Pages

Friday, April 4, 2014

"လှည်းကူးတွင် သာမန်ခိုက်ရန်ဖြစ်ပွားမှု ၉၆၉များမှ ၀င်ရောက်အကြမ်းဖက်"


RangonNewsDaily: April . 4 .2014
ရန်ကုန်တိုင်း လှည်းကူးမြိျု့ဈေးအနီးလမ်းဘေးဆိုင်တွင် ဗုဒ္ဓဘာသာဝင်နှစ်ဦးနှင့် မွတ်စ်လင်မ် တစ်ဦးခိုက်
ရန်ဖြစ်ပွားကြရာ ၉၆၉ဂိုဏ်းဝင်(၅၀)ခန့်မှ လာရောက်အကြမ်းဖက်သဖြင့် ဆိုင်တစ်ဆိုင် အဖျက်ခံလိုက်
ရကြောင်း သတင်းရရှိပါသည်။အဆိုပါ ရန်ဖြစ်သူများမှာ ရန်စရှိဖူးသူများဖြစ်ပြီး ရဲစခန်းတွင် ခံဝန်ထိုးထားရ
သူတွေ ဖြစ်တယ်ဟု ဆိုသည်။

ခိုက်ရန်ဖြစ်ပွားနေစဉ် ရပ်ကွက်အတွင်းရှိ ၉၆၉များမှ ရောက်ရှိလာပြီး အဆိုပါကောင်လေးကို ၀ိုင်းဝန်း
တိုက်ခိုက်ကြရာ အနီးရှိ ထမင်းဆိုင်အတွင်းသို့ ထွက်ပြေးခဲ့ရသည်။ထိုစဉ် ၉၆၉ဂိုဏ်းဝင်များမှထမင်းဆိုင်အား
ခဲဖြင့်ဝိုင်းထု၍ ကောင်လေးအားထုတ်ပေးရန်တောင်းဆိုခဲ့သည်။

ထမင်းဆိုင်မှ သက်ဆိုင်ရာသို့ ဖုန်းဆက်အကူအညီတောင်းခံရာ ရဲများရောက်ရှိလာပြီး ကောင်လေးအား 
ထိန်းသိမ်းခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။ထိုသို့ ရဲများမှ ထိန်းသိမ်းခေါ်ဆောင်သွားသည်ကို မကျေနပ်၍
၉၆၉ဂိုဏ်းဝင်များမှ ကောင်လေး၏ ဆိုင်အား ဖျက်ဆီးလိုက်ကြသည်ဟု ကြားသိရပါတယ်။

"ရန်ဖြစ်တဲ့ကောင်လေးရဲ့ဆိုင် အဖျက်ခံရတဲ့ဆိုတဲ့သတင်းက ဟုတ်ပါတယ်။ရဲတွေလာရောက်ထိန်းသိမ်းပေး
တာကို မကျေနပ်လို့ ကောင်လေးဆိုင်ကိုဖျက်ပစ်တာ။လက်ရှိတော့လုံခြုံရေးတွေချထားတယ်"ဟု သတင်းပေး
သူက ပြောသည်။

လက်ရှိအခြေအနေ အေးဆေးတည်ငြိမ်နေပြီ ဖြစ်ပေမယ့် ညခင်းပိုင်းကို စိုးရိမ်ရတယ်ဟုသတင်းပေးပို့သွားပါ
သည်။

ကိုလတ်(ပန်ဘဲတန်း)
ရန်ကုန်နယူးဒေလီစ်း





0 comments:

Post a Comment