Pages

Monday, September 22, 2014

စီအင်န်ဂျီဈေး မပြောင်းဟု စွမ်းအင်ဌာန ထုတ်ပြန်


RangonNewsDaily:: September . 21 .2014
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ရည် CNG ဈေးနှုန်းကို လာမည့်အောက်တိုဘာ ၁ ရက်မှစ၍ နှစ်ဆ တိုးမြှင့်မည်ဟု သတင်းများထွက်ပေါ်နေရာ CNG ဈေးနှုန်းများကို ပြင်ဆင်သတ်မှတ်ရန် မရှိသေးကြောင်း စွမ်းအင်ဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “CNG ဈေးကို နှစ်ဆတက်မယ်လို့ ဘယ်သူကပြောလို့ သတင်းမှာ ရေးလိုက်ကြသလဲတော့ မသိပါဘူး။ CNG ဌာနကပြောလို့ ရေးတယ်တော့ ပြောတာပဲ။ အမှန်က CNG ဈေးတက်မယ်ဆိုတာ ၀န်ကြီးဌာန တစ်ခုတည်းက သတ်မှတ်ပြီး တက်လို့ရတာ မဟုတ်ပါဘူး။ ပြည်ထောင် စုအစိုးရအဖွဲ့တွေကို အဆင့်ဆင့်တင်ပြပြီးမှ သတ်မှတ်ဆောင်ရွက်လို့ရတာပါ” ဟု ပြောသည်။

စွမ်းအင်ဝန်ကြီးဌာနက ဖြန့်ဖြူးရောင်းချပေးနေသော မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) ဈေးနှုန်းများကို ယခုအချိန်တွင် ပြင်ဆင်သတ်မှတ်ရောင်းချရန် ဆောင်ရွက်မှုမရှိသေးဘဲ လိုအပ်ချက်အရ ပြောင်းလဲမှုရှိပါကလည်း ပြည်သူလူထုအား ကြိုတင်အသိပေးပြီးမှသာ ဆောင်ရွက်သွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနက ပြန်လည်ဖြေရှင်းထားသည်။
::
မော်တော်ယာဉ်လိုင်းများနှင့် အငှားယာဉ်များကို လက်ရှိရောင်းချနေသည့် CNG ၁၆၅ ကုဗပေကို ကျပ် ၁,၀၀၀ နှုန်းဖြင့်သာ ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီး ကျပ် ၂,၀၀၀ သို့ တိုးမြှင့်ရောင်းချသွားမည်ဆို သည်မှာ မဟုတ်မှန်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

စွမ်းအင်ဝန်ကြီးဌာန၊ CNG ဌာနမှ တာဝန်ရှိသူက “CNG ဈေးတက်သွားတဲ့ သတင်းတွေ စကြားတော့ ကျွန်တော်တို့တောင် ၀န်ကြီးဌာနဘက်ကို ပြန်မေးရတယ်။ သတင်းတွေက မဟုတ်ပါဘူး” ဟု ပြောသည်။
::
ထိုသို့ သဘာဝဓာတ်ငွေ့(CNG) ဈေးနှုန်းများ နှစ်ဆတက်မည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် အငှားယာဉ်မောင်းများနှင့် ဘတ်စ်ကားမောင်းသူများက စိုးရိမ်နေကြသည်။

ထို့အတူ CNG ဈေးနှုန်းများ တက်လာမည်ဆိုပါက အငှားယာဉ်များနှင့် ခရီးသည်တင်မော်တော်ယာဉ်စီးခ ဈေးနှုန်းများကို လိုက်ပါမြင့်တက်၍ရမည်မဟုတ်ကြောင်း ဓာတ်ငွေ့သုံးယာဉ်မောင်းများက ဆိုသည်။
::
အခြေခံယာဉ်မောင်းသူများသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်ဦးက “အရင်က ခရီးစဉ်ဈေးနှုန်းကို မောင်းတဲ့သူက သတ်မှတ်တာ။ အခုက စီးတဲ့သူပြောတဲ့ ဈေးနှုန်းအတိုင်း လိုက်ရတာ။ ခေတ်က မတူတော့ဘူး။ ဈေးဘယ် လောက်တက်တက် စီးတဲ့သူတွေက အခုဈေးထက်တော့ ပိုပေးမှာမဟုတ်ပါဘူး” ဟု သုံးသပ်သည်။
::
သာကေတမြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

Mizzima ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment