Pages

Wednesday, October 30, 2013

ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်သူဆု အမေရိကန်-မွတ်စလင်မ် အမျိုးသမီး ပထမဆုံး အကြိမ် ချီးမြှင့်ခံရ


RangonNewsDaily:: October. 30 .2013
အမေရိကန်နိုင်ငံနယူးယောက်မြို့ (New York)မှာဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုအရေး လှုပ်ရှားဆောင်
ရွက်သူ အမေရိကန်-မွတ်စလင် အမျိုးသမီး ဒေါက်တာ မူစာရက် ချောင်ဒရီ (Mussarat Chaudhry) ဟာ ခရစ်
ယာန် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Capital Area Council of Churches က ပေးအပ်တဲ့ Carlyle Adams Award ဆုကို ရရှိခဲ့တဲ့ ပထမဆုံး မွတ်စလင်မ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။
သူမဟာ ဓာတ်မှန်ပညာရှင်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုသူ တစ်ဦးဖြစ်ပြီး (၁၉၇၁) ခုနှစ်က ပါက
စ္စတန်နိုင်ငံ (Pakistan)ကနေအမေရိကန်ကို ရွှေ့ပြောင်းအခြေချခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒီဆုကို ရယူဖို့ ကျမ
ထက် ထိုက်တန်တဲ့ သူတွေ အများကြီးရှိတဲ့အတွက် ယခုလို ချီးမြှင့်ခြင်းခံရတာကို အလွန်ဂုဏ်ယူဝမ်းမြောက်
မိပါတယ်လို့ သူမက ဆိုပါတယ်။ 
ဒါ့အပြင် အစ္စလာမ်သာသနာမှာ အမျိုးသမီးတွေအတွက် အကျိုးဖြစ်ထွန်းစေနိုင်တဲ့ အခွင့်အရေး မြောက်များ
စွာ ပြဌန်းထားကြောင်း သူမက ဆိုပါတယ်။

Carlyle Adams Award ဆုကို (၁၉၈၃) ခုနှစ်က စတင်ချီးမြှင့်ခဲ့တာ ဖြစ်ပြီး သူမဟာ ဒီဆုကို ရယူနိုင်ခဲ့တဲ့ ပထ
မဆုံး မွတ်စလင်မ်တစ်ဦးဖြစ်တယ်လို့ အဖွဲ့ရဲ့ ဥက္ကဌ Deborah Riitano ကဆိုပါတယ်။ ကျနော် ဒေါက်တာ မူစာ
ရက် ချောင်ဒရီကို သိကျွမ်းလာတာ အနှစ် (၂၀) လောက်ရှိပါပြီ။ သူမဟာ အလွန်ဖော်ရွေပြီး နှိမ့်ချနေထိုင်သူ
ပါ၊ အခြားသူတွေကို အစ္စလာမ်သာသနာအကြောင်း နားလည်သဘောပေါက်အောင် ရှင်းပြနိုင်သူလည်း ဖြစ်
ပါတယ်။ 
အစ္စလာမ်သာသနာကို အကောင်းဆုံး ပုံဖော်ကျင့်သုံးနေထိုင်သူ တစ်ဦးဖြစ်ပြီး လူသားတိုင်းအတွက် စံနမူနာ ယူထိုက်သူ မွတ်စလင်မ် အမျိုးသမီးကောင်း တစ်ဦး ဖြစ်ပါတယလို့ Deborah Riitano ကဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ယခင်က ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဂျူးဘာသာဝင်တွေသာအကြား ပြုလုပ်လေ့ရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားတွေမှာ သူမက မွတ်စလင်မ် အမျိုးသမီးတစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်လိုကြောင်း ခွင့်တောင်းခဲ့ရာမှာ ဥက္ကဌဖြစ်သူ Deborah Riitano က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ 
ခင်ပွန်းဖြစ်သူနဲ့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့လာစဉ်က ပါကစ္စတန်နိုင်ငံကို ပြန်ဖို့ ဆန္ဒရှိခဲ့သော်လည်း ယခုအခါမှာတော့ အမေရိကန်-မွတ်စလင်မ် လူမှုအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပြီလို့ သူမက ဆိုပါတယ်။

The Daily Gazette , myanmarmuslimsvoice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment