Pages

Wednesday, October 30, 2013

ကမ္ဘာ့အရပ်အရှည်ဆုံးလူသား တူရကီတွင် လက်ထပ်ပွဲကျင်းပ

Photo: ကမ္ဘာ့အရပ်အရှည်ဆုံးလူသား တူရကီတွင် လက်ထပ်ပွဲကျင်းပ
Tuesday, October 29, 2013

ကမ္ဘာ့အရပ်အရည်ဆုံးလူသားအဖြစ် Guinness World Record စာအုပ်တွင်မှတ်တမ်းတင်ခြင်းခံထားရသူဆူလ်တန်ကိုဆန် သည်ဆီရီးယားသူတစ်ဦးနှင့်တူရကီတွင်အောက်တိုဘာ၂၇ရက်ကလက်ထပ်ပွဲကျင်းပခဲ့သည်။

သတို့သားဖြစ်သူဆူလ်တန်အသက်၃၁နှစ်၏လက်ရှိအရပ်မှာ ရှစ်ပေသုံးလက်ခန့်ရှိပြီးသူ၏မဟေသီဖြစ်သူမာဝီဒီဘိုအသက်၂၀နှစ်၏အရပ်မှာ ၅ပေ ၉ လက်မရှိသည်။

လက်ထပ်ပွဲကို ဆူတန်၏ မွေးရပ်မြေဖြစ်သော တူရကီအရှေ့တောင်ပိုင်း မာဒင်ပြည်နယ်တွင်ကျင်းပခဲ့သည်။ ဆူလ်တန်က သူသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးလူသား ဖြစ်ခဲ့ပြီဟု မင်္ဂလာအခမ်းအနားတွင် ပြောကြားခဲ့ပြီး ဆီးရီးယားနိုင်ငံ ဟာဆာကာမြို့သူ မာဝီက ယခုပျော်ရွှင်မှုသည် သက်ဆုံးတိုင် တည်မြဲလိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။

ဆူလ်တန်သည် ၂၀၀၉ခုနှစ် စက်တင်ဘာလက Guinness Book Record တွင် ကမ္ဘာ့အရပ်အရှည်ဆုံး လူသားအဖြစ် စံချိန်တင် မှတ်တမ်းဝင်စဉ်က သူ၏ အရပ်မှာ ၈ ပေ ၁ လက်မကျော်သာ ရှိခဲ့သည်။ အမေရိကန် ဆရာဝန်များက သူ၏ အရပ်ထိုသို့ ထိုးထွက်လာခြင်းသည် သူ၏ခန္ဓာကိုယ်တွင်းမှ ဂလင်းအကြိတ်များ မူမမှန်ခြင်းကြောင့် ဖြစ်သည်ဟု အဖြေထုတ်ထားသည်။

၂၀၁၀ခုနှစ် သြဂုတ်လက ဗာဂျီးနီးယားပြည်နယ်တွင် အမေရိကန် ဆရာဝန်များက Gamma Knife ဟုအမည်ပေး ထားသော ဂါမာရောင်ခြည်ကုထုံးဖြင့် ဆူလ်တန်ကိုကုသပေးခဲ့ကြသည်။

သို့သော် ပြီးခဲ့သောနှစ်က ဆရာဝန်များက ဆူလ်တန်၏ ကိုယ်ခန္ဓာကြီးထွားမှုသည် သက်ကြီးအရွယ်ရောက်သည်တိုင်အောင် ဆက်လက်ဖွံ့ဖြိုးနေဦးမည်ဟု ဆိုကြသည်။ လက်ရှိအချိန်တွင် ဆူလ်တန်ကို ဂျိုင်းထောက်ဖြင့် သွားလာရန် သူ၏ ဆရာဝန်များက ညွှန်ကြားထားသည်။

Ref: AFP
မြန်မာ့ခေတ်

RangonNewsDaily:: October. 30 .2013
ကမ္ဘာ့အရပ်အရည်ဆုံးလူသားအဖြစ်Guinness World Recordစာအုပ်တွင်မှတ်တမ်းတင်ခြင်းခံထားရသူဆူလ်
တန်ကိုဆန် သည်ဆီရီးယားသူတစ်ဦးနှင့်တူရကီတွင်အောက်တိုဘာ၂၇ရက်ကလက်ထပ်ပွဲကျင်းပခဲ့သည်။ သတို့သားဖြစ်သူဆူလ်တန်အသက်၃၁နှစ်၏လက်ရှိအရပ်မှာ ရှစ်ပေသုံးလက်ခန့်ရှိပြီးသူ၏မဟေသီဖြစ်သူ
မာဝီဒီဘိုအသက်၂၀နှစ်၏အရပ်မှာ ၅ပေ ၉ လက်မရှိသည်။

လက်ထပ်ပွဲကို ဆူတန်၏ မွေးရပ်မြေဖြစ်သော တူရကီအရှေ့တောင်ပိုင်း မာဒင်ပြည်နယ်တွင်ကျင်းပခဲ့သည်။ ဆူလ်တန်က သူသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးလူသား ဖြစ်ခဲ့ပြီဟုမင်္ဂလာအခမ်းအနားတွင် ပြောကြားခဲ့
ပြီး ဆီးရီးယားနိုင်ငံ ဟာဆာကာမြို့သူ မာဝီက ယခုပျော်ရွှင်မှုသည်သက်ဆုံးတိုင်တည်မြဲလိမ့်မည်ဟုယုံကြည်
ကြောင်း ဆိုသည်။

ဆူလ်တန်သည် ၂၀၀၉ခုနှစ်စက်တင်ဘာလက Guinness Book Record တွင် ကမ္ဘာ့အရပ်အရှည်ဆုံး လူသား
အဖြစ် စံချိန်တင် မှတ်တမ်းဝင်စဉ်က သူ၏ အရပ်မှာ ၈ ပေ ၁ လက်မကျော်သာ ရှိခဲ့သည်။ အမေရိကန် ဆရာ
ဝန်များက သူ၏ အရပ်ထိုသို့ ထိုးထွက်လာခြင်းသည် သူ၏ခန္ဓာကိုယ်တွင်းမှ ဂလင်းအကြိတ်များ မူမမှန်ခြင်း
ကြောင့် ဖြစ်သည်ဟု အဖြေထုတ်ထားသည်။

၂၀၁၀ခုနှစ် သြဂုတ်လက ဗာဂျီးနီးယားပြည်နယ်တွင် အမေရိကန် ဆရာဝန်များက Gamma Knife ဟုအမည်
ပေး ထားသော ဂါမာရောင်ခြည်ကုထုံးဖြင့် ဆူလ်တန်ကိုကုသပေးခဲ့ကြသည်။

သို့သော် ပြီးခဲ့သောနှစ်က ဆရာဝန်များက ဆူလ်တန်၏ ကိုယ်ခန္ဓာကြီးထွားမှုသည် သက်ကြီးအရွယ်ရောက်
သည်တိုင်အောင်ဆက်လက်ဖွံ့ဖြိုးနေဦးမည်ဟုဆိုကြသည်။လက်ရှိအချိန်တွင် ဆူလ်တန်ကို ဂျိုင်းထောက်ဖြင့်
သွားလာရန် သူ၏ ဆရာဝန်များက ညွှန်ကြားထားသည်။

Ref: AFP
မြန်မာ့ခေတ် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment