Pages

Saturday, April 5, 2014

၁၂လရာသီ ပွဲတော်တွေထဲမှာ သင်္ကြန်ကို အကြိုက်ဆုံးလို့ ပြောတဲ့ မေမြင့်မိုရ်


RangonNewsDaily: April . 5 .2014
လက်ရှိမှာ ကြော်ငြာတော်တော်များများနဲ့ ဇာတ်လမ်းတွဲတွေအပြင် ဗီဒီယိုဇာတ်ကားတွေပါ ခပ်စိပ်စိပ် ရိုက်ကူးလာရသူ တစ်ယောက်ဖြစ်တဲ့ မေမြင့်မိုရ်နဲ့တွေ့ဆုံခိုက် သင်္ကြန်နဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်၊
ဘယ်မှာရှိမယ်ဆိုတာတွေကို မေးကြည့်တဲ့အခါ ‘ဒီနှစ် သင်္ကြန်ကတော့ သီချင်းတွေ ဆိုဖြစ်မယ်ထင်တယ်။ အတက်နေ့ကတော့ Myanmar summer fastivel မှာ တစ်နေ့လုံး ပရိသတ်တွေနဲ့တူတူရှိပြီး အဲ့ဒီဝန်းထဲမှာပဲ ကစားမယ်။

မနှစ်ကတော့ ထာဝရသင်္ကြန်ပေါ့။ ပဲခူးက ဆက်သွယ်ရေးဝန်ကြီးမဏ္ဍပ်မှာ သီချင်းသွားဆိုပေးတယ်ဆိုတော့ ၄ရက်စလုံးပင်ပန်းတယ်။ သင်္ကြန်နဲ့ပတ်သတ်တဲ့ စိတ်ခံစားချက်က သင်္ကြန်ရောက်ရင် အရမ်းပျော်တယ်။

၁၂ လရာသီပွဲတော်တွေထဲမှာ သင်္ကြန်ကို အကြိုက်ဆုံးပဲ။ ရေပက်ခံထွက်ရတာကိုလဲ ကြိုက်တယ်။ အခုနောက်ပိုင်းတော့ ရေပက်ခံမထွက်ဖြစ်တော့ပေမယ့် မဏ္ဍပ်မှာ ရေကစားရတာကြိုက်တယ်။ ငယ်ငယ်တုန်းကတော့ အဖေအမေနဲ့ကားနဲ့လည်တာက အမှတ်တရပေါ့။’ လို့ သူမက ပြောပါတယ်။

သင်္ကြန်မှာ ၀တ်ဆင်မယ့် သူမရဲ့ ဖက်ရှင်ပိုင်း၊ အသားအရေ ထိန်းသိမ်းမှုအပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သူမက ‘ခရေစီကာလာ တောက်တောက်လေးတွေ ၀တ်မယ်။ အရမ်း အတိုအပြတ်တွေတော့ မ၀တ်ဘူး။


အသားအရေပိုင်းကတော့ အပူဒဏ် ခံနိုင်တဲ့ဟာကို တော်တော်များများ လိမ်းဖြစ်မယ်။ အဲဒါခု လိုက်ဝယ်နေတယ်။ များလေကောင်းလေပဲ ဆိုတော့လေ။ သင်္ကြန်အပြင်သွားရင် လိုးရှင်း၊ မျက်မှန်၊ ဦးထုပ်တို့တော့ ဆောင်ဖြစ်တယ်။ သင်္ကြန်ဆိုတာ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့ကာလပေါ့။ လူတွေကလဲ အရမ်းကိုပျော်ကြတယ်။ 

သင်္ကြန်ရာသီကို မပျော်တဲ့သူ မရှိသလောက်ပဲ’တဲ့။

Trend Myanmar., 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment