တရုတ်နိုင်ငံတောင်ပိုင်း Jiangxi ပြည်နယ်၊ Xibianbanရွာမှာ အဆက်မပြတ် ခိုးနေတဲ့ သားတစ်ယောက်ကို သံကြိုးခတ်ထားပြီး အပြင်ထွက်ခွင့် မပေးခဲ့ကြောင်း မိဘတွေက ဝန်ခံခဲ့ပါတယ်။
သူ့သားရဲ့ ခိုးတဲ့ အလေ့အထဟာ မိသားစုကို အရှက်ရစေတာကြောင့် အဖေဖြစ်သူ ၄၇နှစ်အရွယ် Wen Yuan ဟာ သားဖြစ်သူ ၂၄နှစ်အရွယ် Chuang ကို သံကြိုးနဲ့ခတ်ထားတာ ဖြစ်ပါတယ်..ဘယ်မှသွားလို့မရအောင် ကွန်ကရစ်တုံးတစ်ခုနဲ့ လည်ပင်းကို သံကြိုးခတ်ထားတာဖြစ်ပြီး Chuang ဟာ အခန်းထဲ လှည့်ပတ်သွားလို့ရပေမဲ့ အပြင်ကိုတော့ ထွက်လို့ရမှာ မဟုတ်ပါဘူး။
“ဒီမှာက လူ့အဖွဲ့အစည်းက အကြီးကြီးမဟုတ်ဘူး။ တစ်ခုခုခိုးခံရပြီဆိုတာနဲ့ ဘယ်သူလဲဆိုတာကို လူတိုင်းက သိတယ်” လို့ Wen Yuan က ပြောကြားခဲ့ပါတယ်။
“သူ ခိုးလာတာတွေ အတွက် ကျွန်တော့်အိမ်နီးချင်းတွေကို လျော်ကြေးအမြဲပေးနေရတယ်။ မပေးနိုင်ရင်လဲ အမြဲ တောင်းပန်နေရတယ်။ ဒါကို ကျွန်တော် စိတ်ကုန်နေပြီ..
လျော်ကြေးလဲ ကျွန်တော်က တစ်ချိန်လုံး ပေးမနေနိုင်ဘူး။ တတ်လည်းမတတ်နိုင်ဘူး။ အဆုံးကျရင် တစ်ယောက်ယောက်က ရဲခေါ်လိုက်ပြီး သူ အချုပ်ခံရလိမ့်မယ်ဗျ” လို့ အဖေဖြစ်သူ Wen Yuan က ပြောကြားခဲ့ပါတယ်။
ခိုးလာတိုင်း သားဖြစ်သူကို အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ အရာမထင်ဘူးလို့လည်း Wen Yuan က ပြောကြားခဲ့ပါတယ်။
Credit: ဖိုးသူတော်
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
KOLATT(PBDN)
RangonNewsDaily







0 comments:
Post a Comment