Pages

Wednesday, October 30, 2013

ကုမ္ပဏီမှတ်ပုံတင် မတည်ရင်းနှီးငွေထားရှိမှု ပယ်ဖျက်

RangonNewsDaily:: October. 30 .2013
မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ စတင်ထူထောင်ရန် ကုမ္မဏီမှတ်ပုံတင်မ

တည်ရင်းနှီးငွေ ထားရှိမှုကို ပယ်ဖျက်လိုက်ကြောင်းအောက်တိုဘာ ၃၀ရက်နေ့ထုတ် နိုင်ငံပိုင်မီဒီယာများတွင် တရားဝင်ထုတ်ပြန်ထားသည်။ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှ အောက်တိုဘာ၁၇ရက်နေ့တွင်အ
တည်ပြုချက်ဖြင့်ကုမ္ပဏီများမှတ်ပုံတင်၌မတည်ငွေရင်းပမာဏနှင့် ကနေဦး ထည့်ဝင်ရမည့် ပမာဏများ ကန့်
သတ်ထားရှိခြင်းကို ပယ်ဖျက်လိုက်ကြောင်း ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး ဆပ် ကော်မတီက ထုတ်ပြန်ကြေညာသည်။
ယခင် ကုမ္မဏီများမှတ်ပုံတင်ရာတွင်လုပ်ငန်း အမျိုးအစားများကို ခွဲခြားသတ်မှတ်ပြီး ကုမ္ပဏီများ ဖွဲ့စည်းမှတ်
ပုံတင်ရာတွင် မတည်ငွေရင်း ပမာဏနှင့် ကနဦး ထည့်ဝင်ငွေပမာဏ ကန့်သတ်ထားခဲ့သည်။

လက်ရှိတွင် ရောင်းဝယ်ရေးကုမ္မဏီ၊၀န်ဆောင်မှုကုမ္မဏီ၊ခရီးသွားလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၏ မတည်

ငွေရင်းကနေဦး ထည့်ဝင်ငွေများ ကို ကျပ် ၅သိန်း မှတ်ထားရှိခဲ့ပြီးဟိုတယ်လုပ်ငန်း၊ စက်မှုလက်မှုနှင့် ထုတ်
လုပ်မှုလုပ်ငန်း၊ဆောက်လုပ်ငန်းတို့ကျပ် ၅၀သိန်းသတ်မှတ်ထား ရှိခဲ့ခြင်းတို့ကို ပယ်ဖျက်လိုက်ကြောင်း ထုတ်
ပြန်ကြေညာခြင်းဖြစ်သည်။

အဆိုပါ ပယ်ဖျက်မှုကြောင့် အသေးစားအလတ်စားကုမ္ပဏီများအနေဖြင့် လုပ်ငန်းများကို အလွယ်တကူ
စတင်

နိုင်သော်လည်း ခရီးသွားလုပ်ငန်းကဲ့သောလုပ်ငန်းများသည်ဝန်ကြီးဌာနတွင် ပါမစ်အတွက်၂နှစ်လျင် ၄သိန်း
ခန့်ပေးနေ ရကြောင်း ယင်းစနစ်လည်းကို ပယ်ဖျက်သင့်ကြောင်း World Quest ခရီးသွားကုမ္ပဏီမှမန်နေဂျင်း
ဒါရိုက်တာ ဦးမောင်မောင်က ရှင်းပြသည်။

“ကုမ္မဏီတွေ ကနေဦးမတည်ငွေ ဆိုတာက အရင် ကတည်းငွေစာရင်းတွေကို စာအုပ်ထဲမှာပဲ ပြခဲ့တာပါ”ဟု ဦးမောင်မောင်ကဆိုသည်။

ကုမ္မဏီများ၏ လုပ်ငန်းအမျိုးအစားသတ်မှတ်ရာတွင်မတည်ရင်းနှီးငွေကို ရောင်းဝယ်ရေးလုပ်ငန်း၊ ၀န်ဆောင်

မှု လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းကျပ်သိန်းတစ်ရာသတ်မှတ်ခဲ့ပြီးဟိုတယ်လုပ်ငန်း၊စက်မှု
လက်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတို့ကို ကျပ် သိန်း ၅၀၀ သတ်မှတ်ခဲ့တို့ကို ခွဲခြား
သတ်မှတ်ခြင်းကို ပယ်ဖျက်ခဲ့သည်။

People power , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment