Pages

Saturday, April 5, 2014

မွတ်စလင်မ်အိမ်များအားဗုဒ္ဓဘာသာများကဖျက်ဆီးမှုတချို့ရှိခဲ့ကြောင်းလှည်းကူးမြို့နယ်မှ ရဲမှူး ဦးခင်မြင့် အတည်ပြုပြောကြား


RangonNewsDaily: April . 4 .2014
လုံခြုံရေးပေးနေသော်လည်း လူအုပ်မကွဲသဖြင့် မွတ်စလင်မ်အိမ်ခြေအချို့စိုးရိမ်နေရ
" ဖြစ်သွားတာကတော့ မိုးကာစတွေရောင်းတဲ့ဆိုင်က မွတ်ဆလင်လူမျိုးနဲ့ ဘေးချင်းကပ်ဆိုင်က မြန်မာလူမျိုးတို့ စကားများ
ရန်ဖြစ်တာက စတာပါပဲ။ အဲဒီမှာ မွတ်ဆလင်လူမျိုးဘက်က ကတ်ကြေးနဲ့
ထိုးလိုက်တာ မျက်ခွံနည်းနည်းထိသွားတယ်။

မြန်မာလူမျိုးတွေဘက်ကမကျေနပ်လို့ မွတ်ဆလင်လူမျိုးတွေနေတဲ့ အိမ်ကို ခဲတွေနဲ့ ဝိုင်းထုကြတယ်။ခုတော့
 အခြေအနေကို ထိန်းထားနိုင်ပါပြီ။ လုံခြုံရေးအင်အား (၁၀၀) ကျော်သုံးပြီး အေးအေးချမ်းချမ်းနဲ့ပြီး
သွားအောင် ဖြေရှင်းနေပါတယ် " ဟု လှည်းကူးမြို့နယ်မှ ရဲမှူး ဦးခင်မြင့်ကပြောကြောင်း မြန်မာ့ခေတ်သ
တင်းတစ်ရပ်တွင်ဖေါ်ပြထားသည်။

"အဓီက စိုးရိမ်ရတာကတော့ ဗလီဘေးနားကမွတ်စလင်မ်အိမ် ၆ အိမ်လောက်ရဲ့ အနေအထားက အရမ်းစိုး

ရိမ်ရတယ်။ရဲက ဒီအတိုင်းပဲကာထားတာ မလှုပ်ဘူး၊
::
လူအုပ်ကလည်း မရွှေ့ဘူး။အားလုံးအငြိမ်တော့အငြိမ် ဒါပေမဲ့ ဒီပုံစံအတိုင်းဆက်သွားရင် ညဘက် အဆင်

မပြေနိင်ဘူး"ဟု အခင်းဖြစ်ပွားရာနေရာတွင်ရောက်ရှိနေသည့် NLD ပါတီဝင်တစ်ဦးကပြောသည်။

လုံခြုံရေးများရောက်ရှိနေသော်လည်း လည်းကူးဗလီကိုပစ်မှတ်ထားက ဖြိုဖျက်ရန်ကြိုးပမ်းမှုများရှိေ
နကြောင်း
လည်းဒေသခံများ၏ပြောကြားချက်အရသိရသည်။
::
လှည်းကူးမြို့ မိုးရေကာဖျင်ဆိုင်တွင် ဈေးဝယ်နှင့်ဆိုင်ရှင် စကားများရာက ကတ်ကြေးဖြင့် ဈေးဝယ်၏မျက်

လုံးကိုထိုးမိခဲ့ပြီးနောက် တုတ်၊ ဓား လက်နက်များကိုင်ဆောင်ထားသော ၉၆၉ ဂိုဏ်းဝင်များက အစ္စလာမ်
ဘာသာဝင်တို့၏နေအိမ်များ၊ ဗလီဝတ်ကျောင်းတော်ကိုဖြိုဖျက်ရန်ကြိုးပမ်းနေကြခြင်းဖြစ်ကြောင်းလည်းသိရ
သည်။

"ညနေ ၃ နာရီကျော်လောက်ပြဿနာစတာ၊ လေးနာရီခွဲလောက်မှာ လူအုပ်ကစသောင်းကျန်းတာပဲ။ဟူစင်

မုန့်တိုက်ကိုဖျက်တာက ခဲတွေနဲ့ပေါက် ပစ္စည်းတွေဖျက်လုပ်တယ်"ဟုဒေသခံတစ်ဦးက မြန်မာမွတ်စလင်
မ်မီဒီယာသို့ပြောသည်။
::
"ရွှာကလူတွေနဲ့စုလုပ်ကြတာများတယ်။မိတ္ထီလာမှာတုန်းကလည်း ၂ အိမ် ၃ အိမ်ဖြစ်တော့ခနရပ်တယ်။ပြီးတော့ မှ နေရာတွေခွဲလုပ်တာ"ဟု မိတ္ထီလာမြို့ခံတစ်ဦးကပြောသည်။

ဒဏ်ရာရရှိသူအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီးအစ္စလာမ်ဘာသာဝင်၃ ဦးကိုမူ အင်းစိန်ေ
ထာင်
သို့ပို့ထားကြောင်းနှင့် ပုဒ်မ (၃၂၆) ဖြင့်အရေးယူရန်စီစဉ်နေကြောင်းလည်း မြန်မာ့ခေတ်သတင်းတစ်ရပ်
တွင်ဖေါ်ပြထားသည်။

Myanmar Muslim Media::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment