Pages

Monday, September 22, 2014

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်မခံရမီ နောက်ဆုံးပုံရိပ် ရုပ်သံ ဖြန့်ချိ


RangonNewsDaily:: September . 22 .2014
ထိုင်းတောင်ပိုင်း ကော့တောင်ကျွန်းပေါ်မှာ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်မခံရခင် နောက်ဆုံးပုံရိပ်တွေကို ရိုက်ကူးထားတဲ့ လုံခြုံရေးကင်မရာက ရုပ်သံတွေကို စက်တင်ဘာ ၂၀ ရက်နေ့ ဖြန့်ချိလိုက်ပါတယ်။
680726ဗြိတိန်လူငယ် ဒေးဗစ်မေ လာနဲ့ ဟန်နာ ဝစ်သာရစ်ခ်ျတို့ရဲ့ ရုပ်ပျက်နေတဲ့ အလောင်းတွေ ကို တွေ့ရှိတဲ့ စိုင်ရီ ကမ်းခြေနားက ဘန်စ်ဒိုက်ဗ် အပန်းဖြေစခန်းသာ ဟိုတယ်ကနေ ဒီရုပ်သံတွေကို ရလာတာပါ။

သူတို့ ၂ ဦးရဲ့ အလောင်းတွေကို စက်တင်ဘာ ၁၅ ရက်နေ့က ကော့တောင်ကျွန်း စိုင်ရီကမ်းခြေမှာ အဝတ်မပါဘဲ တွေ့ခဲ့တာပါ။
Photo, ထိုင်းတောင်ပိုင်းကျွန်းတွင် အသတ်ခံခဲ့ရသည့် ဟန်နာဝစ်သာရစ်ခ်ျ
ထိုင်းရဲတွေကတော့ သတ်သူတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပြီး သံသယရှိသူတွေက အာရှတိုက်သားလို့ အတည်ပြုပါတယ်။

အသတ်ခံရသူဗြိတိန်သူရဲ့ ကိုယ်ထဲက လူ ၂ ယောက်ရဲ့သုက်ပိုး မျိုးဗီဇတွေကို ရဲက တွေ့ခဲ့တယ်လို့ မှုခင်းဆေးပညာဆိုင်ရာ ရဲအရာရှိ ပွန်ချိုင် စုတီးရာပွန်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
::
မျိုးဗီဇတွေဟာ အသတ်ခံရသူ မေလာနဲ့ရော၊ အရင်က လူသတ်မှုနဲ့ မေးခွန်းထုတ်ခံရပြီး မျိုးဗီဇနမူနာယူခံရတဲ့ တခြား လူတွေ ဘယ်သူနဲ့မှ မကိုက်ညီဘူးလို့ ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ကတော့ ရဲတွေက အခင်းဖြစ်ရာဝန်းကျင်က ဒေသခံနဲ့ရွှေ့ပြောင်းနေထိုင်သူ အယောက် ၃၀ လောက်ရဲ့ မျိုးဗီဇ နမူနာတွေကို ယူခဲ့ပါတယ်။
::
အသတ်ခံရသူတွေရဲ့ အလောင်းတွေကိုတော့ မူရင်းနိုင်ငံ ပြန်သယ်ဖို့ မိသားစုဝင်တွေဆီ လွှဲပြောင်းပေးပြီးပါပြီ။

Photo: မှုခင်းဖြစ်ပွားရာ အနီးနား တဝိုက်ရှိ ရွှေ့ပြောင်း အလုပ်သမားများ၊ ဒေသခံများ၏ အချက်အလက်များ၊ DNA များကို ထိုင်းအာဏာပိုင်များမှ ရယူနေစဉ် (ဓာတ်ပုံ - Reuters)

By ဒီဗွီဘီ , The Irrawaddy ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment