Pages

Wednesday, October 30, 2013

" L လွန်းဝါ ဘာလုပ်နေလဲ "

Photo: " L လွန်းဝါ ဘာလုပ်နေလဲ "
Wednesday, October 30, 2013

L လွန်းဝါက အခုလတ်တလောမှာတော့ နယ်ဖျော်ဖြေရေးတွေပဲ အဓိကထွက် ဖြစ်နေပါ တယ်။လက်ရှိထွက်ဖို့ ပြင်ဆင်ထားတဲ့ တစ်ကိုယ်တော်အခွေ (၂)ခွေရှိပေမယ့် လည်း အခြေအနေ ကို ကြည့်ပြီး ထွက်ဖို့ စီစဉ်နေကြောင်ူးလွန်းဝါကပြောပါတယ်။ ဓမ္မတေးသီချင်းတွေကြီးပဲပါ ဝင်မယ့်တစ်ကိုယ်တော်အခွေကို အရင်ထွက်ဖို့စီစဉ် ထားပေမယ့်လည်း ဆီးဂိမ်းပွဲကြီးရှိနေတဲ့အတွက် ဆီးဂိမ်းပွဲကြီးပြီးမှပဲ ထွက်ရင်ကောင်းမ လားဆိုပြီးပြန်စဉ်းစားနေတယ်လို့ဆိုပါတယ်။

” နှစ်ခွေမှာတစ်ခွေကအားလုံးပြီးသွားပြီ။ဓမ္မတေးအခွေကသီတင်းကျွတ်ပြီးတာနဲ့စတီးမယ်။ နောက် IC နဲ့တီးထားတဲ့ တစ်ကိုယ်တော် အခွေလည်းရှိသေး တယ်။ အခွေတွေကတော့ ထွက်ဖို့အများကြီးပါပဲ။ တစ်ခွေပြီးတစ်ခွေထွက်ဖို့ စီစဉ်ထားပါတယ်။ဒါပေမဲ့ ဖြည်းဖြည်းချင်းပေါ့” လို့ တစ်ကိုယ်တော် အခွေတွေနဲ့ပတ် သက်ပြီး လည်း L လွန်း ဝါကပြောပြပါတယ်။

နယ်ဖျော်ဖြေရေးတွေပဲ အဓိကထွက်ဖြစ်နေပြီး ရန်ကုန်ဖျော်ဖြေရေးတွေမှာ အတွေ့ရနည်းနေတဲ့ L လွန်းဝါကို ရှိုး တွေကို လက်ခံခဲ့ တဲ့အခါ မှာရွေးချယ် ပြီးလက်ခံလို့များရန်ကုန်မှာ မတွေ့ရတာလားလို့မေးတော့” အစ်ကိုကတာ့မရွေးပါဘူး။ ရန်ကုန်မှာက ဟစ်ဟော့ပွဲတွေပိုများသလိုပဲလေ။ ကျန်တာက IC တစ်ခုပဲ ရှိတာ။ ဒါပေမဲ့ရန်ပုံငွေပွဲတွေမှာတော့ ဆိုဖြစ်တယ်။ လူတွေ က မြူးကြွတာမျိုးတွေလောက်ပဲ နားထောင်ကြတာ များတယ်ထင် ပါတယ်။ အေးအေးနားထောင် တဲ့ပ ရိ သတ်တွေသိပ်မရှိတော့ ဘူးထင်ပါတယ်” လို့လက်ရှိပရိသတ်ရဲ့ ကြိုက်နှစ်သက်မှုအနေ
အထားကို L လွန်းဝါက ပြောပါတယ်။

တစ်ကိုယ်တော်ခွေ သုံး ခွေလောက် ထွက် ဖို့ရှိနေတဲ့ L လွန်းဝါက တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်ဖို့ အတွက်ရည်ရွယ်ချက်ရှိပေမယ့်လည်းလုပ်တော့ လုပ်ဖြစ်ဦးမှာ မဟုတ်ကြောင်း တစ်ကိုယ်ေ တာ်ေ ဖျာ်ဖြေပွဲလုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်ကတော့ အဆိုတော်တိုင်းမှာရှိမှာပဲဖြစ်ကြောင်း တစ်ကိုယ် တော်ဖျော်ဖြေပွဲကို အခွေတွေထွက်ပြီးမှပဲ စီစဉ်မှာ ဖြစ် တယ်လို့ဆို ပါ တယ်။

ရန်ကုန်ရှိုးတွေမှာ သိပ်မတွေ့ရသလို၊အခွေတွေမှာလည်းအတွေ့ရနည်း လှတဲ့ L လွန်းဝါကိုသူ့ရဲ့ပရိသတ်တွေက L လွန်းဝါ ဘာလုပ်နေ လဲလို့ မေးနေကြ ပါ တယ်။ သူ့ရဲ့ပရိသတ်တွေအတွက် L လွန်းဝါက” ကျွန်တော့်ရဲ့ အခွေတွေထွက်လာမှာပါ။ အချိန်လေးစောင့်နေလို့ပါ။ ရန်ကုန်မှာ မတွေ့ရဘူး ဆိုတာကလည်းနယ်တွေ ထွက်ဖြစ်နေတာများလို့ပါ။ ရန်ကုန်မှာသာ မဆိုဖြစ်တာပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

လင်းအက္ခရာ
Popular Journal

RangonNewsDaily:: October. 30 .2013
L လွန်းဝါက အခုလတ်တလောမှာတော့ နယ်ဖျော်ဖြေရေးတွေပဲ အဓိကထွက် ဖြစ်နေပါ တယ်။လက်ရှိထွက်
ဖို့ ပြင်ဆင်ထားတဲ့ တစ်ကိုယ်တော်အခွေ (၂)ခွေရှိပေမယ့် လည်း အခြေအနေ ကို ကြည့်ပြီး ထွက်ဖို့ စီစဉ်
နေကြောင်ူးလွန်းဝါကပြောပါတယ်။ ဓမ္မတေးသီချင်းတွေကြီးပဲပါ ဝင်မယ့်တစ်ကိုယ်တော်အခွေကို အရင်ထွက်ဖို့စီစဉ် ထားပေမယ့်လည်းဆီးဂိမ်းပွဲ
ကြီးရှိနေတဲ့အတွက် ဆီးဂိမ်းပွဲကြီးပြီးမှပဲ ထွက်ရင်ကောင်းမ လားဆိုပြီးပြန်စဉ်းစားနေတယ်လို့ဆိုပါတယ်။

” နှစ်ခွေမှာတစ်ခွေကအားလုံးပြီးသွားပြီ။ဓမ္မတေးအခွေကသီတင်းကျွတ်ပြီးတာနဲ့စတီးမယ်။ နောက် IC နဲ
့တီးထားတဲ့ တစ်ကိုယ်တော် အခွေလည်းရှိသေးတယ်။ အခွေတွေကတော့ ထွက်ဖို့အများကြီးပါပဲ။ တစ်ခွေပြီး
တစ်ခွေထွက်ဖို့ စီစဉ်ထားပါတယ်။ဒါပေမဲ့ ဖြည်းဖြည်းချင်းပေါ့” လို့ တစ်ကိုယ်တော် အခွေတွေနဲ့ပတ် သက်
ပြီး လည်း L လွန်း ဝါကပြောပြပါတယ်။

နယ်ဖျော်ဖြေရေးတွေပဲ အဓိကထွက်ဖြစ်နေပြီး ရန်ကုန်ဖျော်ဖြေရေးတွေမှာ အတွေ့ရနည်းနေတဲ့ Lလွန်းဝါကို
ရှိုး တွေကို လက်ခံခဲ့ တဲ့အခါ မှာရွေးချယ် ပြီးလက်ခံလို့များရန်ကုန်မှာ မတွေ့ရတာလားလို့မေးတော့” အစ်ကို
ကတာ့မရွေးပါဘူး။ ရန်ကုန်မှာက ဟစ်ဟော့ပွဲတွေပိုများသလိုပဲလေ။ ကျန်တာက IC တစ်ခုပဲ ရှိတာ။ ဒါပေမဲ့
ရန်ပုံငွေပွဲတွေမှာတော့ ဆိုဖြစ်တယ်။ လူတွေ က မြူးကြွတာမျိုးတွေလောက်ပဲ နားထောင်ကြတာ များတယ်
ထင် ပါတယ်။ အေးအေးနားထောင် တဲ့ပ ရိ သတ်တွေသိပ်မရှိတော့ ဘူးထင်ပါတယ်” လို့လက်ရှိပရိသတ်ရဲ့ ကြိုက်နှစ်သက်မှုအနေအထားကို L လွန်းဝါက ပြောပါတယ်။

တစ်ကိုယ်တော်ခွေသုံး ခွေလောက်ထွက် ဖို့ရှိနေတဲ့ L လွန်းဝါက တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်ဖို့ အတွက်
ရည်ရွယ်ချက်ရှိပေမယ့်လည်းလုပ်တော့ လုပ်ဖြစ်ဦးမှာ မဟုတ်ကြောင်း တစ်ကိုယ်ေ တာ်ေ ဖျာ်ဖြေပွဲလုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်ကတော့ အဆိုတော်တိုင်းမှာရှိမှာပဲဖြစ်ကြောင်း တစ်ကိုယ် တော်ဖျော်ဖြေပွဲကို အခွေတွေ
ထွက်ပြီးမှပဲ စီစဉ်မှာ ဖြစ် တယ်လို့ဆို ပါ တယ်။

ရန်ကုန်ရှိုးတွေမှာ သိပ်မတွေ့ရသလို၊အခွေတွေမှာလည်းအတွေ့ရနည်း လှတဲ့ L လွန်းဝါကိုသူ့ရဲ့ပရိသတ်
တွေက L လွန်းဝါ ဘာလုပ်နေ လဲလို့ မေးနေကြ ပါ တယ်။ သူ့ရဲ့ပရိသတ်တွေအတွက် L လွန်းဝါက” ကျွန်
တော့်ရဲ့ အခွေတွေထွက်လာမှာပါ။ အချိန်လေးစောင့်နေလို့ပါ။ ရန်ကုန်မှာ မတွေ့ရဘူး ဆိုတာကလည်း
နယ်တွေ ထွက်ဖြစ်နေတာများလို့ပါ။ ရန်ကုန်မှာသာ မဆိုဖြစ်တာပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

လင်းအက္ခရာ
Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment