိုပြီးဆုံးဖြတ်ချက်ပြီး မဲနှိုက်ခဲ့ရာ တမန်တော်ယူနွစ်အပေါ်
ကျတယ် ။ ဒါပေမယ့်သဘောင်္သားတွေက မယုံနိုင်ဘူး ။ ဘာကြောင့်လဲဆိုတော့သူတို့ သိထား
တာက တမန်တော်ယူနွစ်ဟာ အလွန်မွန်မြတ် အပြစ်ကင်းသူတယောက်ဖြစ်တယ် ။ မဖြစ်နိုင်ဘူး
ဆိုပြီး မဲကို သုံးကြိမ်ထိနှိုက်ခဲ့ရာ အကြိမ်တိုင်းမှာ တမန်တော်အပေါ်ပဲ ကျခဲ့တယ် ။ အဲ့ဒီအခါ
မှာ တမန်တော်ကလည်း မိမိအကြောင်းကို ဖွင့်ပြောခဲ့တယ် ။ မိမိဟာ အလ္လာဟ်ရဲ့အမိန့် မရပဲ
သူစေလွှတ်ခဲ့တဲ့ဒေသကို ကိုယ့်သဘောဆန္ဒအရ စွန့် ခွာခဲ့ကြောင်း ကိုပြောပြခဲ့တယ် ။ ဒီအခါ
မှာတော့ သဘောင်္သားတွေလည်း တမန်တော်ရဲ့ဆန္ဒအတိုင်း ကိုတမန်တော်ရေထဲ ပစ်ချခဲ့ရတယ် ။
အဲ့ဒီအခါမှာ တမန်တော်ကိုအလ္လာဟ်ရဲ့အမိန့် တော်အရ ငါးကြီး တစ်ကောင်က မြို ချခဲ့တယ် ။
ထိုငါးရဲ့ဗိုက်ထဲမှာ တမန်တော်ဟာ ရက်အတော်ကြာနေခဲ့ရတယ် ။ ထို့ နောက်ငါးဟာ နီနဝါရဲ့
ကမ်းခြေတနေမှာ တမန်တော်ကို ပြန်အံချပေးခဲ့တယ် ။ အဲ့ဒီအခါ နီနဝါသားတွေလဲ
လမ်းမှန်တရားရပြီး တမန်တော်ရဲ့ဖိတ်ခေါ်မှုကိုလက်ခံခဲ့ပါတယ် ။
တမန်တော်ယူနွစ်ရဲ့အကြောင်းဟာ ကျမ်းတော်မြတ်ကုရ်အာန်မှာလည်း လာရှိပါတယ် ။
credit to orgn

RangonNewsDaily:: October. 30 .2013
နီနဝါ မြို့  .. (အီရတ် နိုင်ငံမြောက်ပိုင်း)တမန်တော်ယူနွစ် နေထိုင်ခဲ့တဲ့လူဦးရေတစ်သိန်းကျော်ရှိခဲ့တဲ့မြို့ ပါ ။
တမန်တော်ယူနွစ်ဟာ ဤမြို့ သူမြို့ သားတွေကိုတရားလမ်းမှန်ပြဖို့ အတွက် အလ္လာဟ်အရှင်မြတ်မှစေလွှတ်ခဲ့
ပါတယ် ။

လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား မှုဖြစ်ပွား

RangonNewsDaily:: October. 30 .2013
လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ဦးဥတ္တမလမ်းတွင်အောက်တိုဘာလ ၂၉ ရက် မွန်းလွဲ ၃နာရီ မိနစ် ၃၀ အချိန်ခန့်တွင် လူတစ်ဦးမှ သေနတ်ကိုင်၍ ရမ်းကားမှု ပြုလုပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အိန္ဒိယတွင် ယနေ့မနက်ပိုင်းက ဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ပွား လူ ၄၀ သေဆုံး

Photo: အိန္ဒိယတွင် ဘတ်စ်ကားမီးလောင် လူ ၄၀ သေ 
Wednesday, October 30, 2013

ကားအက်ဆီးဒန့်ကြောင့် လူသေမှု အများဆုံး နိုင်ငံ စာရင်းထဲတွင် အိန္ဒိယနိုင်ငံလည်း ပါဝင်ကြောင်း သိရပါတယ်။ ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၅ နာရီ ၂၀ မိနစ်အချိန်က ဘတ်စ်ကား မီးလောင်မှု တစ်ခုဖြစ်ပြီး လူ ၄၀ သေဆုံးခဲ့သည်။ 

အိန္ဒိယနိုင်ငံတောင်ပိုင်း Mahbubnagar ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး Bangalore မှ Hyderabad သို့ သွားရောက်စဉ်တွင် ဖြစ်သည်။ ပိုက်လိုင်း တစ်ခုသို့ ဝင်တိုက်မိပြီး ပေါက်ကွဲမှု ဖြစ်ပေါ်ကာ ကားပေါ်မှ လ ၄၀ ဦး မီးလောင်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ခရီးသည် ၁၀ ဦးမှာ လွတ်မြောက်ခဲ့ပြီး မီးလောင်ရသည့် အကြောင်းအရင်းကို စစ်ဆေးနေဆဲ ဖြစ်သည်။ 

အိန္ဒိယနိုင်ငံတွင် ခရီးဝေး သွားလာခြင်းအတွက် အသုံးပြုသည့် ဘတ်စ်ကားများသည် ဟောင်းနွမ်းနေပြီး လဲလှယ်မှုပြုလုပ်ရန် နှောင့်နှေးနေ ဆဲ ဖြစ်သည်။ ဘတ်စ်ကား အဟောင်းဖြင့် ခရီးဝေး သွားလာခြင်းကြောင့် အက်ဆီးဒန့်များ ပေါက်ကွဲမှုများ နှစ်စဉ် ဖြစ် ပွားပြီး သေဆုံးသည့် ဦးရေ ရာဂဏန်းအထိ မြင့်တက်လျက် ရှိသည်။ ဖွံ့ဖြိုးပြီး နိုင်ငံ စာရင်းသို့ ပါဝင်လာသော်လည်း လူတန်းစား ကွာဟခြင်းနှင့် အခြေခံ လူတန်းစားတို့ လိုအပ်သော ပို့ဆောင်ဆက်သွယ်ရေး အတွက် အစိုးရတို့ ဖြည့်ဆည်း ဖန်တီးပေးနိုင်မှု နည်းပါးနေသေးကြောင်း သိရသည်။

Ref:xinahua
Aung Kham ( ရိုးရာလေး )

RangonNewsDaily:: October. 30 .2013
ကားအက်ဆီးဒန့်ကြောင့် လူသေမှု အများဆုံး နိုင်ငံ စာရင်းထဲတွင် အိန္ဒိယနိုင်ငံလည်း ပါဝင်ကြောင်း သိရပါ
တယ်။ ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၅ နာရီ ၂၀ မိနစ်အချိန်က ဘတ်စ်ကား မီးလောင်မှု တစ်
ခုဖြစ်ပြီး လူ ၄၀ သေဆုံးခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် ၂၉ ရပ်ကွက်ရှိ ရှင်ဥပဂုတ္တရေကန်အတွင်း အမျိုးသားအလောင်းတွေ့ရှိ

RangonNewsDaily:: October. 30 .2013
သင်္ဃန်းကျွန်းမြို့နယ်၊ ၂၉ ရပ်ကွက်၊ ငုဝါလမ်းရှိ အလျား၈၀ ပေ၊ အနံ ၁၂ ပေရှိ ရှင်ဥပဂုတ္တရေကန်အတွင်း အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ၍စခန်းမှူးမှ သွားရောက်စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။အဆိုပါအလောင်းအား၂၈ရက်နေ့ မွန်းလွဲပိုင်းယင်းကန်ဘောင်ဓမ္မာရုံးတွင်ဆွမ်း
သိမ်းပွဲအပြီး ပစ္စည်းများ ပြန်လည် သိမ်းဆည်းခြင်း ပြုလုပ် နေသည့် ရပ်ကွက်လူကြီးများမှတွေ့ရှိခြင်းဖြစ်
ကြောင်း ရပ်ကွက်လူကြီးဦးသိန်းမြင့်ကပြောကြားသည်။

ကာတွန်းဆရာကြီး ဦးအောင်ရှိန် ကွယ်လွန်

Photo: ကာတွန်းဆရာကြီး ဦးအောင်ရှိန် ကွယ်လွန်
Wednesday, October 30, 2013

ဦးရှံစား၊ ဦးဒိန်းဒေါင်၊ ဦးကပ်စီး၊ ဦးစိတ်တို၊ မျောက်ညို အပါအဝင် မြန်မာ ကလေး ပရိသတ် များစွာ နှစ်ချိုက်ခဲ့တဲ့ ကာတွန်း ဇာတ်ကောင် တွေကို ဖန်တီးခဲ့သူ ကာတွန်းဆရာကြီး ဦးအောင်ရှိန်ဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

ဦးအောင်ရှိန်ရဲ့ မြေးတဦးဖြစ်တဲ့ မပြည့်ဖြိုးကြည်က အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ သူတို့ အဖိုး ကာတွန်းဆရာကြီးဟာ ရန်ကုန်ဆေးရုံကြီးမှာ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်ခဲ့တယ်လို့ ပြောပါတယ်။

ကာတွန်းဦးအောင်ရှိန်ဟာ မကွယ်လွန်ခင်အထိ မြန်မာပြည် အသက်အကြီးဆုံး ကာတွန်းဆရာကြီး တဦးဖြစ်ခဲ့ပြီး သူ့ကို သူ့ရဲ့ တပည့် ကာတွန်းဆရာတွေနဲ့ လက်ရှိ လူငယ်ကာတွန်း ဆရာတွေက သက်ရှိကာတွန်း ပြတိုက်ကြီးအဖြစ် အလေးအမြတ် ထားခဲ့ကြပါတယ်။

၂၀၁၃ သြဂုတ်လ ၅ ရက်နေ့က ကျင်းပတဲ့ဦးအောင်ရှိန်ရဲ့ အသက် ၈၅ နှစ်ပြည့် မွေးနေ့ပွဲကို ကာတွန်းဆရာ စုံစုံလင်လင် လာရောက် ချီးမြှင့်ခဲ့ပြီး အဲဒီမွေးနေ့ဟာ ဆရာကြီးရဲ့ နောက်ဆုံးမွေးနေ့ပွဲပဲ ဖြစ်ပါတယ်။

“ဆရာကြီးစာ မြန်မာပြည်ရဲ့ ရုပ်ပြ ရုပ်စုံကာတွန်းလောက လမ်းကို စတင် ဖောက်ခဲ့သူတဦးပါ” လို့ ကာတွန်းဆရာ ဦးငွေကြည်က ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၉၅၀ ကျော် ကာလတွေက ဦးအောင်ရှိန်ဟာ လစဉ်ထုတ် ပေါ်ပြူလာကာတွန်း ရုပ်စုံ စာအုပ်နဲ့ ရုပ်ပြ ကာတွန်းတွေကို မြန်မာပြည်နဲ့ မိတ်ဆက်ပေးခဲ့တယ်လို့ သိရပါတယ်။

“အဲဒီကတည်းက ဆရာကြီးဟာ ကြော်ကြားလာလိုက်တာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်အထိ ကာတွန်းတွေကို တောက်လျှောက် ရေးဆွဲခဲ့တာပါ။ ဆရာကြီးရဲ့ အောင်မြင်မှုဟာ အထွဋ်အထိပ်ပဲလို့ ပြောလို့ရတယ်။ သူဟာ ဇာတ်ကောင်တွေကို အများကြီး ဖန်တီးခဲ့ပြီး ဖန်တီးသလောက်လည်း အောင်မြင်ခဲ့တယ်။ ဆေးစက်ကျရာ အရုပ်ထင်တဲ့ ဆရာကြီးလို့ ပြောလို့ရပါတယ်” လို့ ကာတွန်း ငွေကြည်က ဧရာဝတီကို ပြောပါတယ်။

ဦးအောင်ရှိန်ဆီမှာ တပည့်တပန်းလည်း တော်တော်များပြီး အဲဒီထဲကမှ ထင်ရှားတဲ့ ကာတွန်းဆရာ၊ ပန်းချီဆရာ တွေကတော့ ကာတွန်းသော်က၊ ကာတွန်းဝင်းအောင်၊ ကာတွန်းမြင့်ဆွေ၊ ပန်းချီမျိုးညွန့် (ခေါ်) မောင်ဒီ၊ ကာတွန်း ရွှေမင်းသား၊ ကာတွန်းငွေကြည် အစရှိတဲ့ သူတွေပဲ ဖြစ်ကြပါတယ်။

“အဲဒီတခေတ်မှာ ဆရာကြီးရဲ့ အောင်မြင်မှု အရှိန်အဝါက ပရိသတ်တွေ အပေါ်မှာကော၊ ကာတွန်း ဝါသနာရှင်တွေ အပေါ်မှာပါ အတော်ကလေး လွှမ်းမိုးခဲ့ပါတယ်” လို့ ဦးအောင်ရှိန်ရဲ့ တပည့်တဦး ဖြစ်ခဲ့သူ ကာတွန်းငွေကြည်က ဆိုပါတယ်။

ကာတွန်းဆရာကြီး ဦးအောင်ရှိန်ဟာ တခြားသူနဲ့ ခေတ်ပြိုင် ကာတွန်းဆရာတွေလို့ ပုံမှန် အရုပ်တွေပဲ ရေးဆွဲရုံ သပ်သပ် မဟုတ်ဘဲ ကလေးတွေရဲ့ စိတ်ကူးဉာဏ်ကို ကွန့်မြူးစေမယ့်၊ ကလေးတွေ နေရာကနေ ဝင်ရောက် စိတ်ကူးယဉ်ပြီး ရေးဆွဲတာမျိုးတွေကိုလည်း တီထွင်ခဲ့သူ ဖြစ်တယ်၊ ဒါ့အပြင် ဆရာကြီးရဲ့ လက်ရာတွေဟာ မြန်မာဆန်ပြီး နိုင်ငံခြား ကောမစ်တွေ ထဲကနေ မြန်မာမှု ပြုသည့်တိုင်အောင် မြန်မာမှုပြုထားမှန်း မသိရဘဲ မူပိုင်ပုံလို့ ထင်ရတယ်လို့ သူက ဆက်ပြောပါတယ်။

“ဟိုးအရင်ကတော့ ကမ္ဘာမှာ နာမည်ကြီးနေတဲ့ ကာတွန်းတွေ၊ ရုပ်ပြတွေကနေ အတုယူ ကူးပြီး ရေးဆွဲကြရတာပဲ။ ဒါပေမယ့် ဆရာကြီးက နိုင်ငံခြား ကာတွန်းတွေကို ပြန်ရေးဆွဲရာမှာ လုံးဝကို မြန်မာဆန်တာ တွေ့ရတယ်။ နောက်ဆုံး တရိစ္ဆာန် လေးတွေ ဆွဲတာကအစ မြန်မာဆန်တယ်” လို့ ဦးငွေကြည်က ပြောပါတယ်။

မြန်မာပြည်မှာ ကာတွန်းနဲ့ ပတ်သက်လို့ သင်တန်းတွေ၊ ကျောင်းတွေ မရှိတာကြောင့် ဦးငွေကြည် အပါအဝင် လက်ရှိ ထင်ရှာဆဲ ကာတွန်းဆရာတွေနဲ့ အရင့်အရင်က ကာတွန်းဆရာကြီး တွေဟာ ကိုယ့်အရှေ့က နာမည်ကြီး ကာတွန်းဆရာတွေ ဆီမှာပဲ တပည့်ခံ၊ သူတို့ရဲ့ အလုပ်တွေကို ဝင်လုပ်ရင်း လက်တွေ့ သင်ယူကြရတာပါ။ အဲဒီလို လက်ဆင့်ကမ်းပေးတဲ့ သူတွေထဲမှာ ဆရာကြီး ဦးအောင်ရှိန်က ထိပ်ဆုံးက တဦးဖြစ်တယ်လို့ သိရပါတယ်။

“ဆရာကြီးဆီမှာ တပည့်ခံတယ် ဆိုပေမယ့် ဆရာကြီးက ဒီအတိုင်း စာသင်သလို သင်ပေးတာတော့ မဟုတ်ဘူး။ သူ့ရဲ့ အလုပ်တွေကို ဝိုင်းလုပ်ပေးရင်း ပညာယူကြရတာ။ အဲဒီလို အလုပ်ဝိုင်းလုပ်ဖို့ ဆိုတာကလည်း လွယ်တာတော့ မဟုတ်ဘူး။ အဆင့်တခု ရှိမှ သူက တပည့်အဖြစ် သူ့အလုပ်ကို ပေးလုပ်တာ” လို့ ကာတွန်းငွေကြည်က ရှင်းပြပါတယ်။

အဆင့်တခု ဆိုတာက သူရေးထားတဲ့ ကာတွန်းရုပ်တွေမှာ လိုနေတဲ့ လိုင်းတွေ၊ မင်တွေ ဖြည့်ပေးရတာကြောင့် မလုပ်တတ်ရင် ဆရာကြီးရဲ့ အနုပညာပစ္စည်း ပျက်စီး သွားနိုင်တာကြောင့်လို့ သူက ဆက်ပြောပါတယ်။

တလတကြိမ်ထုတ်တဲ့ မော်ဒန်ကာတွန်း၊ နှစ်လတကြိမ်ထုတ်တဲ့ ညွန့်ပေါင်းကာတွန်း

RangonNewsDaily:: October. 30 .2013
ဦးရှံစား၊ ဦးဒိန်းဒေါင်၊ ဦးကပ်စီး၊ ဦးစိတ်တို၊ မျောက်ညို အပါအဝင် မြန်မာ ကလေး ပရိသတ် များစွာ နှစ်ချိုက်ခဲ့
တဲ့ ကာတွန်း ဇာတ်ကောင် တွေကို ဖန်တီးခဲ့သူ ကာတွန်းဆရာကြီး ဦးအောင်ရှိန်ဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) မြန်မာနိုင်ငံရောက်ရှိ

Photo: အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) မြန်မာနိုင်ငံရောက်ရှိ
Wednesday, October 30, 2013

မြန်မာနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှု ပိုမိုလုပ်ဆောင်ရန် အိန္ဒိယနိုင်ငံ၏ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် (ကြည်း) ဗိုလ်ချုပ် ဘီကာရမ်ဆင်မ်းသည် အောက်တိုဘာလ ၂၉ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အိန္ဒိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် Bikram Singh သည် ၄င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် လုံခြုံရေးအတွက် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဗိုလ်ချုပ် ဘီကာရမ်ဆင်းမ်းသည် ၄င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု မြှင့်တင်ရန်၊ နယ်စပ်ဒေသ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာတပ်မတော်ကို စွမ်းအင်မြှင့်တင် သင်တန်းများပေးရန် တပ်မတော် တာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိန္ဒိယ အစိုးရ ထုတ်ပြန်ချက်များအရ သိရှိရသည်။
သို့သော် မည်သည့်နေ့တွင် တွေ့ဆုံမည် ဆိုသည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသို့ တိုက်ခိုက်ရေး လေယာဉ်များ၊ ရေတပ်သုံး လက်နက် ပါဝင်သည့် စက်တပ်ရေယာဉ်များ၊ ဒုံပျံထိန်းကိရိယာများ၊ ရိုင်ဖယ်များ၊ လျှပ်စစ်ဖောက်ခွဲရေး ပစ္စည်းများ အများဆုံး ရောင်းချပေးကြောင်း အိန္ဒိယတပ်မတော်မှ တရားဝင် ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းကြီးက ထုတ်လုပ်သော ရေတပ်သင်္ဘော များတွင် တပ်ဆင်အသုံးပြုသော ရေဒါကိရိယာများ၊ အသံလှိုင်း အသုံးပြုရှာဖွေရေး ကိရိယာ (Sonar) များကို မြန်မာနိုင်ငံက ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးက ယခုနှစ်အစောပိုင်းက ထုတ်ပြန် ကြေညာထားသည်။

ယခုနှစ် ဇူလိုင်လကုန်ပိုင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မြန်မာရေတပ်မှ တပ်မတော်အရာရှိ များကို အိန္ဒိယ တပ်မတော်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးရန်နှင့် ကမ်းလွန်ပင်လယ်ပြင် ကင်းလှည့်သင်္ဘောများ ဆောက်လုပ်ရေး အတွက် အကူအညီပေးရန် တို့အတွက် တောင်းဆိုထားသည်။

ထို့အပြင် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်တွင် ၁၉၆၄ခုနှစ်မှ စတင်ကာ ခြေကုပ်ယူထားပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေသော အဖွဲ့အစည်း များကို မြန်မာနိုင်ငံက လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေးတိုးမြှင့်ရန် အတွက် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာ အေကေအန်တိုနီက ၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တပ်မတော်အရာရှိများ၊ အစိုးရတာဝန် ရှိသူများနှင့် ညှိနှိုင်းခဲ့သည်။

The Voice Weekly

RangonNewsDaily:: October. 30 .2013
မြန်မာနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှု ပိုမိုလုပ်ဆောင်ရန် အိန္ဒိယနိုင်ငံ၏ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် (ကြည်း) ဗိုလ်ချုပ် ဘီကာရမ်ဆင်မ်းသည် အောက်တိုဘာလ ၂၉ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မြေငလျင်သတင်း အောက်တိုဘာ ၂၉ရက် (မြန်မာစံတော်ချိန် (၁၄း၄၅)နာရီ အချိန်ထုတ်ပြန်ချက်)

RangonNewsDaily:: October. 30 .2013
၂၀၁၃ခုနှစ်၊အောက်တိုဘာလ(၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၄)နာရီ၊ (၂၃)မိနစ်၊(၀၈)စက္ကန့်အချိန်တွင်
မန္တလေး မြေငလျင်စခန်းမှအနောက်မြောက်ဘက်(၁၃၂)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(ကလေး
ဝမြို့၏ အရှေ့ဘက် (၁၄)မိုင်ခန့်အကွာ ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၀)အဆင့်ရှိအင်အား

ကုမ္ပဏီမှတ်ပုံတင် မတည်ရင်းနှီးငွေထားရှိမှု ပယ်ဖျက်

RangonNewsDaily:: October. 30 .2013
မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ စတင်ထူထောင်ရန် ကုမ္မဏီမှတ်ပုံတင်မ

တည်ရင်းနှီးငွေ ထားရှိမှုကို ပယ်ဖျက်လိုက်ကြောင်းအောက်တိုဘာ ၃၀ရက်နေ့ထုတ် နိုင်ငံပိုင်မီဒီယာများတွင် တရားဝင်ထုတ်ပြန်ထားသည်။ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှ အောက်တိုဘာ၁၇ရက်နေ့တွင်အ
တည်ပြုချက်ဖြင့်ကုမ္ပဏီများမှတ်ပုံတင်၌မတည်ငွေရင်းပမာဏနှင့် ကနေဦး ထည့်ဝင်ရမည့် ပမာဏများ ကန့်
သတ်ထားရှိခြင်းကို ပယ်ဖျက်လိုက်ကြောင်း ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး ဆပ် ကော်မတီက ထုတ်ပြန်ကြေညာသည်။

မိဘမဲ့တို့အပေါ် အစ္စလာမ်က ချီးမြှင့်ထားတဲ့ အခွင့်အရေး

RangonNewsDaily:: October. 30 .2013

ယသီမ်မိဘမဲ့ ကလေးတွေအပေါ် တာဝန်ယူ လေစားသိတတ်ဖို့ ပြင်းပြင်းထန်ထန် အမိန့်ပေးထားတဲ့သာသနာဆိုလို့ အစ္စလာမ်သာသနာတခုပဲရှိတယ်။ အခြားသူများဟာ မိဘမဲ့ကလေးများကို ဂြိုကောင်ဆိုပြီးတော့တောင် ကဲ့ရဲ့ကြပေမယ့် အစ္စလာမ်သာသနာမှာ မိဘမဲ့ကလေးနဲ့ ပက်သက်ပြီး အင်မတန်မှ လေးလေးစားစားဆက်ဆံကြဖို့ သူတို့ လေးတွေကို သနားဖို့ ၊ ဝေငှဖို့ကို ပြောဆိုထားတယ်။

ရွှေအက်ဖ်အမ် ၄နှစ်ပြည့် Audio CD တွင် ဝါဆိုမိုးဦး အချစ်ကို အယုံအကြည်မရှိ သီချင်းပါဝင်သီဆိုထား

Photo: အချစ်ကို အယုံအကြည်မရှိ သီချင်းနဲ့ ဝါဆိုမိုးဦး
 Wednesday, October 30, 2013

အောက်တို ဘာ ၂၅ ရက်နေ့ က ထွက် ရှိ ခဲ့ တဲ့ ရွှေအက်ဖ်အမ် ၄နှစ်ပြည့် အော်ဒီ ယိုစီဒီမှာ ဝါဆိုမိုးဦးက ဆန်းသစ်လ၊ မာရီနာတို့နဲ့အတူကောင် လေးတွေကို အသည်းခွဲ တဲ့ပုံစံဖြစ်တဲ့ “အချစ်ကိုအယုံအကြည်မရှိ” ဆိုတဲ့သီချင်းလေးကိုသီဆိုထားပါတယ်။ ဒီသီချင်းလေးက ဝါဆို မိုးဦးရဲ့ ပထမဆုံးအကြိမ်သီဆိုထားတဲ့ သီချင်းလေး လည်း ဖြစ် ပါတယ်။သီချင်းဆိုဖြစ်သွားတဲ့ အကြောင်းရင်းကို ဝါဆို မိုးဦးက” ကိုဘိုစန်းတို့က ကမ်းလှမ်းတဲ့အတွက် ဆိုဖြစ်သွားတာပါ။ 

သီချင်းပုံစံလေး ကတော့ ယောက်ျားေ လးတွေ ကို အသည်းခွဲ တဲ့ပုံစံလေးပါ။ သီချင်းကတော့ အမြူးလေးပါ။ အကောင်းဆုံး ဖြစ်အောင် ဝါဆိုခပ်မိုက်မိုက်လေးလုပ်သွားမှာပါ။ သီချင်း အမ် တီဗီကေ တာ့ နောက် တစ် ပတ်လောက် ရိုက်ဖြစ်မယ်။ ဒီသီချင်း လေးက ဝါဆိုရဲ့ ပထမဦးဆုံးသီဆိုထားတဲ့ သီချင်းလေးပါ” လို့ ပြောပါတယ်။ပထမဆုံးအကြိမ်သီဆိုရတဲ့အတွက် အတွေ့ အကြုံ တွေ ကိုလည်း ဝါဆိုမိုးဦးက အခုလိုပြောပြပါတယ်။

” တအားစိတ်လှုပ်ရှားတယ်။ ပရိသတ်က ဝါဆို့ကို ကျေနပ် ရဲ့လား၊ ဝါဆို့အသံကို ကြိုက်ပါ့မလား၊ အဲဒီ လိုမျိုးတွေဖြစ်မိ တယ်။ ဒါပေမဲ့ ဝါဆို့ဘက်က အကောင်း ဆုံးဖြစ်ေ အာင် ကြိုး စားပြီး သီဆိုထားပါတယ်။ ဝါဆို့ ကြိုးစားမှုကို ပရိသတ်အသိ အမှတ်ပြုရင် ဝါဆိုထပ်ပြီးကြိုးစားသွားမှာပါ။ သီချင်းဆိုဖို့အစီ အစဉ်ရှိပါတယ်” လို့ ပြော ပါတယ်။ လတ်တလောမှာတော့ ဝါဆိုမိုးဦးကကျော်ကျော်ဗိုနဲ့ ဇာတ်ကားရိုက်ကူးနေပြီး မြင်းခွာရွက်ဆေးရည်ကြော်ငြာရိုက် ကူးဖို့လည်း ရှိကြောင်းပြောပါတယ်။ “အချစ်ကို အယုံ အကြည် မရှိ” သီချင်း အမ်တီဗီကိုလည်း အကောင်းဆုံးဖြစ်အောင် ရိုက်ကူးသွားမှာဖြစ်ကြောင်း ဝါဆိုမိုးဦးက ပြောပါတယ်။

မျိုးမောင်
Popular Journal


RangonNewsDaily:: October. 30 .2013
အောက်တို ဘာ ၂၅ ရက်နေ့ က ထွက်ရှိ ခဲ့ တဲ့ ရွှေအက်ဖ်အမ် ၄နှစ်ပြည့် အော်ဒီယိုစီဒီမှာ ဝါဆိုမိုးဦးက ဆန်း
သစ်လ၊ မာရီနာတို့နဲ့အတူကောင် လေးတွေကို အသည်းခွဲ တဲ့ပုံစံဖြစ်တဲ့ “အချစ်ကိုအယုံအကြည်မရှိ” ဆိုတဲ့
သီချင်းလေးကိုသီဆိုထားပါတယ်။

ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်သူဆု အမေရိကန်-မွတ်စလင်မ် အမျိုးသမီး ပထမဆုံး အကြိမ် ချီးမြှင့်ခံရ


RangonNewsDaily:: October. 30 .2013
အမေရိကန်နိုင်ငံနယူးယောက်မြို့ (New York)မှာဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုအရေး လှုပ်ရှားဆောင်
ရွက်သူ အမေရိကန်-မွတ်စလင် အမျိုးသမီး ဒေါက်တာ မူစာရက် ချောင်ဒရီ (Mussarat Chaudhry) ဟာ ခရစ်
ယာန် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Capital Area Council of Churches က ပေးအပ်တဲ့ Carlyle Adams Award ဆုကို ရရှိခဲ့တဲ့ ပထမဆုံး မွတ်စလင်မ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။

ရွှေတိဂုံစေတီတော် ဧရိယာဇုန်အတွင်း တိရစ္ဆာန်ဥယျာဉ် ကို ထည့်သွင်း သတ်မှတ်

RangonNewsDaily:: October. 30 .2013
ရွှေ တိဂုံစေတီတော် ကန့်သတ်ဧရိ ယာဇုန်အတွင်းတိရစ္ဆာန်ဥယျာဉ် ကို ထည့်သွင်း သတ်မှတ်လိုက် ကြောင်း 

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရ သည်။ ရွှေတိဂုံစေတီတော်ကန့် သတ်ဧရိယာဇုန်အ
တွင်း တစ် ဆက်တစ်စပ်တည်း စိမ်းလန်းမြေ အဖြစ် သတ်မှတ်နိုင်ရန်အတွက် တိရစ္ဆာန်ဥယျာဉ်ကို ယခုကဲ့သို့ ထည့်သွင်းသတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

" L လွန်းဝါ ဘာလုပ်နေလဲ "

Photo: " L လွန်းဝါ ဘာလုပ်နေလဲ "
Wednesday, October 30, 2013

L လွန်းဝါက အခုလတ်တလောမှာတော့ နယ်ဖျော်ဖြေရေးတွေပဲ အဓိကထွက် ဖြစ်နေပါ တယ်။လက်ရှိထွက်ဖို့ ပြင်ဆင်ထားတဲ့ တစ်ကိုယ်တော်အခွေ (၂)ခွေရှိပေမယ့် လည်း အခြေအနေ ကို ကြည့်ပြီး ထွက်ဖို့ စီစဉ်နေကြောင်ူးလွန်းဝါကပြောပါတယ်။ ဓမ္မတေးသီချင်းတွေကြီးပဲပါ ဝင်မယ့်တစ်ကိုယ်တော်အခွေကို အရင်ထွက်ဖို့စီစဉ် ထားပေမယ့်လည်း ဆီးဂိမ်းပွဲကြီးရှိနေတဲ့အတွက် ဆီးဂိမ်းပွဲကြီးပြီးမှပဲ ထွက်ရင်ကောင်းမ လားဆိုပြီးပြန်စဉ်းစားနေတယ်လို့ဆိုပါတယ်။

” နှစ်ခွေမှာတစ်ခွေကအားလုံးပြီးသွားပြီ။ဓမ္မတေးအခွေကသီတင်းကျွတ်ပြီးတာနဲ့စတီးမယ်။ နောက် IC နဲ့တီးထားတဲ့ တစ်ကိုယ်တော် အခွေလည်းရှိသေး တယ်။ အခွေတွေကတော့ ထွက်ဖို့အများကြီးပါပဲ။ တစ်ခွေပြီးတစ်ခွေထွက်ဖို့ စီစဉ်ထားပါတယ်။ဒါပေမဲ့ ဖြည်းဖြည်းချင်းပေါ့” လို့ တစ်ကိုယ်တော် အခွေတွေနဲ့ပတ် သက်ပြီး လည်း L လွန်း ဝါကပြောပြပါတယ်။

နယ်ဖျော်ဖြေရေးတွေပဲ အဓိကထွက်ဖြစ်နေပြီး ရန်ကုန်ဖျော်ဖြေရေးတွေမှာ အတွေ့ရနည်းနေတဲ့ L လွန်းဝါကို ရှိုး တွေကို လက်ခံခဲ့ တဲ့အခါ မှာရွေးချယ် ပြီးလက်ခံလို့များရန်ကုန်မှာ မတွေ့ရတာလားလို့မေးတော့” အစ်ကိုကတာ့မရွေးပါဘူး။ ရန်ကုန်မှာက ဟစ်ဟော့ပွဲတွေပိုများသလိုပဲလေ။ ကျန်တာက IC တစ်ခုပဲ ရှိတာ။ ဒါပေမဲ့ရန်ပုံငွေပွဲတွေမှာတော့ ဆိုဖြစ်တယ်။ လူတွေ က မြူးကြွတာမျိုးတွေလောက်ပဲ နားထောင်ကြတာ များတယ်ထင် ပါတယ်။ အေးအေးနားထောင် တဲ့ပ ရိ သတ်တွေသိပ်မရှိတော့ ဘူးထင်ပါတယ်” လို့လက်ရှိပရိသတ်ရဲ့ ကြိုက်နှစ်သက်မှုအနေ
အထားကို L လွန်းဝါက ပြောပါတယ်။

တစ်ကိုယ်တော်ခွေ သုံး ခွေလောက် ထွက် ဖို့ရှိနေတဲ့ L လွန်းဝါက တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်ဖို့ အတွက်ရည်ရွယ်ချက်ရှိပေမယ့်လည်းလုပ်တော့ လုပ်ဖြစ်ဦးမှာ မဟုတ်ကြောင်း တစ်ကိုယ်ေ တာ်ေ ဖျာ်ဖြေပွဲလုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်ကတော့ အဆိုတော်တိုင်းမှာရှိမှာပဲဖြစ်ကြောင်း တစ်ကိုယ် တော်ဖျော်ဖြေပွဲကို အခွေတွေထွက်ပြီးမှပဲ စီစဉ်မှာ ဖြစ် တယ်လို့ဆို ပါ တယ်။

ရန်ကုန်ရှိုးတွေမှာ သိပ်မတွေ့ရသလို၊အခွေတွေမှာလည်းအတွေ့ရနည်း လှတဲ့ L လွန်းဝါကိုသူ့ရဲ့ပရိသတ်တွေက L လွန်းဝါ ဘာလုပ်နေ လဲလို့ မေးနေကြ ပါ တယ်။ သူ့ရဲ့ပရိသတ်တွေအတွက် L လွန်းဝါက” ကျွန်တော့်ရဲ့ အခွေတွေထွက်လာမှာပါ။ အချိန်လေးစောင့်နေလို့ပါ။ ရန်ကုန်မှာ မတွေ့ရဘူး ဆိုတာကလည်းနယ်တွေ ထွက်ဖြစ်နေတာများလို့ပါ။ ရန်ကုန်မှာသာ မဆိုဖြစ်တာပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

လင်းအက္ခရာ
Popular Journal

RangonNewsDaily:: October. 30 .2013
L လွန်းဝါက အခုလတ်တလောမှာတော့ နယ်ဖျော်ဖြေရေးတွေပဲ အဓိကထွက် ဖြစ်နေပါ တယ်။လက်ရှိထွက်
ဖို့ ပြင်ဆင်ထားတဲ့ တစ်ကိုယ်တော်အခွေ (၂)ခွေရှိပေမယ့် လည်း အခြေအနေ ကို ကြည့်ပြီး ထွက်ဖို့ စီစဉ်
နေကြောင်ူးလွန်းဝါကပြောပါတယ်။

ရုရှားနိုင်ငံက Sukhoi T-50 ဂျက်တိုက် လေယာဉ်သစ်ကို အောင်မြင်စွာ စမ်းသပ်

Photo: ရုရှားနိုင်ငံက Sukhoi T-50 ဂျက်တိုက် လေယာဉ်သစ်ကို အောင်မြင်စွာ စမ်းသပ်
Wednesday, October 30, 2013

ရုရှားနိုင်ငံထုတ် Sukhoi T-50 ဂျက်တိုက် လေယာဉ်သစ်ကို နိုင်ငံ့အရှေ့ဘက်စွန်း Komsomolsk-on-Amur မြို့ရှိ Gagarin လေယာဉ်ထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်ခဲ့ပြီး

ပထမဆုံး အကြိမ်အဖြစ်မိနစ် ၅ဝ ကြာ စမ်းသပ်ပျံသန်းခဲ့ကြောင်း Sukhoi လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ်ပျံသန်းမှုတွင် အင်ဂျင်၏ လုပ်ဆောင်မှုနှင့် ဝေဟင်၌ လေယာဉ်၏ တည်ငြိမ်မှုတို့ အပါအဝင် ၎င်းလေယာဉ်၏ လုပ်ဆောင်ချက် အားလုံးကို အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ကြောင်း ပျံသန်းမှု အစီအစဉ်တွင် ပါရှိသည့် အဆင့်အားလုံးတွင် ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြောင်းနှင့် လေယာဉ်တွင် တပ်ဆင်ထားသည့် ပစ္စည်း ကိရိယာနှင့်စနစ် များအားလုံးသည် ယုံကြည် စိတ်ချရကြောင်းကို လေယာဉ်မှူးက အတည်ပြုခဲ့ကြောင်း သိရ သည်။

ရုရှားနိုင်ငံ၏ အနာဂတ် တိုက်လေယာဉ်များအတွက် အရေးပါလာမည့် T-50 ဂျက်တိုက် လေယာဉ်သည် ကိုယ်ပျောက်နှင့် နာနိုနည်းပညာ မြင့်မားသည့် စစ်ကစားမှု၊ အသံ ထက်မြန်စွာ ပျံသန်းနိုင်မှုနှင့် X-band ရေဒါပါဝင်သည့် ခေတ်မီ အီလက်ထရွန်နစ် စနစ်များကို ထည့်သွင်းထားသည့် ပဉ္စမမျိုးဆက်ဘက်စုံသုံး ဂျက်တိုက်လေယာဉ် တစ်စင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: October. 30 .2013
ရုရှားနိုင်ငံထုတ် Sukhoi T-50 ဂျက်တိုက် လေယာဉ်သစ်ကို နိုင်ငံ့အရှေ့ဘက်စွန်း Komsomolsk-on-Amur မြို့ရှိ Gagarin လေယာဉ်ထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ်မိနစ် ၅ဝ ကြာ စမ်းသပ်ပျံသန်းခဲ့ကြောင်း Sukhoi လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အနမ်း ပေးခြင်းနှင့် ပတ်သတ်သည့် အဓိပါယ်ဖွင့်ဆိုချက်

Photo: ◄အနမ်း (၁၀) ပါး►
Wednesday, October 30, 2013

အောက်ပါ အနမ်း (၁၀)မျိုးထဲက ကျနော့်ချစ်သူကို မေးကြည့်တယ်။ ဘယ်ဟာပိုကြိုက်သလဲလို့။ သူကတော့ တစ်မျိုးစီ ကြိုက်တာချည်းပါပဲ တဲ့။ အဲဒါကြောင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေးစားသုံးနိုင်ပါ စေကြောင်း ရည်စူးပြီး တင်ပြလိုက်ပါတယ်။


(၁) ရေတံခွန်အနမ်း=
ချစ်သူနဲ့တွေ့တဲ့အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ဖက်ထားပြီး အားပါးတရ တရစပ် နမ်းခြင်း။


(၂) ရွှင်ပျော်ပျော်အနမ်း=
ချစ်သူ့ကိုယ်ပေါ်မှာရှိတဲ့ ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ဆိပ်ရင်း ရယ်ရွှင်လာ အောင်လုပ်ပြီးမှ နမ်းခြင်း၊


(၃) ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀အနမ်း=
ချစ်သူရဲ့နှုတ်ခမ်းကို ငုံစုပ်ပြီး မနမ်းပဲ အပေါ်ယံနှုတ်ခမ်းသားလေးတွေအပေါ် လျှာဖျားလေးနဲ့ တို့ထိကလိ ပေးလျှက် နမ်းခြင်း၊


(၄) စွမ်းအင်ပြည့်အနမ်း=
နှုတ်ခမ်းကို လုံးဝမထိမိစေပဲ ချစ်သူ့တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ကာ ချစ်သူ့ကျောပြင်ကို လက်ချောင်း များဖြင့် ပွတ်သတ်ပေးခြင်းဖြင့် နမ်းခြင်း၊


(၅) ရေခဲစိမ်အနမ်း=
ပူအိုက်တဲ့ရာသီမှာ ချစ်သူနဲ့အတူ ရေခဲမုန့်စားခြင်းဖြင့်ဖြစ်စေ၊ အအေးသောက်ခြင်းဖြင့်ဖြစ်စေ၊ နှစ်ဦးစလုံးရဲ့ နှုတ်ခမ်းများကို အေးစက်အောင်လုပ်ပြီးမှ နမ်းခြင်း၊


(၆) မူဟန်ကြွယ်အနမ်း=
ချစ်သူနဲ့အတူနေတဲ့အခါ အလျှင်စလိုမနမ်းမိစေပဲ ချစ်သူလိုလားမှန်းသိသည့်တိုင် မသိယောင်ဆောင်နေပြီး သူ့ဘက်က အငမ်းမရတောင်းတလာမှ နမ်းခြင်း၊


(၇) တူးတူပုန်းအနမ်း=
ချစ်သူနဲ့ပြေးလွှားဆော့ကစားရင်း ကိုယ်အချင်းချင်းပွတ်သတ်ထိတွေ့စေပြီး ပျော်ရွှင်အူမြူးအောင်လုပ်ပြီးမှ နမ်းခြင်း၊


(၈) အာရှအနမ်း (သို့) မွှေးမွှေးပေးခြင်း=
နှုတ်ခမ်းချင်းမထိစေပဲ ချစ်သူရဲ့ နဖူးပြင်၊ ပါးပြင်စသည်ကို မွှေးမွှေးပေးခြင်းဖြင့်နမ်းခြင်း၊


(၉) သကာစိမ်အနမ်း=
ချော့ကလက်သကြာလုံးစသည်ကို တစ်ဦးပါးစမ်းထဲ တစ်ဦးပါးစပ်ဖြင့်ထည့်ပေးလျှက် အပြန်အလှန်နမ်းခြင်း၊


(၁၀) ငတက်ပြားအနမ်း=
ချစ်သူနဲ့အတူ တွဲသွားတဲ့အခါ ပတ်ဝန်းကျင်လူ အခြေအနေကြည့်လျှက် လစ်ရင်လစ်သလို နမ်းခြင်း၊ ဟု အနမ်း (၁၀)မျိုးပါးကို မှတ်သားရပါကြောင်း။ နတ်လူသာဓုခေါ်စေသော်


အလင်းတန်း

RangonNewsDaily:: October. 30 .2013
မိမိချစ်သူ ၊ ဇနီး  အိမ်ထောင်ဖက်နှင့် အနမ်းဖလှယ်ဖိုကအနမ်း (၁၀)မျိုး ရှိပါတယ်နော်။ ပတ်ဝန်းကျင် တွေ့
၇ှိရတဲ့ စုံတွဲတွေ ကိုစစ်တမ်းထုတ်ကြည့်ချက်အရ စုံတွဲတိုင်းကတစ်မျိုးစီ ကြိုက်တာချည်းပါပဲ တဲ့။ အဲဒါကြောင့်
လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေး မိမိချစ်သူ ၊ ဇနီး  အိမ်ထောင်ဖက်နှင့် အနမ်းဖလှယ်နိုင်ဖို့ ရှာဖွေ
စုဆောင်းတင်ပြပါလိုက်တယ်။

ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ် စတင်ကျင်းပ

Photo: ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ် စတင်ကျင်းပ
Wednesday, October 30, 2013

မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး ဒုတိယအကြိမ်ပြုလုပ်တဲ့ မြန်မာနိုင်ငံအမျိုးသမီးများဖိုရမ် ပထမနေ့ကို ဒီနေ့ ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

နယ်ပယ်အသီးသီးမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့ အမျိုးသမီးတွေရဲ့အသံတွေ စုစည်းတာဖြစ်သလို အမျိုးသားတွေ ပိုမိုပံ့ပိုးပေးနိုင်ဖို့ ဒီဆွေးနွေးပွဲဖိုရမ်ကို ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီက ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ အမျိုးသမီးနဲ့ နိုင်ငံရေးကဏ္ဍ၊ အမျိုးသမီးနဲ့ စီးပွားရေးကဏ္ဍဆိုပြီး နှစ်ပိုင်းခွဲဆွေးနွေးခဲ့ကြပါတယ်။ မနက်ဖြန်မှာတော့ အမျိုးသမီးနဲ့ လူမှုမီဒီယာကဏ္ဍဆိုပြီး အနုပညာရှင် အမျိုးသမီးတွေနဲ့ သတင်းမီဒီယာဘက်က အမျိုးသမီးတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ၃ရက်ကြာကျင်းပခဲ့တဲ့ ပထမအကြိမ် အမျိုးသမီးများဖိုရမ်မှာတော့ အမျိုးသမီးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမျိုးသမီးများအား တရားဥပဒေအရကာကွယ်ခြင်း၊ အမျိုးသမီးနဲ့ ဆုံးဖြတ်ချက်ချခြင်း၊ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး၊ အမျိုးသမီးနဲ့ ကျား မတန်းတူရေးစတဲ့ ခေါင်းစဉ်တွေ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

RFA Burmese

RangonNewsDaily:: October. 30 .2013
မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး ဒုတိယ
အကြိမ်ပြုလုပ်တဲ့ မြန်မာနိုင်ငံအမျိုးသမီးများဖိုရမ်ပထမနေ့ကိုဒီနေ့ ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာကျင်း
ပခဲ့ပါတယ်။

ဒေါ်လာ ၁၀ သန်းတန် ဘရာစီယာကြောင့် ယုံကြည်မှု တိုးလာသည့် ကန်ဒိုက်စ်

Photo: ဒေါ်လာ ၁၀ သန်းတန် ဘရာစီယာကြောင့် ယုံကြည်မှု တိုးလာသည့် ကန်ဒိုက်စ်
Wednesday, October 30, 2013

အသက်(၂၅)နှစ်ရှိ တောင်အာဖရိက မော်ဒယ်လ်သည် Victoria's Secret၏ ယခုနှစ် အထူးဖက်ရှင်ပွဲတော်မှ အထင်ကရ တင်ဆက်မှုဖြစ်သော Royal Fantasy ဘရာစီယာကို ဝတ်ဆင်မည့်သူအဖြစ် ရွေးချယ်ခံထားရသည်။

ဒေါ်လာ (၁၀)သန်းတန် ဘရာစီယာဖြင့် ကိုယ်ဟန်ပြရခြင်းသည် မိမိကို ပိုမို၍ ယုံကြည်မှု တိုးပွားစေကြောင်း ကန်ဒိုက်စ် ဆွန်နီပိုဝယ်လ်က ထုတ်ဖော် ပြောကြားလိုက်သည်။ အသက်(၂၅)နှစ်ရှိ တောင်အာဖရိက မော်ဒယ်လ်သည် Victoria's Secret၏ ယခုနှစ် အထူးဖက်ရှင်ပွဲတော်မှ အထင်ကရ တင်ဆက်မှုဖြစ်သော Royal Fantasy ဘရာစီယာကို ဝတ်ဆင်မည့်သူအဖြစ် ရွေးချယ်ခံထားရသည်။ ဒေါ်လာ (၁၀)သန်းတန်ပြီး ရွှေသား၊ ကျောက်မျက်ရတနာများနှင့် ပတ္တမြားကြီးတစ်လုံး စီခြယ်ဖန်တီးထားသည့် ဘရာစီယာနှင့် ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်နေသည့် ရိုက်ကွင်းမှတ်တမ်းများ ထွက်ပေါ်လာပြီးနောက် ကန်ဒိုက်စ်က သူမအနေဖြင့် ယခုအခွင့်အရေးကို အလွန်ဂုဏ်ယူ ပျော်ရွှင်မိကြောင်း ဖွင့်ဟလာခြင်း ဖြစ်သည်။

"ဒီထက်လှတဲ့ ဖန်တီးမှုမျိုး ကျွန်မ မတွေ့ဖူးဘူးရှင့်"ဟု ကန်ဒိုက်စ်က ဆိုသည်။ "ပြီးတော့ ကျွန်မက ရတနာတွေကို ချစ်တတ်တဲ့ မိန်းကလေး တစ်ယောက်ပဲလေ"ဟုလည်း သူမက ပြောကြားခဲ့သည်။ ကန်ဒိုက်စ်က "အမှန်အတိုင်း ပြောရရင် ဒီဘရာစီယာဟာ ခုလောက် တောက်တောက်ပပ ဖြစ်နေမယ်လို့ ကျွန်မ မထင်ခဲ့ဘူး"ဟုလည်း ဖွင့်ဟခဲ့သည်။ သူမက "လူတိုင်းက ဒေါ်လာ(၁၀)သန်းတန် ဘရာစီယာကို ဝတ်လိုက်ချိန်မှာ ဘယ်လိုခံစားရသလဲလို့ မေးကြတယ်။ မှန်တာ ပြောရရင်တော့ ကျွန်မအတွက် ကိုယ်ဟန်ပြရတာ နည်းနည်းပိုပြီး အားပါသွားတယ်။ ယုံကြည်စိတ် တိုးလာတယ်"ဟုလည်း ဆက်လက် ပြောဆိုခဲ့သည်။

Royal Fantasy ဘရာစီယာကို ပတ္တမြား၊ စိန်၊ အဝါရောင်မြတို့ အပါအဝင် ကျောက်မျက်ရတနာ (၄၂၀၀)ကျော်ဖြင့် စီခြယ် ဖန်တီးထားသည်။ ထို့အပြင် (၁၈)ကာရက် ရွှေသားဖြင့် ရက်လုပ်ထားပြီး အလယ်ဗဟိုတွင် (၅၂)ကာရက်ရှိ သစ်တော်သီးပုံ ပတ္တမြားကြီးကို ချိတ်ဆွဲထားသေးသည်။ "ကျွန်မစိတ်နဲ့ ဆိုရင်တော့ ဒါကို နှစ်လလောက် မချွတ်တမ်း ဝတ်ထားလိုက်ချင်ပါတယ်"ဟုလည်း ကန်ဒိုက်စ် အရွှမ်းဖောက် ပြောဆိုသွားသေးသည်။ ယခင်နှစ်များက Victoria's Secret၏ အထူးလက်ရာ Royal Fantasy ဘရာစီယာများကို မီရန်ဒါကားရ်၊ တိုင်ရာဘန့်ခ်၊ ဂီဆလီဘန်ချန်နှင့် ကလော်ဒီရာ ရှက်ဖားတို့က ဝတ်ဆင်ခဲ့ဖူးသည်။ ကန်ဒိုက်စ်က "ဒီဘရာစီယာက ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သင့်တော်အောင် စီမံပြီး တိုင်းချုပ်ထားတာပါ။ ဒါကို ဝတ်လိုက်ရတိုင်း ကျွန်မ စိတ်လှုပ်ရှားမိတယ်"ဟုလည်း ဖွင့်ဟသွားသည်။


Planet Myanmar Network

RangonNewsDaily:: October. 30 .2013
အသက်(၂၅)နှစ်ရှိ တောင်အာဖရိက မော်ဒယ်လ်သည် Victoria's Secret၏ ယခုနှစ် အထူးဖက်ရှင်ပွဲတော်မှ အထင်ကရတင်ဆက်မှုဖြစ်သောRoyal Fantasyဘရာစီယာကိုဝတ်ဆင်မည့်သူအဖြစ် ရွေးချယ်ခံထားရသည်။

မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ

RangonnewsDaily:: October. 30 .2013

ဖေ့စ်ဘွပ်ါတွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။

ကမ္ဘာ့အရပ်အရှည်ဆုံးလူသား တူရကီတွင် လက်ထပ်ပွဲကျင်းပ

Photo: ကမ္ဘာ့အရပ်အရှည်ဆုံးလူသား တူရကီတွင် လက်ထပ်ပွဲကျင်းပ
Tuesday, October 29, 2013

ကမ္ဘာ့အရပ်အရည်ဆုံးလူသားအဖြစ် Guinness World Record စာအုပ်တွင်မှတ်တမ်းတင်ခြင်းခံထားရသူဆူလ်တန်ကိုဆန် သည်ဆီရီးယားသူတစ်ဦးနှင့်တူရကီတွင်အောက်တိုဘာ၂၇ရက်ကလက်ထပ်ပွဲကျင်းပခဲ့သည်။

သတို့သားဖြစ်သူဆူလ်တန်အသက်၃၁နှစ်၏လက်ရှိအရပ်မှာ ရှစ်ပေသုံးလက်ခန့်ရှိပြီးသူ၏မဟေသီဖြစ်သူမာဝီဒီဘိုအသက်၂၀နှစ်၏အရပ်မှာ ၅ပေ ၉ လက်မရှိသည်။

လက်ထပ်ပွဲကို ဆူတန်၏ မွေးရပ်မြေဖြစ်သော တူရကီအရှေ့တောင်ပိုင်း မာဒင်ပြည်နယ်တွင်ကျင်းပခဲ့သည်။ ဆူလ်တန်က သူသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးလူသား ဖြစ်ခဲ့ပြီဟု မင်္ဂလာအခမ်းအနားတွင် ပြောကြားခဲ့ပြီး ဆီးရီးယားနိုင်ငံ ဟာဆာကာမြို့သူ မာဝီက ယခုပျော်ရွှင်မှုသည် သက်ဆုံးတိုင် တည်မြဲလိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။

ဆူလ်တန်သည် ၂၀၀၉ခုနှစ် စက်တင်ဘာလက Guinness Book Record တွင် ကမ္ဘာ့အရပ်အရှည်ဆုံး လူသားအဖြစ် စံချိန်တင် မှတ်တမ်းဝင်စဉ်က သူ၏ အရပ်မှာ ၈ ပေ ၁ လက်မကျော်သာ ရှိခဲ့သည်။ အမေရိကန် ဆရာဝန်များက သူ၏ အရပ်ထိုသို့ ထိုးထွက်လာခြင်းသည် သူ၏ခန္ဓာကိုယ်တွင်းမှ ဂလင်းအကြိတ်များ မူမမှန်ခြင်းကြောင့် ဖြစ်သည်ဟု အဖြေထုတ်ထားသည်။

၂၀၁၀ခုနှစ် သြဂုတ်လက ဗာဂျီးနီးယားပြည်နယ်တွင် အမေရိကန် ဆရာဝန်များက Gamma Knife ဟုအမည်ပေး ထားသော ဂါမာရောင်ခြည်ကုထုံးဖြင့် ဆူလ်တန်ကိုကုသပေးခဲ့ကြသည်။

သို့သော် ပြီးခဲ့သောနှစ်က ဆရာဝန်များက ဆူလ်တန်၏ ကိုယ်ခန္ဓာကြီးထွားမှုသည် သက်ကြီးအရွယ်ရောက်သည်တိုင်အောင် ဆက်လက်ဖွံ့ဖြိုးနေဦးမည်ဟု ဆိုကြသည်။ လက်ရှိအချိန်တွင် ဆူလ်တန်ကို ဂျိုင်းထောက်ဖြင့် သွားလာရန် သူ၏ ဆရာဝန်များက ညွှန်ကြားထားသည်။

Ref: AFP
မြန်မာ့ခေတ်

RangonNewsDaily:: October. 30 .2013
ကမ္ဘာ့အရပ်အရည်ဆုံးလူသားအဖြစ်Guinness World Recordစာအုပ်တွင်မှတ်တမ်းတင်ခြင်းခံထားရသူဆူလ်
တန်ကိုဆန် သည်ဆီရီးယားသူတစ်ဦးနှင့်တူရကီတွင်အောက်တိုဘာ၂၇ရက်ကလက်ထပ်ပွဲကျင်းပခဲ့သည်။