Pages

Wednesday, October 30, 2013

ရွှေတိဂုံစေတီတော် ဧရိယာဇုန်အတွင်း တိရစ္ဆာန်ဥယျာဉ် ကို ထည့်သွင်း သတ်မှတ်

RangonNewsDaily:: October. 30 .2013
ရွှေ တိဂုံစေတီတော် ကန့်သတ်ဧရိ ယာဇုန်အတွင်းတိရစ္ဆာန်ဥယျာဉ် ကို ထည့်သွင်း သတ်မှတ်လိုက် ကြောင်း 

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရ သည်။ ရွှေတိဂုံစေတီတော်ကန့် သတ်ဧရိယာဇုန်အ
တွင်း တစ် ဆက်တစ်စပ်တည်း စိမ်းလန်းမြေ အဖြစ် သတ်မှတ်နိုင်ရန်အတွက် တိရစ္ဆာန်ဥယျာဉ်ကို ယခုကဲ့သို့ ထည့်သွင်းသတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန(အဆောက်အအုံ)ဌာနမှူး ဦးမောင်မောင်
aဇ်ာက ''ရွှေတိဂုံဘုရား ကန့်သတ်ဇုန်ကို ၂၀၁၂တုန်းကလဲ တိုးချဲ့ခဲ့တယ်။ ရန်ကုန် လွှတ်တော်ကို ရွှေတိဂုံ ကန့်သတ်ဇုန်ထဲ ထည့်လိုက်တယ်။ ဒီနှစ်မှာ တိရစ္ဆာန်ဥယျာဉ်ကိုပါ ချဲ့ထွင်ပြီး ကန့်သတ်ဧရိယာသတ် မှတ်
လိုက်တာပါ''ဟုပြောသည်။

အဆိုပါကန့်သတ်ဇုန်အတွင်းကန်တော်ကြီးပါဝင်ကြောင်း သိရသည်။ရန်ကုန်မြို့တော်သာယာ လှပေ
စရန်နှင့်

စနစ်တကျရှိစေ ရန်အတွက် ဇုန်မြေများသတ်မှတ် ခြင်းဖြစ်ပြီး ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာဇုန်ကို ၁၉၉၄ ခုနှစ်တွင်အမိန့်ကြော်ငြာစာထုတ်ကန့်သတ်ခဲ့ပြီး၂၀၁၂ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ကို ထည့်သွင်းသတ်မှတ်ခဲ့သည်။

ရွှေတိဂုံစေတီတော်မြောက် ဘက်ခြမ်းကို ဇုန်(၁)အဖြစ်သတ် မှတ်ကာ အဆောက်အအုံအမြင့် ကို ၆၂ပေ

သတ်မှတ်ပြီး ဓာတ်လှေ ကားပါဝင်ပါက ၇၈ပေအထိသာ ခွင့်ပြုကြောင်း၊ တောင်ဘက်ခြမ်း တွင်အဆောက်
အအုံ များကို ပေ၁၉ဝအထိခွင့်ပြုသော်လည်း မြင်ကွင်းလမ်းကြောင်းပိတ်က ခွင့်ပြု မည်မဟုတ်ဟု သိရသည်။

Yangon Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment