Pages

Saturday, April 5, 2014

လှည်းကှုးတွင် လုံခြုံရေးအတွက် ၁၄၄ ထုတ်ပြီ


RangonNewsDaily: April . 5 .2014
နောက်ဆုံးရသတင်းအရ လှည်းကူးမှာ ည၆နာရီကနေ မနက်၆နာရီ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီဖြစ်
ကြောင်းသိရသည်။

လှည်းကှုးတွင် ယခုည (၁၀း၀၀)အချိန်ထိအခြေအနေတည်ငြိမ်မှုမရှိသေးပဲဆက်လက် ဖြစ်ပွားနေကြောင်း
နှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များအားတံတားဂုံး ပေါ် တွင် ခဲများဖြင့်ပြန်လည်ပစ်ပေါက်လျှက်ရှိပြီး ကားများအား
ရပ်တန့်၍ ကုလားများပါလားဟု မေးမြန်းပြီး ကားပေါ်မှ ချခိုင်းနေကြောင်း သိရှိရပါသည်။

လှည်းကူးမှ ဒဏ်ရာရသူ မဆလာ ပစ္စည်း ရောင်းသည့်ဆိုင်မှ ဒဏ်ရာရမွဆ်လင်မ် ၈ဦး ရန်ကုန် ဆေးရုံကြီး
သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။။။။။။

ည၁၁နာရီဖုန်းသတင်း.အရ-

ပုဒ်မ၁၄၄ထုတ်ပြန်ကြောင်း ရဲများကလိုက်လံကြေငြာနေပါတယ်၊

လူအုပ်ကတော့ လမ်းပေါ်မှာ မရော့ပဲပိုတောင်များများလာနေကြောင်းလက်ရှိအခြေအနေအရ မွစ္စလင်
များ မိမိအိမ်အပြင်မထွက်ကြပဲ အထဲကနေပဲ အခြေအနေကိုစောင့်ကြည်နေပါတယ်။

တော်တော်ပဲစိုးရိမ်နေကြပါတယ်။အားလုံးပဲ တတ်နိုင်သလောက် ဒုအာလုပ်ပါတတ်စွမ်းနိုင်သလောက် ကူညီပါ

လှည်းကူးသတင်း။ (၄-၄-၂၀၁၄)(11;05 PM)

မြို့နေ လူထု ကို အိမ်တွင်းမှ အ်မ်ပြင် မထွက်ဖို့ ဆော်သြ ထားပြီးသော်လည်းးးးအနီအနားကျေးရွာများမှ
တက်လာသော အကြမ်းဖက် လူအုပ်ကြီ့း ကို ရဲများ ခုချိန်ထိ လူစု ခွဲ နိုင် ခြင်း မရှိကြောင်းးးးးသတင်း
ရရှိပါသည်။။။။။။

ပစ်မိန့် မပေးပဲ လူစု သာ ခွဲ ခိုင်းနေခြင်းမှာ မရိုးသားဟု ရဲနှင့် စစ်သားများ မှ ညီးတွားလျက်ရှိကြောင်း ဒေ
သခံ တဦးမှ သတင်းပေးထားပါတယ်။

လှည်းကှုး နောက်ဆုံးရသတင်း (၁၁း၃၀ နာရီ)

လှည်းကူးမြို့တွင် အကြမ်းဖက်သူများက ဦးဘဦးဆိုသူ၏ နေအိမ်ကို ခဲများဖြင့်ပေါက်ပြီး ဝင်ရောက်ဖျက်ဆီး
ရန်အားထုတ်ကြိုးပမ်းလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးကြရာ အကြမ်းဖက်သူများ
ထွက်ပြေးသွားကြကြောင်းသိရသည်။

လုံခြုံရေးအဖွဲ့များမှလည်း လိုက်လံဖမ်းဆီးလျှက်ရှိသည်ဟု သိရှိရပါသည်။

ယခုအခါ လုံခြုံရေးအတွက် ပုဒ်မ (၁၈၈) ကိုထုတ်ပြန်လိုက်ပြီးနောက်တွင်တော့ ပြန်လည်ငြိမ်သက်စပြု
နေပြီဟု ဗလီနားတွင်နေထိုင်သူတစ်ဦးထံမှ တိုက်ရိုက် ဖုံးဆက်သွယ်ကြားသိရကြောင်းပါခင်ဗျာ။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ လာရောက်ကြီးကြပ်နေတာကို တွေ့မြင်ရသလို လမ်းတွေထဲမှာ လူစုလူဝေးအုပ်လိုက် သွားလာနေတာကိုလဲ တွေ့မြင်ရပါတယ်။

DVB TV News::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment