Pages

Friday, April 4, 2014

"လှည်းကူးတွင် သာမန်ခိုက်ရန်ဖြစ်ပွားမှု ၉၆၉များမှ ၀င်ရောက်အကြမ်းဖက်"


RangonNewsDaily: April . 4 .2014
ရန်ကုန်တိုင်း လှည်းကူးမြိျု့ဈေးအနီးလမ်းဘေးဆိုင်တွင် ဗုဒ္ဓဘာသာဝင်နှစ်ဦးနှင့် မွတ်စ်လင်မ် တစ်ဦးခိုက်
ရန်ဖြစ်ပွားကြရာ ၉၆၉ဂိုဏ်းဝင်(၅၀)ခန့်မှ လာရောက်အကြမ်းဖက်သဖြင့် ဆိုင်တစ်ဆိုင် အဖျက်ခံလိုက်
ရကြောင်း သတင်းရရှိပါသည်။အဆိုပါ ရန်ဖြစ်သူများမှာ ရန်စရှိဖူးသူများဖြစ်ပြီး ရဲစခန်းတွင် ခံဝန်ထိုးထားရ
သူတွေ ဖြစ်တယ်ဟု ဆိုသည်။

တက္ကဆက်ရှိ အမေရိကန်စစ်စခန်း ပစ်ခတ်မှုဖြစ်ပွား၊ စစ်သားသုံးဦးသေဆုံး ၁၆ ဦး ဒဏ်ရာရ

RangonNewsDaily: April . 4 .2014
အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် အခြေစိုက် စစ်စခန်းတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့လေရာ စစ်သားသုံးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ သွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။အဆိုပါ စစ်စခန်းသည်
၂၀၀၉ ခုနှစ်ကလည်းတစ်ကြိမ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးပြီး ထိုပစ်ခတ်မှု ဖြစ်စဉ်ကပိုပြီး ကြီးကျယ်ခဲ့ကာ စစ်သား ၁၃ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။

စည်ပင်ခွင့်ပြုချက် မရရှိဘဲ ဆောက်လုပ်ထားသော စိတ္တရမဟီရပ်ကွက်ရှိ အဆောက်အအုံများ စတင်ဖျက်


RangonNewsDaily: April . 4 .2014
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ခွင့်ပြုချက် မရရှိဘဲ ဆောက်လုပ်ထားသော မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီ ရပ်ကွက်ရှိ မက်သဒစ် အသင်းတော် (အထက်မြန်မာပြည်) ဝင်းအတွင်းရှိ အဆောက်အအုံ ရှစ်လုံးကို ဧပြီလ ၃ ရက်နေ့တွင် စတင်ဖြိုဖျက်လျက် ရှိကြောင်း အဆိုပါကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိကျောင်းကန်အရေး ဖြေရှင်းမပေးသူမှာ အစိုးရသာဖြစ်ဟု ဦးအောင်သိန်းလင်း ပြော

RangonNewsDaily: April . 4 .2014
မိကျောင်းကန်အရေး ကတိပေးခဲ့သည့်အတိုင်း အစိုးရထံသို့ ပေးပို့တင်ပြခဲ့သော်လည်း ဖြေရှင်းပေးခြင်း မရှိသည်မှာ အစိုးရအပိုင်း
သာဖြစ်သည်ဟု ရန်ကုန်တိုင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရ မှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး လေ့လာ
စုံစမ်းရေးကော်မရှင် ခေါင်းဆောင် ဦးအောင်သိန်းလင်း က မဇ္ဈိမကို ပြောသည်။ “သူတို့ကို ကတိပေးတဲ့အတိုင်း စာအုပ်ချုပ်ပြီး အစီ
ရင်ခံစာတင်ပေးခဲ့တယ်။ သူတို့ကိုလဲ အစီရင်ခံစာပြပြီး ပြီ။ ကော်မရှင်က လုပ်ရမဲ့ဝတ္တရား အပြည့်အ၀ လုပ်ပြီးပြီ။ အစိုးရက ဖြေရှင်း
မှုကျန်နေတဲ့အပိုင်းဖြစ်တယ်” ဟု ပြောသည်။ 

ရက်ရှည်ချောင်းဆိုးခြင်းကို ကုသမှုမခံပါက နောက်ဆက်တွဲရောဂါ ဆိုးကျိုးခံစားရမည်

RangonNewsDaily: April . 4 .2014
ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်းစသည့်ရောဂါဝေဒနာများအားကုသမှုမရှိဘဲရက်ရှည်ကြာမြင့်လာပါကနာက်ဆက်တွဲရောဂါဆိုး
ကျိုးအဖြစ် လည်ပင်း၌ ပြည်တည်နာဖြစ်ပေါ်လာခြင်း၊ အဆုတ်ရောင်ခြင်းနှင့် နားပြည်ယိုခြင်းဝေဒနာများ ခံစားရနိုင်ကြောင်း ဆေးပ
ညာရှင်များကပြောကြားသည်။“ချောင်းဆိုး၊ နှာမွှန်၊ လည်ချောင်းနာတာတွေက ဒီလိုစပ်ကူးမပ်ကူးကာလတွေမှာ အများဆုံးတွေ့
တယ်။ ဒါပေမဲ့ မပေါ့ဆသင့်ဘူး။ ရက်ရှည်ကြာလာရင် ဆေးခန်းပြသင့်တယ်။ ဘာလို့ဆို နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်လို့ပါ”ဟု မြောက်ဒဂုံမြို့နယ်အတွင်းရှိ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောသည်။

သင်္ကြန်ကာလပြေးဆွဲမည့် ခရီးသည်တင် ယာဉ်လိုင်းနှင့် ရထားလိုင်းများ စာရင်းထုတ်ပြန်

RangonNewsDaily: April . 4 .2014
နှစ်သစ်ကူး သင်္ကြန်ကာလ အတွင်း ပြေးဆွဲရန် မြို့တွင်းပြေးဆွဲ သည့် ယာဉ်လိုင်းများနှင့် အဝေးပြေး ယာဉ်လိုင်းများစာရင်းအား မထသ (ဗဟို)ကထုတ်ပြန်လိုက်ပြီဖြစ်သည်၂၀၁၄ နှစ်သစ်ကူးသင်္ကြန် ကာလအတွင်း မြို့တွင်းပြေးဆွဲမည့် ယာဉ်လိုင်းစာရင်းများအ
ရ မြောက် ပိုင်းခရိုင်မှ ယာဉ်လိုင်းပေါင်း ကိုးလိုင်း ဖြင့် ၁၇၁ စီး၊ အရှေ့ပိုင်းခရိုင်မှ ယာဉ် လိုင်းပေါင်း ၁၀ လိုင်းဖြင့် ၁၆၅ စီး၊ မထသ (ရကတ)မှယာဉ်လိုင်းပေါင်း ၂၇ လိုင်းဖြင့် ၄၈၈ စီး၊

မိုဘိုင်းလ်ဖုန်းဖြင့် သုံးနိုင်သည့် ကုတ်နံပါတ်သုံး ဘဏ်စနစ် စမ်းသပ်ပြီးဖြစ်ဟုဆို

RangonNewsDaily: April . 4 .2014
သမဝါယမဘဏ်က အကောင်အထည် ဖော်ထားသော Easi မိုဘိုင်းလ်ဘဏ် စနစ်တွင် USSD (ကုတ်နံပါတ်သုံး ဘဏ်စနစ်) ဖြင့် ငွေလွှဲပြောင်းခြင်းများ၊ ငွေလက်ကျန် စစ်ဆေးနိုင်ခြင်းများ ပြုလုပ်နိုင်ရန် စမ်းသပ်ဆောင်ရွက်မှု ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါဘဏ်၏ နည်းပညာဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံ အရှေ့မြောက်ဘက်တွင် ဥမင်လိုဏ်ခေါင်း ပြိုကျ ၁၂ ဦးပိတ်မိ

RangonNewsDaily: April . 4 .2014
တရုတ်နိုင်ငံ အရှေ့မြောက်ဘက်ရှိ ကျီလင်း ပြည်နယ်၌ ဧပြီ ၂ ရက် အစောပိုင်းတွင် ဆောက်လုပ်ဆဲ ဖြစ်သော မြန်နှုန်းမြင့် မီးရ
ထားလမ်း ဥမင်လိုဏ်ခေါင်း တစ်ခု ပြိုကျမှုကြောင့် ၄င်းဥမင် လိုဏ်ခေါင်း အတွင်း၌ လုပ်သား ၁၂ ဦး ပိတ်မိခဲ့ကြောင်း ဒေသတွင်းရှိ အာဏာပိုင် များက ပြောကြားခဲ့သည်။

ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရသော ၄၈ လမ်းဆွဒီကီယာ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားစွဲဆိုခံထားရသည့် ဗလီဆရာနှစ်ဦးကို ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်


RangonNewsDaily: April . 4 .2014
ဗိုလ်တထောင်မြို့နယ်၌ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ၄၈ လမ်းဗလီ မီးလောင်မှုနှင့် ပတ်သက်၍ တရားစွဲဆို စစ်ဆေး
ခံနေရသော ဗလီဆရာနှစ်ဦးကို ယခုနှစ် ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် တရားရုံးမှ သိရသည်။

တန်ဖိုးနည်း ဖုန်းများတွင် တစ်လကျပ် ၂၅၀၀ မဖြစ်မနေ သုံးရမည့်စနစ် ဖျက်သိမ်း


RangonNewsDaily: April . 4 .2014
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းများတွင် ရောင်းချပေးနေသည့် တန်ဖိုးနည်း ဖုန်းများတွင် တစ်လကျပ် ၂၅၀၀ မဖြစ်မနေ သုံးရမည့်စနစ်ကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ယခုရာသီတွင် မိုးကြိုးပစ်ခြင်း၊လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် မိုး သက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားနိုင်ဟုဆို

RangonNewsDaily: April . 4 .2014
ရန်ကုန်၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာ မောင်းတိုက်ခတ်ခြင်းနှင့် မိုးသက်လေ ပြင်းများ တိုက်ခတ်ခြင်းတို့မှာ ယခုအ ချိန်တွင် ဖြစ်ပွားနိုင်သည့်အတွက် အထူးဂရုစိုက်ရမည့် ရာသီဥတုဖြစ် စဉ်တစ်ခုဖြစ်ကြောင်း မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်က ပြော ကြားလိုက်သည်။ယခုရာသီမှာ မိုးကြိုကာလဖြစ် ပြီး နွေရာသီမှမိုးရာသီသို့စတင်ကူး ပြောင်းချိန်ဖြစ်သောကြောင့် ရာသီ များ အထိုင်မကျသေးသော အချိန် ကာလဖြစ်ကြောင်း၊ နွေရာသီကာလ (မတ် ၁ ရက်မှ ဧပြီ ၁၅ ရက်ထိ) တွင် လေထုမငြိမ်သက်မှုများ ဖြစ်လာပြီး မိုးတိမ်တောင်များ ဖြစ်လာနိုင်သော ကြောင့် ဖြစ်သည်ဟုသိရသည်။

မွန်ပြည်နယ်သို့ ပြည်ပခရီးသွား ဝင်ရောက်မှု တစ်လနှစ်သောင်းတိုးလာ

RangonNewsDaily: April . 4 .2014
မွန်ပြည်နယ်အတွင်း ပြည်ပခရီးသွား ဝင်ရောက်မှုသည် ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ မြင့်တက်လာပြီး တစ်လနှစ်သောင်းဝန်း
ကျင် ဝင်ရောက်လျက် ရှိကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းထံမှ သိရသည်။၂၀၁၃ ခုနှစ်က တစ်နှစ်အတွင်း
 လာရောက် လည်ပတ်သူ ပြည်ပခရီးသွားဦးရေ တစ်သိန်းကျော်အထိ ရှိခဲ့သော်လည်း ၂၀၁၄ ခုနုစ် ဇန်နဝါရီလမှ မတ်လကုန်အထိ သုံးလအတွင်းခရီးသွားဦးရေ ခြောက်သောင်းဝန်းကျင်အထိ ဝင်ရောက်ထားပြီး ဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာ
ရေး လုပ်ငန်းမှ တာဝန်ရှိသူ ဦးစိုးပိုင်က ပြောကြားသည်။

"စီးရီးသစ် ထွက်တော့မယ့် ကျားပေါက် ဇနီးဖြစ်သူ ဇုံဇုံ ဒုတိယသမီး ရတနာမွေးဖွား"


RangonNewsDaily: April . 4 .2014
တေးသံရှင် ကျားပေါက်နဲ့ ဇနီး ဖြစ်သူ ဇုံဇုံတို့ရဲ့ ဒုတိယမြောက် ရင်သွေး သမီးငယ်လေးကို မတ်လ ၂၄ ရက်၊ မနက် ၅ နာရီ ၄ မိနစ် အချိန်က မွေးဖွား သန့်စင်ခဲ့ပါတယ်။ အစကတော့ Due Date ကို မတ်လ ၂၇၊ တပ်မတော်နေ့လို့ သတ်မှတ် ထားပေမယ့်လည်း မတ်လ ၂၄ ရက် နေ့မှာပဲ အောင်မြင် စွာ မွေးဖွားနိုင်ခဲ့ တာဖြစ်ပါတယ်။

သဂြုင်္ိဟ်မည့် အမျိုးသမီးအလောင်းကို သမီးဖြစ်သူက စစ်ဆေးရာမှ လူသတ်မှုပေါ်

RangonNewsDaily: April . 4 .2014
လှိုင်သာယာမြို့နယ် အမှတ် (၁၅) ရပ်ကွက် ယုဇနလမ်းတွင် နှလုံးလေဟပ် သေဆုံးသည်ဟုဆိုကာ သဂြုင်္ိဟ်တော့မည့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ရုပ်အလောင်းကို သမီးဖြစ်သူက စစ်ဆေးခဲ့ရာမှ ခင်ပွန်းဖြစ်သူ၏ ရိုက်နှက်ဒဏ်ကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

တရုတ်ပတ်ဝန်းကျင်ဆိုင်ရာ ဆန္ဒပြပွဲ အကြမ်းဖက်မှုအဖြစ် ပြောင်းလဲ


RangonNewsDaily: April . 4 .2014
တရုတ်နိုင်ငံတောင်ပိုင်း ဂွန်ဒေါင်း ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသောသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန္ဒပြပွဲတစ်ရပ်မှာအကြမ်းဖက်မှု
အဖြစ် ပြောင်းလဲသွားခဲ့ပြီး အာဏာပိုင်များက ပြင်းထန်သော ရာဇဝတ်မှုအဖြစ် သတ်မှတ် ခေါ်ဝေါ်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းကို ဒေါ်လာတစ်ဘီလီယံ ကူညီရန်နှင့် ရုရှားကို ပိတ်ဆို့အရေးယူရန် အမေရိကန်ကွန်ဂရက် အတည်ပြု


RangonNewsDaily: April . 4 .2014
ယူကရိန်း အစိုးရသစ်ကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကူညီရန်နှင့် ကရိုင်းမီးယားဒေသကို ဝင်ရောက် တပ်များအခြေချ
ထားသော ရုရှားကို စီးပွားရေး ပိတ်ဆို့ အရေးယူရန်အတွက် အမေရိကန် ကွန်ဂရက်၏ အတည်ပြုချက်ကို ရယူခဲ့ရာ လွယ်လင့်
တကူပင် အတည်ပြုလိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးပရိတ်သတ် ရာကျော် ပဲရစ်မြို့ လယ်ခေါင်မှာ ရန်ပွဲတွေဖြစ်ပွား


RangonNewsDaily: April . 4 .2014
မနေ့ ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် မတိုင်ခင်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပရိတ်သတ်အချင်းချင်းအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူသုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင့် ပြင်သစ်ရဲတွေက ပြောကြားခဲ့ပါတယ်။

ဘန်ကောက်တွင် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံး ပေါက်ကွဲမှု ဖြစ်ပွား


RangonNewsDaily: April . 4 .2014
ဒုတိယကမ္ဘာစစ်က ကြွင်းကျန်နေသည့် ဗုံးတစ်လုံးဟု ယူဆရသော ဖောက်ခွဲရေး ပစ္စည်းကို မတော်တဆ မှားယွင်း အသက်ဝင်စေခဲ့
သည့်အတွက် လူပေါင်း(၇)ဦး သေဆုံးပြီး(၁၉)ဦးဒဏ်ရာရခဲ့ကြောင်း ရဲများက ဆိုသည်။ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်တွင် အမှိုက်
သရိုက် ရှင်းလင်းသည့် လုပ်သားများက ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးဟောင်းတစ်လုံးကို မတော်တဆ စနက်တံ ဖြုတ်မိပြီး ပေါက်
ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာကာကွယ်ရေးဝန်ကြီးရဲ့ အမေရိကန်ခရီး


RangonNewsDaily: April . 3 .2014
အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ပြည်နယ် ဟိုနိုလူလူမြို့တွင် ကျင်းပသည့် အာဆီယံ ကာကွယ်ရေး ၀န်ကြီးများ ဆွေးနွေးပွဲကို မြန်မာ ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင် တက်ရောက်ကြောင်း ဗီအိုအေ သတင်းတရပ်၌ ဖော်ပြထားသည်။ 

NLD ဦးဆောင် ကော်မတီ များ ပြင်ဆင်ဖွဲ့စည်း


RangonNewsDaily: April . 3 .2014
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( ဗဟို) ကို ပါတီရဲ့ ဥက္ကဋ္ဌကိုယ်တိုင် တာဝန်ယူတဲ့ ရေးရာ ကော်မတီလေးခုနဲ့ အတူ တခြား ဌာနရှစ်ခုအပါအ၀င် ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ ရုံးအဖွဲ့တို့အပြင် လွတ်လပ်သော ပါတီစာရင်းစစ်အဖွဲ့ စတာတွေနဲ့ အသစ် ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အရေး ကုလသမဂ္ဂ သတိပေး

RangonNewsDaily: April . 3 .2014
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေ ရခိုင်ပြည်နယ်ကနေ ထွက်ခွာခဲ့ရတဲ့အတွက် လူဦးရေ ၈ သိန်းကျော် ကျန်းမာရေးစောင့်ရှောက်မှုတွေ ကင်းမဲ့နေရပြီး ကလေးသူငယ်တွေ အသက်ရှင်နေထိုင်ရေး အတွက် အရေးကြီးတဲ့ ကာကွယ်ကုသမှုရေး လုပ်ငန်းစဉ်တွေ ထိခိုက်ခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေက သတိပေးလိုက်ပါတယ်။