Pages

Wednesday, October 30, 2013

သင်္ဃန်းကျွန်းမြို့နယ် ၂၉ ရပ်ကွက်ရှိ ရှင်ဥပဂုတ္တရေကန်အတွင်း အမျိုးသားအလောင်းတွေ့ရှိ

RangonNewsDaily:: October. 30 .2013
သင်္ဃန်းကျွန်းမြို့နယ်၊ ၂၉ ရပ်ကွက်၊ ငုဝါလမ်းရှိ အလျား၈၀ ပေ၊ အနံ ၁၂ ပေရှိ ရှင်ဥပဂုတ္တရေကန်အတွင်း အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ၍စခန်းမှူးမှ သွားရောက်စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။အဆိုပါအလောင်းအား၂၈ရက်နေ့ မွန်းလွဲပိုင်းယင်းကန်ဘောင်ဓမ္မာရုံးတွင်ဆွမ်း
သိမ်းပွဲအပြီး ပစ္စည်းများ ပြန်လည် သိမ်းဆည်းခြင်း ပြုလုပ် နေသည့် ရပ်ကွက်လူကြီးများမှတွေ့ရှိခြင်းဖြစ်
ကြောင်း ရပ်ကွက်လူကြီးဦးသိန်းမြင့်ကပြောကြားသည်။
“ ဓမ္မာရုံမှာ လူကြီးတွေထိုင်စကားပြော နေတာ ကန်ထဲကိုကြည့်လိုက်တာ ဘယ်သူကဘုရားကန်ထဲကို ပစ်
လဲဆိုပြီး သွားကြည့်ခိုင်းတော့ လူသေအလောင်းဖြစ်နေတယ်”ဟု ၎င်းကထပ်မံပြောကြားသည်။
::
သေဆုံးသူမှာ တင်မိုးဝင်း (၃၀)နှစ်အနှေးယာဉ်လုပ်သားဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး
ပြင်ပဒဏ်ရာ မရှိဘဲ ရေပေါ်တွင် ပေါလော ပေါ်လျက် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အလောင်းအား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ရာ ပီအာရ် ၅၄ ဖြင့် လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်
မဟုတ်စစ်ဆေးနိုင်ရန်သုဝဏ္ဏှရဲစခန်းမှသေမှုသေခင်းအမှတ်စဉ်၁၀/၁၃ ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းဘုရားကန်အတွင်း လူသေဆုံးမှုမှာ ယခုအခါ သုံးကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

People power ::--kolatt(PBDN)
RangonNewsDaily



See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment