Pages

Monday, September 22, 2014

ဖြည့်ဆည်းမပေးနိုင်သေးတဲ့ အများပြည်သူ အိမ်ရာလိုအပ်ချက်

RangonNewsDaily:: September . 22 .2014
လူနေထူထပ်ပြီး အိမ်ရာလိုအပ်ချက် မြင့်တက်နေသည့် ရန်ကုန်မြို့၏ ပြဿနာကိုဖြေရှင်းရန် အိမ်ရာစီမံကိန်းများ အကောင်
အထည်ဖော်နေသော်လည်း ယင်းစီမံကိန်းများက ဆန့်ကျင်အကျိုးသက်ရောက်မှု (Counter Productive) ဖြစ်နေကြောင်း
နှင့် အမှန်တကယ် ပြည်သူလူထု၏ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အခက်အခဲ ရှိနေဦးမည်သာဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်နေသည်။

အစိုးရထုတ်ပြန်တဲ့ ပခုက္ကူ၊ မြစ်ခြေ ရုန်းရင်းဆန်ခတ်ကိစ္စ


RangonNewsDaily:: September . 22 .2014
ပခုက္ကူ မြစ်ခြေမှာ စနေနေ့ညပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်လို့ အိမ်တလုံး၊ ဆိုင်တဆိုင်နဲ့ ဗလီတလုံး ပျက်စီးခဲ့ ပါတယ်။ ဒီနောက်ပိုင်းတော့ လုံခြုံရေးတင်းကြပ်စွာ ချထားရပါတယ်။ ဒါကတော့ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာန က ထုတ်ပြန်တဲ့ သတင်း အပြည့်အစုံပါ။ 

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်မခံရမီ နောက်ဆုံးပုံရိပ် ရုပ်သံ ဖြန့်ချိ


RangonNewsDaily:: September . 22 .2014
ထိုင်းတောင်ပိုင်း ကော့တောင်ကျွန်းပေါ်မှာ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်မခံရခင် နောက်ဆုံးပုံရိပ်တွေကို ရိုက်ကူးထားတဲ့ လုံခြုံရေးကင်မရာက ရုပ်သံတွေကို စက်တင်ဘာ ၂၀ ရက်နေ့ ဖြန့်ချိလိုက်ပါတယ်။

မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်မြစ်ခြေသတင်း

RangonNewsDaily:: September . 22 .2014
ည ၉ခွဲအချိန်ခန့်ကမကွေးတိုင်းဒေသကြီးပခုက္ကူခရိုင မြစ်ခြေမြို့အကြွေးလာတောင်းသောခယ်မကို မွတ်ဒ်သတ်မိုးဝင်
မှ ရိုက်နှက်ရာမှ ပြသနာစဖြစ်ကြတယ်လို့ ကနဦးသတင်းများမှသိရှိရပါတယ်။

ကားရေဆေးရန် ရေမော်တာမီပလပ်ကြိုးထိုးရာမှ ဓါတ်လိုက်ခဲ့သဖြင့်သေဆုံး

RangonNewsDaily:: September . 21 .2014
၂၀.၉.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန် ရွှေပြည်သာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အင်းစိန်ဆေးရုံသို့ အမျိုးသား(၁)ဦးဓါတ်လိုက်ခံရ၍ သေဆုံးရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေး
ခဲ့ရာ သေဆုံးသူမှာ ကိုကို(ခ)လပြည့်ဖြိုး(၂၄)နှစ်ဖြစ်ပြီး ၎င်းတွင် ယာလက်မနှင့်လက်
ညှိုးတို့ကြား၌ ပေါက်ပြဲ ဒဏ်ရာရရှိထားသည်ကို တွေ့ရှိရသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အရပ်ဘက်အဖွဲ့စည်းများမှ ငြိမ်းချမ်းရေးအတွက် စီတန်း လမ်းလျှောက်ခြင်း ပြုလုပ်


RangonNewsDaily:: September . 21 .2014
စက်တင်ဘာလ(၂၁)ရက်တွင် ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အဖြစ် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ၊ ဗမာနိုင်
ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် ငြိမ်ချမ်းရေးလိုလားသူများက စက်တင်
ဘာ(၂၁)ရက်နေ့ နံနက်(၉း) နာရီတွင် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အတွက် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လူထုလမ်းလျှောက်ချီတက်ပွဲပြုလုပ်


RangonNewsDaily:: September . 21 .2014
အားလုံးတန်းတူလက်တွဲလို့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်စို့ ဆိုပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အတွက် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လူထုလမ်းလျှောက်ချီတက်ခဲ့ပါတယ်။ 

အပ်နှံခွင့် ပြုထားသည့် သက်တမ်းပြည့် မော်တော်ယာဉ်များနှင့် စက်မှုဇုန်ထုတ် မော်တော် ယာဉ်များကို ကညနခွန် လျှော့ချပေးမည့်သတင်း မဟုတ်မှန်ဟုဆို


RangonNewsDaily:: September . 21 .2014
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ယခုနှစ်အတွင်း အပ်နှံခွင့် ပြုထားသည့် သက်တမ်းပြည့် မော်တော်ယာဉ်များနှင့် စက်မှုဇုန်ထုတ် မော်တော်ယာဉ်များကို မူလ လျှော့ပေါ့ပေးထားသည့် ကညန ခွန် ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိ လျှော့ပေါ့မည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း အဆိုပါဌာန (နေပြည်တော်) ထံမှ သိရသည်။

စီအင်န်ဂျီဈေး မပြောင်းဟု စွမ်းအင်ဌာန ထုတ်ပြန်


RangonNewsDaily:: September . 21 .2014
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ရည် CNG ဈေးနှုန်းကို လာမည့်အောက်တိုဘာ ၁ ရက်မှစ၍ နှစ်ဆ တိုးမြှင့်မည်ဟု သတင်းများထွက်ပေါ်နေရာ CNG ဈေးနှုန်းများကို ပြင်ဆင်သတ်မှတ်ရန် မရှိသေးကြောင်း စွမ်းအင်ဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။