Pages

Monday, September 22, 2014

အပ်နှံခွင့် ပြုထားသည့် သက်တမ်းပြည့် မော်တော်ယာဉ်များနှင့် စက်မှုဇုန်ထုတ် မော်တော် ယာဉ်များကို ကညနခွန် လျှော့ချပေးမည့်သတင်း မဟုတ်မှန်ဟုဆို


RangonNewsDaily:: September . 21 .2014
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ယခုနှစ်အတွင်း အပ်နှံခွင့် ပြုထားသည့် သက်တမ်းပြည့် မော်တော်ယာဉ်များနှင့် စက်မှုဇုန်ထုတ် မော်တော်ယာဉ်များကို မူလ လျှော့ပေါ့ပေးထားသည့် ကညန ခွန် ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိ လျှော့ပေါ့မည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း အဆိုပါဌာန (နေပြည်တော်) ထံမှ သိရသည်။လတ်တလော မော်တော်ယာဉ် ဈေးကွက်အတွင်း ကညနခွန် နှုန်းထားများကို ၄၀ ရာခိုင်နှုန်းထိ တိုးလျှော့ပေါ့ပေးမည်ဟု မော်တော်ယာဉ်ဈေးကွက် အတွင်း သတင်းများ ထွက်ပေါ်လျက် ရှိနေပြီး မော်တော်ယာဉ် လုပ်ငန်းရှင်တို့က ယင်းသတင်းကို စိတ်ဝင်စားလျက် ရှိကြောင်း ပြည်တွင်းမော်တော်ယာဉ် လုပ်ငန်းရှင် အချို့ထံမှ စုံစမ်းသိရှိရသည်။

“ဒါမဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ ဘာမှလည်း ထုတ်ပြန်ချက် မထုတ်ထားပါဘူး။ ဒီနေ့ထိ ဘာမှမကြေညာထားဘူး။ ဒါပေမဲ့ မနက်ဖြန်ဆိုရင်တော့ မပြောတတ်ပါဘူး” ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေက The Voice သို့ ပြောကြားသည်။
::
လက်ရှိအချိန်၌ မည်သည့်ညွှန်ကြားချက်မျှ ရရှိထားခြင်း မရှိဘဲ ယခင် လျှော့ပေါ့ပေးထားသည့် ၂၀ ရာခိုင်နှုန်း အတိုင်းသာ ကောက်ခံလျက်ရှိပြီး ယင်းသို့ လျှော့ပေါ့ပေးမည် ဆိုပါကလည်း တရားဝင် ကြေညာပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမိုးမြင့်က ပြောကြားသည်။

“အပြင်မှာတော့ အခွန်လျှော့ပေးမယ် ဆိုပြီး ကြားနေတယ်။ ဟုတ်လား မဟုတ်လားတော့ မသိဘူး” ဟု လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်းမှ ယာဉ်ဝယ်ရောင်း ဦးအေးကျော်က ဆိုသည်။
ယင်းသို့ လျှော့ပေါ့ပေးမည် ဆိုခြင်းကို မော်တော်ယာဉ် လုပ်ငန်းရှင် အချို့က ပြောဆိုနေကျပြီး ယင်းသို့ လျှော့ပေါ့ပေးမည် ဆိုပါက ယခင်ကထက် ဈေးနှုန်း ပိုမိုသက်သာစွာ မော်တော်ယာဉ် တင်သွင်း ရောင်းချနိုင်မည် ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်အချို့က ဆိုသည်။
::
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကညနအခွန် လျှော့ပေါ့ပေးခြင်းများကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးဟု ကနဦး ထုတ်ပြန် ပေးထားခြင်းကိုသာ၂၀၁၅ ခုနှစ် မတ်လ ကုန်အထိအချိန် သုံးလ ထပ်မံတိုးမြှင့်ပေးထားပြီး အခွန်ရာခိုင်နှုန်း လျှော့ပေါ့ခြင်းကို ပြောင်းလဲထားခြင်း မရှိသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
::
လတ်တလောတွင် ကညနက နှစ် ၂၀ သက်တမ်းပြည့် “A” အက္ခရာမှ “၂က” အက္ခရာများကို အခွန် ၆၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးထားပြီး လက်ကျန် နှစ် ၂၀ သက်တမ်းပြည့်ယာဉ်များ၊ စက်မှုဇုန်ထုတ် မော်တော်ယာဉ်များအတွက် ကညနခွန် ၂၀ ရာခိုင်နှုန်း လျှော့ပေးထားကြောင်း အဆိုပါဌာနမှ ထုတ်ပြန်ထားသည်။

The Voice ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment