Pages

Monday, March 4, 2013

ဖင်လန်သမ္မတနိုင်ငံတွင် အခြေချနေထိုင်ကြသည့် မြန်မာ တိုင်းရင်းသား မိသားစုများနှင့် နိုင်ငံတော်သမ္မတကြီး တွေ့ဆုံ

===========================================

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတအား ဖင်လန်နိုင်ငံသမ္မတနိုင်ငံတွင် အခြေချ နေထိုင်နေကြသော ကယန်း၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင် စသည့် မြန်မာတိုင်းရင်းသား မိသားစုများက ခေတ္တတည်းခိုသည့် ဟယ်လ်စင်ကီမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာသို့ လာရောက်၍ ဂါရဝပြု တွေ့ဆုံကြသည်။

တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက မြန်မာတိုင်းရင်းသား မိသားစုများအား ရင်းနှီး ခင်မင်စွာ နှုတ်ဆက်၍ ၄င်းတို့နှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။

ထို့နောက် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် လက်ရှိကာလ၌ နိုင်ငံကို တည်ဆောက်နေချိန် ဖြစ်ကြောင်း၊ စီးပွားရေး တိုးတက်လာသည်နှင့် အမျှ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ တိုးတက်လာမည် ဖြစ်ကြောင်း၊ ထိုအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး နိုင်ငံနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ မည်သည့် နိုင်ငံတွင် နေထိုင်သည် ဖြစ်စေ မိမိတို့ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်ပြီး မိမိတို့ ဘဝဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် စေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာတိုင်းရင်းသားများက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည် များကို မေးမြန်းကြရာ နိုင်ငံတော်သမ္မတက အသေးစိတ် ပြန်လည်ဖြေကြား ခဲ့ကြ သည်။

Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/03/03/id-2781

မှုးဇော် (နိုင်ငံတော်သမ္မတရုံး)
RND: 4.3.2013

0 comments:

Post a Comment