Pages

Wednesday, October 30, 2013

အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) မြန်မာနိုင်ငံရောက်ရှိ

Photo: အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) မြန်မာနိုင်ငံရောက်ရှိ
Wednesday, October 30, 2013

မြန်မာနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှု ပိုမိုလုပ်ဆောင်ရန် အိန္ဒိယနိုင်ငံ၏ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် (ကြည်း) ဗိုလ်ချုပ် ဘီကာရမ်ဆင်မ်းသည် အောက်တိုဘာလ ၂၉ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အိန္ဒိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် Bikram Singh သည် ၄င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် လုံခြုံရေးအတွက် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဗိုလ်ချုပ် ဘီကာရမ်ဆင်းမ်းသည် ၄င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု မြှင့်တင်ရန်၊ နယ်စပ်ဒေသ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာတပ်မတော်ကို စွမ်းအင်မြှင့်တင် သင်တန်းများပေးရန် တပ်မတော် တာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိန္ဒိယ အစိုးရ ထုတ်ပြန်ချက်များအရ သိရှိရသည်။
သို့သော် မည်သည့်နေ့တွင် တွေ့ဆုံမည် ဆိုသည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသို့ တိုက်ခိုက်ရေး လေယာဉ်များ၊ ရေတပ်သုံး လက်နက် ပါဝင်သည့် စက်တပ်ရေယာဉ်များ၊ ဒုံပျံထိန်းကိရိယာများ၊ ရိုင်ဖယ်များ၊ လျှပ်စစ်ဖောက်ခွဲရေး ပစ္စည်းများ အများဆုံး ရောင်းချပေးကြောင်း အိန္ဒိယတပ်မတော်မှ တရားဝင် ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းကြီးက ထုတ်လုပ်သော ရေတပ်သင်္ဘော များတွင် တပ်ဆင်အသုံးပြုသော ရေဒါကိရိယာများ၊ အသံလှိုင်း အသုံးပြုရှာဖွေရေး ကိရိယာ (Sonar) များကို မြန်မာနိုင်ငံက ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးက ယခုနှစ်အစောပိုင်းက ထုတ်ပြန် ကြေညာထားသည်။

ယခုနှစ် ဇူလိုင်လကုန်ပိုင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မြန်မာရေတပ်မှ တပ်မတော်အရာရှိ များကို အိန္ဒိယ တပ်မတော်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးရန်နှင့် ကမ်းလွန်ပင်လယ်ပြင် ကင်းလှည့်သင်္ဘောများ ဆောက်လုပ်ရေး အတွက် အကူအညီပေးရန် တို့အတွက် တောင်းဆိုထားသည်။

ထို့အပြင် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်တွင် ၁၉၆၄ခုနှစ်မှ စတင်ကာ ခြေကုပ်ယူထားပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေသော အဖွဲ့အစည်း များကို မြန်မာနိုင်ငံက လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေးတိုးမြှင့်ရန် အတွက် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာ အေကေအန်တိုနီက ၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တပ်မတော်အရာရှိများ၊ အစိုးရတာဝန် ရှိသူများနှင့် ညှိနှိုင်းခဲ့သည်။

The Voice Weekly

RangonNewsDaily:: October. 30 .2013
မြန်မာနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှု ပိုမိုလုပ်ဆောင်ရန် အိန္ဒိယနိုင်ငံ၏ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် (ကြည်း) ဗိုလ်ချုပ် ဘီကာရမ်ဆင်မ်းသည် အောက်တိုဘာလ ၂၉ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ အိန္ဒိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် Bikram Singh သည် ၄င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် လုံခြုံရေးအတွက် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဗိုလ်ချုပ် ဘီကာရမ်ဆင်းမ်းသည် ၄င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု မြှင့်တင်ရန်၊ နယ်စပ်ဒေသ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာတပ်မတော်ကို စွမ်းအင်မြှင့်တင် သင်တန်းများပေးရန် တပ်မတော် တာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိန္ဒိယ အစိုးရ ထုတ်ပြန်ချက်များအရ သိရှိရသည်။
သို့သော် မည်သည့်နေ့တွင် တွေ့ဆုံမည် ဆိုသည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသို့ တိုက်ခိုက်ရေး လေယာဉ်များ၊ ရေတပ်သုံး လက်နက် ပါဝင်သည့် စက်တပ်ရေယာဉ်များ၊ ဒုံပျံထိန်းကိရိယာများ၊ ရိုင်ဖယ်များ၊ လျှပ်စစ်ဖောက်ခွဲရေး ပစ္စည်းများ အများဆုံး ရောင်းချပေးကြောင်း အိန္ဒိယတပ်မတော်မှ တရားဝင် ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းကြီးက ထုတ်လုပ်သော ရေတပ်သင်္ဘော များတွင် တပ်ဆင်အသုံးပြုသော ရေဒါကိရိယာများ၊ အသံလှိုင်း အသုံးပြုရှာဖွေရေး ကိရိယာ (Sonar) များကို မြန်မာနိုင်ငံက ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးက ယခုနှစ်အစောပိုင်းက ထုတ်ပြန် ကြေညာထားသည်။

ယခုနှစ် ဇူလိုင်လကုန်ပိုင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မြန်မာရေတပ်မှ တပ်မတော်အရာရှိ များကို အိန္ဒိယ တပ်မတော်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးရန်နှင့် ကမ်းလွန်ပင်လယ်ပြင် ကင်းလှည့်သင်္ဘောများ ဆောက်လုပ်ရေး အတွက် အကူအညီပေးရန် တို့အတွက် တောင်းဆိုထားသည်။

ထို့အပြင် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်တွင် ၁၉၆၄ခုနှစ်မှ စတင်ကာ ခြေကုပ်ယူထားပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေသော အဖွဲ့အစည်း များကို မြန်မာနိုင်ငံက လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေးတိုးမြှင့်ရန် အတွက် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာ အေကေအန်တိုနီက ၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တပ်မတော်အရာရှိများ၊ အစိုးရတာဝန် ရှိသူများနှင့် ညှိနှိုင်းခဲ့သည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment