Pages

Monday, March 4, 2013

လိုင်စင်မဲ့ယာဉ် သထုံခရိုင်တွင် ဖမ်းဆီးရမိ

လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိ
နေပြည်တော်၊ မတ် ၎
၃-၃-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် မွန်ပြည်နယ်၊ သထုံခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သုဓမ္မ၀တီရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ သထုံခရိုင်ယာဉ်စည်းကမ်းထိန်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိတံတားအနီးတွင် ယာဉ်များအားရပ်တန့်စစ်ဆေးခဲ့သည်။ ထို့သို့စစ်ဆေးနေစဉ် ဘားအံမှသထုံသို့ ပဲခူးမြို့နယ်၊ ဥဿာ မြို့သစ်နေ သိန်းစောအောင်(၃၉)နှစ်မောင်းနှင်လာသည့် ၇ဃ/xxxx Nissan Station Wagon မီးခိုးရောင်ယာဉ်အားစစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့် သိန်းစောအောင်အား သုဓမ်္မ၀တီရဲစခန်း(ပ)၈/၂၀၁၃၊ ပို့ကုန်/ သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

နေပြည်တော်၊ မတ် ၎

၃-၃-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် မွန်ပြည်နယ်၊ သထုံခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သုဓမ္မ
ဝတီရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ သထုံခရိုင်ယာဉ်စည်းကမ်းထိန်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း
အဖွဲ့သည် သက်သေများနှင့်အတူ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိတံတားအနီးတွင် ယာဉ်များအား
ရပ်တန့်စစ်ဆေးခဲ့သည်

တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း တရုတ် စစ်သင်္ဘောများ ၀င်ရောက်

တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း 
တရုတ် စစ်သင်္ဘောများ ၀င်ရောက်
Monday, March 4, 2013

တရုတ် စစ်သင်္ဘော များသည် ကြိုတင် အကြောင်းကြားမှု မရှိဘဲ ပင်လယ်ဝါ အတွင်းရှိ တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း ကင်းလှည့်မှု ပြုလုပ် ခဲ့ကြောင်း တောင်ကိုရီးယား သတင်း အရင်းအမြစ် များက မတ်လ ၃ ရက် နေ့တွင် ဖော်ပြခဲ့ ပါသည်။

တရုတ်ဖျက် သင်္ဘောများနှင့် အစောင့် ရေယာဉ်များသည် စစ်ရေး
လေ့ကျင့်ခန်း ပြုလုပ်ရန် အတွက် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်အထိ ပင်လယ်ဝါ အတွင်း ကိုရီးယား လေကြောင်း ရန် ကာကွယ်ရေးဇုန် (KADIZ) အောက်ရှိ စစ်ဆင်ရေး ဧရိယာ (AO) အတွင်း ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက် အရင်းအမြစ် များက ပြောကြားခဲ့ ပါသည်။ စစ်ဆင်ရေး ဧရိယာ (AO) အတွင်းသို့ ပြည်ပ ရေယာဉ်များ ဝင်ရောက်ခြင်းသည် နိုင်ငံတကာ စည်းမျဉ်းများနှင့် မကိုက်ညီကြောင်း၊ တရုတ် အာဏာပိုင်များ အနေဖြင့် ပုံမှန် ရေကြောင်း လှုပ်ရှားမှု ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု
ပြောကြားသော်လည်း ၎င်းတို့သည် စစ်ဆင်ရေး ဧရိယာ (AO) အား အသိအမှတ်ပြုခြင်း မရှိကြောင်း သတင်း အရင်းအမြစ် များက ဖော်ပြခဲ့ ကြပါသည်။

http://bit.ly/XDXBth

မြ၀တီ

Monday, March 4, 2013

တရုတ် စစ်သင်္ဘော များသည် ကြိုတင် အကြောင်းကြားမှု မရှိဘဲ ပင်လယ်ဝါ အတွင်းရှိ တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း ကင်းလှည့်မှု ပြုလုပ် ခဲ့ကြောင်း တောင်ကိုရီးယား သတင်း အရင်းအမြစ် များက မတ်လ ၃ ရက် နေ့တွင် ဖော်ပြခဲ့ ပါသည်။

တန်ဖိုးနည်းမိုဘိုင်းဖုန်း ဧပြီ ၁ ရက်နေ့ စတင်ရောင်းချမည်

တန်ဖိုးနည်းမိုဘိုင်းဖုန်း ဧပြီ ၁ ရက်နေ့ စတင်ရောင်းချမည်
Monday, March 4, 2013

ဧပြီ ၁ ရက်နေ့က စပြီး တန်ဖိုးနည်းမိုဘိုင်းဖုန်းတွေကို စတင်ရောင်းချပေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလက်ထောက် အင်ဂျင်နီယာချုပ် ဦးစိုးအောင်ထံက သိရပါတယ်။

ပထမနှစ် မိုဘိုင်းလေးသန်းတိုးချဲ့စီမံကိန်းပြည့်မှီဖို့အတွက် လူတိုင်းလက်လှမ်းမှီနိုင်မယ့် ဈေးနှုန်းနဲ့မိုဘိုင်းဖုန်းတွေကို ဧပြီ ၁ ရက်နေ့ကစပြီး ရောင်းချပေးသွားမယ်။ ဈေးနှုန်းကတော့ အတိအကျအတည်မပြုရသေးတဲ့အတွက် လောလောဆယ် ပြောလို့မရသေးပါဘူး။ သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့အတိုင်း ဧပြီ ၁ ရက်ကို ရောင်းချနိုင်ဖို့ မှန်းထားပါတယ်လို့ ဦးစိုးအောင်က ပြောပါတယ်။

မိုဘိုင်း တိုးချဲ့ စီမံကိန်းအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုဘိုင်း တာဝါတိုင်စခန်းပေါင်း ၁၅၀၀ ကျော်တည်ဆောက်ပြီးပြီလို့ဆိုပါတယ်။ ပထမနှစ်စီမံကိန်းအတွက် လက်ရှိမှာ မိုဘိုင်းတိုးချဲ့အလုံးရေ ၂.၃ သန်းအထိ ချပေးထားပြီး ဖြစ်တယ်လို့ဆိုတယ်။ ထပ်မံရောင်းချပေးမယ့် မိုဘိုင်းဖုန်းတွေကတော့ သရီးဂျီမိုဘိုင်းအမျိုးအစားတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုဘိုင်းဆင်းကတ်အရောင်းကို ခေတ္တရပ်နားထားတယ်
လို့သိရပါတယ်။

The Modern News Journal

Monday, March 4, 2013

ဧပြီ ၁ ရက်နေ့က စပြီး တန်ဖိုးနည်းမိုဘိုင်းဖုန်းတွေကိ
ု စတင်ရောင်းချပေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလက်ထောက် အင်ဂျင်နီယာချုပ် ဦးစိုးအောင်ထံက သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့ရာ၌ လူ ၅ဝ ဦးနီးပါး သေဆုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့ရာ၌ လူ ၅ဝ ဦးနီးပါး သေဆုံး
Monday, March 4, 2013

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် အစ္စလာမ္မစ် အတိုက်အခံ ခေါင်းဆောင် တစ်ဦးအား သေဒဏ် ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဖြစ်ပွား
နေချိန်တွင် နိုင်ငံ မြောက်ပိုင်းရှိ Shah Jahanpur မြို့တွင် တပ်ဖွဲ့ဝင် များအား မတ်လ ၃ ရက်နေ့တွင် တပ်ဖြန့်ချ ထားခဲ့ကြောင်း သိရှိရ ပါသည်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် မတ်လ ၂ ရက်နေ့က ဒါကာမြို့ အရှေ့တောင်ပိုင်းရှိ Chittagong ခရိုင်တွင် စုဝေးခဲ့သော Jamaat- e-Islamic ပါတီမှ ဆန္ဒပြသူ များအား ပစ်ခတ်ခဲ့ရာ ၃ ဦး သေဆုံးခဲ့ ပါသည်။ 

ရဲတပ်ဖွဲ့ဝင် များသည် ဒါကာမြို့ အနောက် မြောက်ပိုင်း Nilphamari ခရိုင်ရှိ ဆန္ဒပြသူ များကို လူစုကွဲစေရန် အတွက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ဆန္ဒပြ လူငယ် တစ်ဦးလည်း သေဆုံးခဲ့ ပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ လွန်ခဲ့သော ၄ ရက် အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့ရာ၌ လူ ၅ဝ ဦးနီးပါး သေဆုံးခဲ့ကြောင်း သိရှိရ ပါသည်။

http://bit.ly/15svMaJ

မြ၀တီ

Monday, March 4, 2013

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် အစ္စလာမ္မစ် အတိုက်အခံ ခေါင်းဆောင် တစ်ဦးအား သေဒဏ် ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဖြစ်ပွားနေချိန်တွင် နိုင်ငံ မြောက်ပိုင်းရှိ Shah Jahanpur မြို့တွင် တပ်ဖွဲ့ဝင် များအား မတ်လ ၃ ရက်နေ့တွင် တပ်ဖြန့်ချ ထားခဲ့ကြောင်း သိရှိရ ပါသည်။

Computer အကြည့်များတဲ့သူတွေမျက်စိညောင်းညာခြင်းကို လျော့ပါးစေတဲ့ မျက်စိလေ့ကျင့်ခန်း

Computer အကြည့်များတဲ့သူတွေအသုံးဝင်မှာပါ
**************************************
မျက်စိညောင်းညာခြင်းကို လျော့ပါးစေတဲ့ မျက်စိလေ့ကျင့်ခန်း
=================================
ခပ်သွက်သွက်ပြေးတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့က
အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကို လူတိုင်းနီးပါး
သိထားတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် သင့်မျက်လုံးကိုလည်း လေ့ကျင့်ခန်းလုပ်ပေးလို့ ရတယ်ဆိုတာကိုသိထားပါသလား။ မျက်လုံး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေသလို
မျက်စိညောင်းညာခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့် မျက်လုံးလေ့ကျင့်ခန်းလေးတွေကို လုပ်ပြီး
မျက်စိကို ကောင်းမွန်အောင် ထားနိုင်ကြဖို့ အောက်မှာ လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကုလားထိုင်မှာ သက်တောင့်သက်သာအနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ ပွတ်ပါ။ ပူနွေးလာရင် မျက်လုံးနှစ်လုံးကို ညင်သာစွာမှိတ်ပြီး လက်ဖဝါးနဲ့ အုပ်ထားပါ။
မျက်စိကိုဖိပြီးအုပ်မထားပါနဲ့။ လက်ဖဝါးအခွက်ထဲနဲ့ မျက်စိကိုအုပ်၊ အလင်းရောင်မဝင်အောင် လက်ချောင်းလေးတွေကို မဟအောင်ထားပါ။ နှာတံနဲ့ လက်ဖဝါးကိုလည်း ထိနေအောင်ထားပါ။
မှောင်မည်းတဲ့ ပတ်ဝန်းကျင်လိုသဘောထားပြီး အမှောင်ထဲကို အာရုံစူးစိုက်လိုက်ပါ။အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေကို စဉ်းစားနေပါ။ မှောင်မည်းတဲ့ဝန်းကျင်ကိုသာ မြင်ရပြီဆိုရင် လက်ဖဝါးကို အသာလေးဖယ်လိုက်ပါ။
ဒီလိုမျိုးလေ့ကျင့်ခန်းကို ၃ မိနစ်လောက် လုပ်ပေးပါ။

၂။ မျက်စိကို တင်းတင်းလေးမှိတ်လိုက်ပါ။ ၅ စက္ကန့်လောက်ကြာရင် ပြန်ဖွင့်ပါ။ ၅ စက္ကန့်လောက် ကြာရင်
တင်းတင်းလေးပြန်မှိတ်ပါ။ ဒီလိုမျိုးလေး ၇ ကြိမ်၊ ၈ ကြိမ်လောက် လုပ်ပေးပါ။

၃။ မျက်လုံးလေးမှိတ်ပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ရှားမှုနဲ့ နှိပ်ပေးပါ။ တအားဖိပြီး
မနှိပ်ပါနဲ့။ အားဖျော့ဖျော့လေးနဲ့နှိပ်ပါ။

၎။ လက်ချောင်းသုံးချောင်းနဲ့ အပေါ်မျက်ခွံကို ဖိပေးပါ။ ၂ စက္ကန့်လောက် ဖိပြီး လျော့ချလိုက်ပါ။ ၅ ကြိမ်ခန့် လုပ်ပေးပါ။

၅။ သက်တောင့်သက်သာအနေအထားနဲ့ထိုင်ပါ။ မျက်လုံးကို နာရီလက်တံအတိုင်း လှည့်ပါ။
မျက်တောင်ခတ်ပါ။ နောက် နာရီလက်တံပြောင်းပြန်လှည့်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။

၆။ မှန်ပြတင်းပေါက်နဲ့ ၆ လက်မလောက်အကွာမှာထိုင်ပါ။ မျက်စိအနေအထားနဲ့ အနေအတော်လောက်မှာ ထင်သာမယ့်အရောင်တခုနဲ့ အမှတ်လေးချစ်လိုက်ပါ။ အဲဒီအမှတ်လေးနေတဆင့် အဝေးတစ်နေရာကို ၁၅ စက္ကန့်လောက် စူးစိုက်ကြည့်လိုက်ပါ။ ပြီးရင် အမှတ်ကလေးကိုပဲ ၁၅ စက္ကန့်လောက် ပြန်ကြည့်ပေးပါ။
ဒါမှမဟုတ် ခဲတံတစ်ချောင်းကို လက်တစ်ကမ်းအကွာမှာ ကိုင်ပြီး စူးစိုက်ကြည့်ပါ။ နှာခေါင်းနားရောက်အောင် တဖြည်းဖြည်း ဆွဲယူလာပါ။
ပြီးရင် လက်တကမ်းအကွာကို တဖြည်းဖြည်း ပြန်ရွှေ့လိုက်ပါ။ ၁ဝ ကြိမ်လုပ်ပေးပါ။

၇။ နံရံတစ်ခုနဲ့ မျက်နှာချင်းဆိုင်ထိုင်ပါ။ ပြီးရင် ခေါင်းကိုမလှုပ်ပဲ မျက်လုံးနဲ့ နံရံပေါ်မှာ စာရေးပါ။ ပထမတော့ခက်ခဲတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
လေ့ကျင့်ရင်းနဲ့ ပျော်စရာလေးတစ်ခု ဖြစ်လာတာကို တွေ့ရမှာပါ။
စာလုံးကြီးကြီးရေးလေ ထိရောက်မှု ပိုရှိလေပါပဲ။

၈။ ရှေ့မှာ နာရီကြီးကြီးတစ်လုံးရှိနေတယ်လို့ မှတ်ယူထားပါ။ နာရီရဲ့ အလည်ဗဟိုတည့်တည့်ကို ကြည့်နေပါ။
နာရီမှတ်ကိုကြည့်ပါ။ ဗဟိုကိုပြန်လာပါ။ နောက်နာရီမှတ် တစ်ခုကို ထပ်ကြည့်ပါ။ ဗဟိုကိုပြန်ကြည့်ပါ။
နာရီလက်တံ ၁၂ ခုပြည့်အောင်လုပ်ပြိးသွားရင် လုံလောက်ပါပြီး။ ဒီလေ့ကျင့်ခန်းကို မျက်လုံးမှိတ်ပြီးတော့လည်း လုပ်လို့ရပါတယ်။

၉။ ပေ ၁၅ဝ အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့်အနည်းငယ်လောက် စူးစိုက်ကြည့်ပါ။
တဖြည်းဖြည်းနဲ့ ပေ ၃ဝ အောက်ရှိတဲ့ အရာဝတ္ထုဆီကို အကြည့်ပြောင်းလိုက်ပါ။
စက္ကန့်အနည်းငယ်လောက်ကြာရင် အဝေးမှာရှိတဲ့ အရာဝတ္ထုဆီကိုပြန်ကြည့်လိုက်ပါ။ ငါးကြိမ်လောက်
လုပ်ပေးပါ။

၁ဝ။ ဝေးနိုင်သမျှ ဝေးတဲ့ နေရာမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို ကြည့်ပါ။ နာရီဝက်အကြာမှာ တခါလောက် အဝေးကိုကြည့်ပေးပါ။ ဒီလိုမျိုးကြည့်ပေးခြင်းဟာမျက်လုံး အမြင်စွမ်းအားကို ထိန်းထားပေးနိုင်သလို၊ အမြင်အာရုံယိုယွင်းလာခြင်းကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

၁၁။ မျက်လုံးကို အပေါ်ကြည့် အောက်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပြီး၊ ညာကြည့်၊ ဘယ်ကြည့်
ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပါ။ ကြည့်အခါမှာ မျက်လုံးကို ဖိပြီး မကြည့်ပါနဲ့။ ဖိပြီးကြည့်ရင် အမြင်အာရုံကို ပိုမိုဆိုးဝါးစေတာကြောင့် ဖွဖွလေးပဲမျက်လုံးကို ရွှေ့လျားပါ။
လေ့ကျင့်ခန်းတစ်ခုကို အချိန်ကြာကြာလုပ်တာထက်စာရင် မှန်မှန်လေးလုပ်ဖို့က ပိုအရေးကြီးပါတယ်။
ကွန်ပျူတာသုံးလို့ပဲဖြစ်ဖြစ် အလုပ်တစ်ခုကို အာရုံစိုက်ပြီးအချိန်အကြာကြီး အလုပ်လုပ်နေစဉ်မှာ မျက်လုံးကို ဟိုဟို၊ ဒီဒီရွှေ့လျားအလုပ်လုပ်စေပါ။ အလုပ်လုပ်နေစဉ် အတွင်းမှာလည်း အဝေးတနေရာကိုကြည့်ပြီး
မျက်လုံးညောင်းညာမှုကို ဖြေလျှော့ပါ။ လက်ဖဝါးနှစ်ဖက်ကိုပူအောင်ပွတ်ပြီး မျက်လုံးပေးမှာအုပ်ပေးထားတဲ့ နည်းကတော့ အကောင်းဆုံးပါပဲ။ ခဏခဏ မျက်တောင်ခတ်ပါ။ မျက်လုံး ညောင်းပြီးစပ်နေတဲ့အခါ အခြေအနေပေးရင် ရေအေးလေးနဲ့ မျက်လုံးကို ဆေးကြောပေးလိုက်ပါ။

credit to .>>>( Sarmicmantra)

ခပ်သွက်သွက်ပြေးတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့က အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကို လူတိုင်းနီးပါး
သိထားတဲ့ကိစ္စတစ်ခုပါ။ဒါပေမယ့်သင့်မျက်လုံးကိုလည်းလ့ကျင့်ခန်းလုပ်ပေးလို့ ရတယ်ဆိုတာကိုသိထားပါသလား။

ရိုက်နှက် စစ်ဆေးခဲ့ရာမှ စစ်သည် တစ်ဦး လက်လွန်ပြီး သေဆုံး

ရိုက်နှက် စစ်ဆေးခဲ့ရာမှ စစ်သည် တစ်ဦး လက်လွန်ပြီး သေဆုံး

ယခု သတင်းကို www.facebook.com/pofpage မှ တင်ပြပေးလိုက်ပါသည်။
မူရင်း သတင်းအား
http://www.photayokeking.org/hot-news/1133-the-soldier-who-die-before-go-to-battle-ground တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။


ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် အမှတ် (၉၂) ခြေလျင်တပ်ရင်းမှ တပ်သားထွန်းမင်းဇော် (အဖ) ဦးအေးသိန်းဟာ တပ်ရင်းရှေ့တန်းကို ထွက်ခွာတော့မယ့်အချိန်မှာ အချိန်မှီ ပြန်မရောက်လာတဲ့အတွက် သူ့ကို စစ်ဆေးရာမှ လက်လွန်ပြီး ဒီဇင်ဘာလ (၃၀) ရက်နေ့မှာ သေဆုံးသွားကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ သတင်းရရှိပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့ မနက် (၅) နာရီခွဲခန့်က ခလရ (၉၂) တပ်ရင်းဟာ ရှေ့တန်း စစ်မြေပြင်အနေနဲ့ တိုက်ပွဲဖြစ်ပွားရာ ကရင်ပြည်နယ်ကို စစ်ဆင်ရေးရှေ့တန်း သွားရမှာဖြစ်ပြီး ရှေ့တန်းတိုက်ခိုက်ရေး စာရင်းမှာ တပ်သားထွန်းမင်းဇော်လည်း ပါဝင်ပါတယ်။

ရှေ့တန်းမထွက်ခွာမှီ ဒီဇင်ဘာလ (၂၈) ရက်နေ့ညက တပ်သားထွန်းမင်းဇော်ဟာ အဲဒီတပ်အနီးမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ အရက်သောက်ခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာလ (၂၉) ရက်နေ့ မနက်ငါးနာရီခွဲခန့်က ရှေ့တန်းကို ထွက်ဖို့ လူစစ်တန်းစီချိန်မှာ တပ်သားထွန်းမင်းဇော် မရှိကြောင်း သိရပြီး ပျောက်ဆုံးနေကြောင်း သတင်းပို့ပါတယ်။ တပ်မှတာဝန်ရှိသူများက အဲဒီစစ်သည်ကို လိုက်လံရှာဖွေဖမ်းဆီးကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ကြမ်းတမ်းစွာ စစ်ကြောခဲ့တဲ့အတွက် နာရီပိုင်းအတွင်းမှာပဲ အဲဒီစစ်သည် ကွယ်လွန်သွားကြောင်း ဗဟိုကင်းတဲမှ တာဝန်ကျ ရဲဘော်များက တပ်တွင်းမိသားစုဝင်များကို ပြောပြခဲ့ကြောင်း သိရပါတယ်။

မသေဆုံးခင် တပ်သားထွန်းမင်းဇော်အား ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့သေးကြောင်း တပ်ကြပ်ကြီး တစ်ဦးမှ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org ကို ပြောပြပါတယ်။

ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မေအုပ် ပြောကြားရာမှာတော့ ဆေးရုံ မရောက်ခင်ကတည်းက သေဆုံးနေကြောင်းနဲ့ အသည်းကြီးနေကြောင်းနဲ့ နှလုံးမကောင်းကြောင်းလည်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ တပ်သားထွန်းမင်းဇော်ကို သေဆုံးတဲ့နေ့ ဒီဇင်ဘာလ (၃၀) ရက်နေ့မှာပဲ တပ်တွင်းမှာ မီးသင်္ဂြိုလ်လိုက်ပြီး မိသားစုဝင်များကို ယနေ့အထိ တရားဝင်အသိပေး ပြောကြားထားတာ မရှိကြောင်း သိရပါတယ်။

မိသားစုဝင်များအနေနဲ့ မီးသင်္ဂြိုလ်မှု မပြုလုပ်ခင် နောက်ဆုံးအချိန်မှာလည်း တွေ့ခွင့်မရကြောင်း၊ အခုထိလည်း တရားဝင်အသိပေး အကြောင်းကြားတာမျိုး မရှိသေးသလို တပ်တွင်းမှ မိသားစုဝင်တချို့က ဆက်သွယ်ပြီး ပြောပြမှ သေဆုံးခဲ့တဲ့သတင်းအား  သိရတဲ့အပေါ် စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။ တပ်တွင်းမှာတော့ တပ်သား ထွန်းမင်းဇော် သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းရင်း လက်လွန်သွားတယ်လို့ သိရပါတယ်။ တပ်မှ တာဝန်ရှိသူများကို မေးမြန်းချိန်မှာလည်း တစ်ယောက်တစ်မျိုး ပြောဆိုနေလို့ သံသယဖြစ်ကြောင်း ခလရ (၉၂) တပ်ရင်းကို ကိုယ်တိုင် သွားရောက်စုံစမ်းခဲ့သူ မိသားစုဝင်တစ်ဦးက အခုလို ပြောပါတယ်။

“ကျွန်မရဲ့မောင်လေးက အပြစ်ကျူးလွန်တယ်ဆိုရင် ဥပဒေအတိုင်း ဆုံးမပေါ့။ အခုဟာက သူတို့ဘက်က လက်လွန်တာ မဟုတ်ဘူးဆိုရင် ထွန်းမင်းဇော်ရဲ့ နောက်ဆုံးခရီးကိုတော့ မိသားစုဝင်တွေ လာပို့နိုင်အောင် စီစဉ်ပေးသင့်တယ်။ ဆရာဝန်ကြီးကပြောတော့ အသဲကြီး၊ နှလုံးမကောင်းဘူးတဲ့၊ အဲဒီလို ကျန်းမာရေး မကောင်းတဲ့ လူတစ်ယောက်ကို ရှေ့တန်းပို့တယ်ဆိုတာ တော်တော် လူမဆန်တဲ့ လုပ်ရပ်ပဲလို့ ကျမမြင်တယ်။ နောက်ပြီး ဓါတ်ပုံတွေနဲ့ ဆေးစစ်ချက်တွေ တောင်းတော့လည်း ဆေးရုံက စစ်တပ်ကို မပို့သေးဘူးလို့ ပြောတယ်။ ဆေးရုံကလည်း စစ်တပ်ကို ပို့လိုက်ပြီလို့ ဆေးရုံအုပ်ကြီးကိုယ်တိုင်က ပြောပြန်တယ်”

တပ်မိသားစုဝင်များရဲ့ လူမှုရေးအရ ဆက်သွယ် အကြောင်းကြားမှုကြောင့် သေဆုံးကြောင်း သိရသလို တာဝန်ရှိသူများ အနေနဲ့ ဘယ်လိုသေဆုံးကြောင်း၊ နောက်ဆုံးလစာ၊ ပင်စင်ကိစ္စများမှအဆုံး ယခုအချိန်ထိ တစုံတရာပြောဆိုမှု မရှိတာကိုလည်း တပ်သား ထွန်မင်းဇော်ရဲ့အမက ဆက်ပြောပါတယ်။

“ပန်းတောင်းမီးသင်္ဂြိုလ်စက်မှာ မီးသင်္ဂြိုလ်တယ်လို့ သူတို့ပြောတယ်။ ပန်းတောင်းမှာ မီးသင်္ဂြိုလ်စက် မရှိဘူးဆိုတာ ကျွန်မတို့သိတယ်။ တပ်ထဲမှာပဲ ထင်းပုံပေါ်တင်ပြီး မီးသင်္ဂြိုလ်လိုက်တာလို့ တပ်ထဲက ထွန်းမင်းဇော် သူငယ်ချင်းတွေက ပြောတယ်။ သေတဲ့နေ့မှာပဲ ဖုတ်ပူမီးတိုက် မီးသင်္ဂြိုလ်တာ လုပ်လိုက်တယ်လို့ သိရတယ်။ ဆေးရုံကြီးက ဆေးစာရွက်မပါပဲ လုပ်ချင်သလို လုပ်နေပါတယ်။ လူနာ သေ၊ မသေ၊ မသိရသေးပဲ မီးသင်္ဂြိုလ်တယ်ဆိုတာ လိမ်ညာပြီး ထင်းပုံပေါ် မီတင်ရှို့တာက တကယ်တော့ တိရိစ္ဆာန်တစ်ကောင်လို အလုပ်ခံရတဲ့သဘော ဖြစ်နေလို့ ကျွန်မ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မမောင်လေးရဲ့ ရွှေလက်စွပ်လည်း ပြန်မရတော့ဘူး။ ဘာဆိုဘာမှ ပွင့်လင်းမြင်သာမှု မရှိဘူး၊ တာဝန်ရှိတဲ့ အရာရှိတွေကိုယ်တိုင် တစ်ယောက်တစ်မျိုးစီ ပြောကြတယ်။

ခလရ (၉၂) တပ်မှာ ယာယီတပ်ရင်းမှူးအဖြစ် ဗိုလ်မှူး မျိုးမင်းထွန်းမှ တာဝန်ယူထားကြောင်း သိရပါတယ်။ အခုလို တပ်သားထွန်းမင်းဇော် သေဆုံးမှုနဲ့ ပတ်သက်ပြီး ခလရ (၉၂) တပ်ရင်းမှ တာဝန်ရှိသူများကို စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က သတင်းယူ မေးမြန်းခဲ့ပေမဲ့ သူတို့အနေနဲ့ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ကြောင်း၊ တပ်မတော်အတွင်း ဖိနှိပ်ညှင်းပန်းမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် စစ်သည်များရဲ့မိသားစု မှီခိုအခွင့်အရေး ဆုံးရှုံး နစ်နာနေကြောင်း သတင်းပေးပို့သွားပါတယ်။

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် အမှတ် (၉၂) ခြေလျင်တပ်ရင်းမှ တပ်သားထွန်းမင်းဇော် (အဖ) ဦးအေးသိန်းဟာ တပ်ရင်းရှေ့တန်းကို ထွက်ခွာတော့မယ့်အချိန်မှာ အချိန်မှီ ပြန်မရောက်လာတဲ့အတွက် သူ့ကို စစ်ဆေးရာမှ လက်လွန်ပြီး ဒီဇင်ဘာလ (၃၀) ရက်နေ့မှာ သေဆုံးသွားကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ သတင်းရရှိပါတယ်။

"နာမည်ကြီးအမျိုးသမီး အဆိုတော်တစ်ယောက်နဲ့ စုံတွဲသီချင်းခွေ ဆောင်းဦးလှိုင်စီစဉ်နေ"

"နာမည်ကြီးအမျိုးသမီး အဆိုတော်တစ်ယောက်နဲ့ စုံတွဲသီချင်းခွေ ဆောင်းဦးလှိုင်စီစဉ်နေ"

အညတရသူရဲကောင်းများ ဗီစီဒီကို မကြာခင်လပိုင်း အတွင်းမှာ စတင်ရိုက်ကူး တော့ မှာဖြစ်ကြောင်း ဆောင်းဦးလှိုင်က ပြောပါတယ်။ 
တချို့ အပုဒ်တွေကို ဦးကျော်သူ အားခဲ့ရင် ရိုက်ပေးဖို့ အကူအညီ တောင်းမယ်လို့ စိတ်ကူးထားပေမယ့် လည်း လူမှုရေးအလုပ်တွေနဲ့ မအား လပ်ရအောင်ဖြစ်နေတဲ့အတွက် ရိုက် ပေးဖို့မတောင်း ဆိုတော့ဘဲ အမေရိက ကနေမြန်မာနိုင်ငံကို ခေတ္တအလည် ရောက်လာပြီး ရိုက်ကူးရေးပိုင်းကို ဝါသနာတအားပါတဲ့ လူငယ်တစ် ယောက်ကိုပဲ ရိုက်ပေးဖို့ အကူအညီ တောင်းထားကြောင်း ဆောင်းဦးလှိုင် က ပြောပါတယ်။ အခွေရဲ့နာမည်ကို က အညတရသူရဲ ကောင်းများဖြစ်တဲ့ အတွက် ပြည်သူတွေကြားထဲက ပြည်သူ့ပုံရိပ်တွေကိုပဲ ရိုက်ပြသွား မှာဖြစ်ကြောင်း၊ အချစ် သီချင်းတွေ ကိုတော့ အချစ်သီချင်းပုံစံမျိုးပဲ ရိုက် ဖြစ်မှာဖြစ်ပေမယ့် လူမှုရေးသီချင်း တွေကိုတော့ လူမှုရေးဆန်တဲ့ ပုံရိပ် မျိုးတွေနဲ့ ရိုက်ပြမှာဖြစ်ကြောင်း သူ့ ရဲ့ အိုင်ဒီယာနဲ့ ဒါရိုက်တာရဲ့ စိတ် ကူးတွေပေါင်းစပ်ပြီးဗီစီဒီကို အကောင်း ဆုံးရိုက်ကူးပုံဖော်မှာ ဖြစ်ကြောင်း ပြောပါတယ်။ 

"အညတရသူရဲကောင်းများသီ ချင်းကိုတော့ ပြည်သူတွေကြားထဲ မှာ ရိုက်မယ်။ ဘက်စ်ကားတိုး စီးနေ တဲ့သူတွေ၊ပလက်ဖောင်းမှာ ဈေးရောင်း တဲ့သူတွေ၊ လမ်းလျှောက်တဲ့သူတွေ အားလုံးကို ရိုက်ပေးပါလို့ ပြောထား တယ်။ လူထုဘဝပေါ့။ ဗခအသမ တစ် ယောက်တော့ ထည့်မယ်။ လူကြားထဲ သွားနေပြီး လူတွေရဲ့ ဒုက္ခတွေကို ကူညီဖြေရှင်းပေးနေတဲ့ ပုံစံမျိုးရိုက် မယ်။ဗီစီဒီကိုတော့ မိုးတွင်းလောက် တော့ အပြီးရိုက်မယ်" mလို့ ဗီစီဒီအခွေ နဲ့ပတ်သက်ပြီး ပြောပြပါတယ်။ ဆောင်းဦးလှိုင်က အလှူတော်မင်္ဂလာ တစ်ကိုယ်တော်အခွေထွက်ပြီးတဲ့ နောက်ပိုင်းမှာ တစ်ကိုယ်တော်အခွေမထွက်ဖြစ်တော့တာ ၅နှစ်လောက် ရှိခဲ့ပြီဖြစ်ပါတယ်။ 

လူမှုရေးသမား ဘဝကို ခံယူထားပြီး နောက်ပိုင်းမှာ ကိုယ့်တစ်ယောက်တည်း ကျော်ကြားမှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရမယ့် အပိုင်းတွေမှာ နည်းနည်းလက်တွန့်နေတဲ့ အတွက် တစ်ကိုယ်တော်အခွေ မထွက်ဖြစ်ခြင်းဖြစ်ကြောင်း၊ အမှန် တကယ်မှာတော့ ၅နှစ် လောက်ရှိပြီ ဖြစ်တဲ့အတွက်တစ်ကိုယ် တော်ခွေက တော့လုပ်သင့်ပြီဖြစ်ကြောင်း ဆောင်း ဦးလှိုင်ကပြောပါတယ်။ တစ်ကိုယ် တော် အခွေမထွက်ဖြစ်သေးပေမယ့်လည်း အခုလက်ရှိမှာတော့ နာမည် ကြီး မိန်းကလေးအဆိုတော်တစ် ယောက်နဲ့စုံတွဲအခွေထွက်ဖို့ စီစဉ်နေ ကြောင်းသူ့အနေနဲ့ စုံတွဲအခွေသီးသန့်အနေနဲ့မလုပ်ဖြစ် ခဲ့ဖူးတဲ့ အတွက် ဒီအခွေကတော့ ပထမဆုံးစုံ တွဲအခွေလို့ပဲ ပြောရမှာဖြစ်ကြောင်း၊ ပြောလာတဲ့ဆောင်းဦးလှိုင်က" ကျွန်တော့် ဘာသာ ကျွန်တော် လည်းစဉ်းစားပါတယ်။ ကျွန်တော် ဘာမလုပ်ဖူးသေးဘူးလဲပေါ့။ ခရီးသွား၅ယောက်လိုအဖွဲ့နဲ့ဆိုဖူး တယ်။ 

19:18 ဆိုရင် ယောက်ျားလေး၃ ယောက်ပေါင်းဆိုတယ်။ အခုကတော့ ၂ယောက်တည်းပဲ။ စုံတွဲသီချင်းတွေပါမယ်။ နောက်သူတစ်ယောက်တည်း ဆိုတာတွေပါ မယ်။ ကျွန်တော်တစ်ယောက်တည်းဆိုတာတွေပါမယ်။ သီချင်းအားလုံးကိုတော့ ကျွန်တော်ရေးမှာပါ။ အခုဆို ၅ပုဒ် လောက်ပြီးသွားပြီ။ သီချင်းအများစုကတော့ ပရိသတ်တွေနားထောင်ပျော်မယ့် သီချင်းမျိုးတွေပဲ ဖြစ်မှာပါ။ ကျွန်တော်တစ်ယောက်တည်းဆိုတဲ့ သီချင်းအပုဒ်တွေမှာတော့ လူမှုရေး သီချင်းလေးတွေပါရင်ပါပါလိမ့်မယ်" လို့ပြောပါတယ်။  

အညတရသူရဲကောင်းများ ဗီစီဒီအရင်ထွက်မလား၊ စုံတွဲအခွေ အရင်ထွက်မလားဆိုတာကတော့ အခွေ၂ ခွေစလုံး ဘယ်အခွေ အရင်ပြီးမလဲဆိုတဲ့အခြေအနေပေါ်မှာပဲ မူတည်တဲ့အတွက် ဘယ်အခွေ အရင်ထွက်မလဲဆိုတာကိုတော့ ပြောလို့မရသေးကြောင်း ဆောင်း ဦးလှိုင်က ပြောပါတယ်။  
                           
လင်းအက္ခရာ

အညတရသူရဲကောင်းများ ဗီစီဒီကို မကြာခင်လပိုင်း အတွင်းမှာ စတင်ရိုက်ကူး တော့ မှာဖြစ်ကြောင်း ဆောင်းဦးလှိုင်က ပြောပါတယ်။ တချို့ အပုဒ်တွေကို ဦးကျော်သူ အားခဲ့ရင် ရိုက်ပေးဖို့

ဂျပန်နိုင်ငံမှ ထုတ်လုပ်သော စက်ရုပ် ခြေထောက်ဝတ်စုံ တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံ စိတ်ချရမှု လက်မှတ်ရရှိ

ဂျပန်နိုင်ငံမှ ထုတ်လုပ်သော စက်ရုပ် ခြေထောက်ဝတ်စုံ တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံ စိတ်ချရမှု လက်မှတ်ရရှိ

သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်း သူများအား ကူညီထောက်ပံ့ ပေးနိုင်သည့် ဂျပန်နိုင်ငံ ထုတ် စက်ရုပ် ခြေထောက် ဝတ်စုံသည် တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံစိတ် ချရမှု အသိ အမှတ်ပြု လက်မှတ်အား ဖေဖော်ဝါရီ ၂၇ ရက်က ရရှိခဲ့ကြောင်းနှင့် ယင်းဝတ်စုံကို ကမ္ဘာ အနှံ့ တင်ပို့ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။ The Hybrid Assistive Limb (HAL) ဟု အမည်ပေး ထားသော အားသွင်း စက်ရုပ် ခြေထောက်ဝတ်စုံအား ဂျပန်စက်ရုပ် ထုတ်လုပ်သည့် ဆိုင်ဘာဒင်း ကုမ္ပဏီ မှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလားတူ စက်ရုပ် လက်ဝတ်စုံ ကိုလည်း ထပ်မံ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်း၏ အရည်အသွေး အာမခံချက် အား အပြည်ပြည် ဆိုင်ရာ လူသားအသုံးပြု စက်ရုပ်များ၏ လုံခြုံ စိတ်ချရမှု အဆင့်အတန်း သတ်မှတ်သည့် အဖွဲ့အစည်းမှ ယခုနှစ် ကုန်ပိုင်းတွင် ပေးအပ် သွားမည်ဟု ယူဆ ရကြောင်း ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်း ဝန်ကြီးဌာနမှ ပြောကြားခဲ့ သည်။

ဘက်ထရီ အသုံးပြု HAL သည် အသုံးပြုသူ၏ ခန္ဓာ ကိုယ်လှုပ်ရှားမှုနှင့် လိုက်လျော ညီထွေ ရှိစေရန် ထောက်ပံ့ပေးနိုင်ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူ နေရသည့် သက်ကြီး ရွယ်အိုများ နှင့် သူနာပြု အကူအညီ ယူနေရသည့် သက်ကြီး ရွယ်အိုများအတွက် အထောက် အကူ ပေးသွား နိုင်မည်ဖြစ်ကြောင်း သိရသည်။

တိုကျိုမြို့၏ အရှေ့မြောက်ဘက် ဆူကူဘာမြို့ အခြေစိုက် ဆိုင်ဘာဒင်း ကုမ္ပဏီသည် စက်ရုပ်ဝတ်စုံ အစုံ ၃၃ဝ အား နိုင်ငံအတွင်းရှိ ဆေးရုံများနှင့် လူမှု ဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့ပေါင်း ၁၅ဝ သို့ ၂ဝ၁ဝ ပြည့်နှစ် ကတည်း ကပင် ငှားရမ်းခဲ့ပြီး တစ်နှစ် ငှားရမ်းခမှာ တစ်စုံ လျှင် ယန်း ၁၇၈ဝဝဝ (အမေရိကန် ဒေါ်လာ ၁၉၅ဝ) ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် စက်ရုံသုံး စက်ရုပ်များ သုံးစွဲမှုမှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း စက်ရုပ် ဝတ်စုံများအား ဆေးရုံများနှင့် ဘိုးဘွား ရိပ်သာများတွင် တဖြည်းဖြည်း သုံးစွဲသွားမည်ဖြစ် ကြောင်း သိရသည်။

သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်း သူများအား ကူညီထောက်ပံ့ ပေးနိုင်သည့် ဂျပန်နိုင်ငံ ထုတ် စက်ရုပ်
 ခြေထောက် ဝတ်စုံသည် တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံစိတ် ချရမှု အသိ အမှတ်ပြု လက်မှတ်အား ဖေဖော်ဝါရီ ၂၇ ရက်က ရရှိခဲ့ကြောင်းနှင့် ယင်းဝတ်စုံကို ကမ္ဘာ အနှံ့ တင်ပို့ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

ယူနန် ပြည်နယ် မှာ ငလျှင်လှုပ် အိမ် ၈၀၀ လောက် ပြိုကျ

ယူနန် ပြည်နယ် မှာ ငလျှင်လှုပ် အိမ် ၈၀၀ လောက် ပြိုကျ

မြန်မာ နိုင်ငံ နဲ့  ကပ်လျှက် တရုတ်ပြည် ယူနန် ပြည်နယ် မှာ တနင်္ဂနွေ နေ့  နေ့ လည်ပိုင်း က ၅.၅ မဂ္ဂနီကျု အဆင့် ငလျှင် လှုပ်ခတ် ခဲ့ တာ ကြောင့် အိမ်ပေါင်း ၈၀၀ လောက် ပြို ကျ ပြီး လူ ၄၀ လောက် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။ ယူနန် ပြည်နယ် ပြည်သူ့  ဘေးအန္တရယ် စီမံ ခန့် ခွဲမှု
ဌာန က တော့ အိမ် အလုံးပေါင်း ၂၅၀၀ ခန့် ထိခိုက် ပျက်စီးမှု ရှိ ခဲ့ တယ် လို့  ဆိုပါတယ်။

 ( Freedom News Group(Burma) )

မြန်မာ နိုင်ငံ နဲ့  ကပ်လျှက် တရုတ်ပြည် ယူနန် ပြည်နယ် မှာ တနင်္ဂနွေ နေ့  နေ့ လည်ပိုင်း က ၅.၅ မဂ္ဂနီကျု အဆင့် ငလျှင် လှုပ်ခတ် ခဲ့ တာ ကြောင့် အိမ်ပေါင်း ၈၀၀ လောက် ပြို ကျ ပြီး လူ ၄၀ လောက် ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။

ယနေ့ ၂၀၁၃ ခုနှစ် မတ်လ (၄) ရက်နေ့ ညနေ (၆း၄၅)နာရီ တွင် မြန်မာနဲ့ တရုတ်(တိုင်ပေ) ယှဉ်ပြိုင်ကစားကြမည်