Pages

Friday, September 9, 2022

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး



ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီးဟာ နန်းသက်ရှည်ကြာသလောက် ထီးနန်းနဲ့ ပြည်သူလူထုအပေါ်မှာ တာဝန်ကျေပွန်ခဲ့သူ ဖြစ်ပါတယ်။




RangonNewsDaily::September 9, 2022

စက်တင်ဘာ ၈ရက်မှာ နတ်ရွာစံသွားတဲ့ ဘုရင်မကြီးအဲလစ်ဇဘတ်ကို ငြိမ်သက်စွာဂါရဝပြုဖို့ လန်ဒန်မြို့ က ဘာကင်ဟမ် နန်းတော်ကိုသွားတဲ့ လမ်းမကြီး The Mall မှာ တန်းစီထားတဲ့ အနက်ရောင်တက္ကစီယာဥ်တွေရဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

ဘုရင်မကြီးကွယ်လွန်တဲ့ စကော့တလန်က ဘယ်လ်မိုရဲလ် စံအိမ်ရှေ့ ပြည်သူတွေလေးနက်စွာဂါရဝပြု


RangonNewsDaily::September 9, 2022

ယူကေရဲ့ နန်းသက်အရှည်ဆုံး ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ဟာ သက်တော် ၉၆ နှစ်အရွယ်မှာ နတ်ရွာစံသွားပြီ ဆိုတဲ့နောက် ပြည်သူတွေက ဘာကင်ဟမ်နန်းတော်ရှေ့၊ ဝင်ဆာရဲတိုက်၊ ဘုရင်မကြီးကွယ်လွန်တဲ့ စကော့တလန်က ဘယ်လ်မိုရဲလ် စံအိမ်ရှေ့တွေမှာ စုရုံးရောက်ရှိပြီး ပန်းစည်းတွေနဲ့ လေးနက်စွာဂါရဝပြု ဝမ်းနည်းကြောင်းပြသတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် ကွယ်လွန်



RangonNewsDaily::September 9, 2022

သက်တော် ၉၆ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် ဟာ ကြာသပတေးနေ့မှာပဲ ကွယ်လွန်သွားပါတယ်။

Friday, August 12, 2022

မောင်တောမြောက်ပိုင်းတွင် ဆုတ်ခွာသွားသည့် နယ်ခြားစောင့်စခန်း ၇ ခုအထိရှိ​ဟု အေအေ ပြော



RangonNewsDaily::August 12, 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းငယ် ၇ ခု ဆုတ်ခွာသွားတယ်လို့  ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ဦးခိုင်သုခက သြဂုတ် ၁၁ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ယင်းမာပင် ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်



RangonNewsDaily::August 12, 2022

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတချို့ကို  သြဂုတ် ၁၁ ရက် နေ့လယ် ၃ နာရီလောက်မှာ  စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြုပြီး အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းအတွင်း မိုးခေါင်ပြီး သီးနှံထွက်နှုန်းနည်းသဖြင့် တောင်သူများ အရှုံးပေါ်


RangonNewsDaily::August 12, 2022

သီးနှံစျေးနှုန်းတွေ မြင့်တက်ပေမယ့်လည်း မိုးခေါင်ပြီး အထွက်နှုန်းနည်းပါးတာကြောင့် မကွေးတိုင်းအတွင်း မြေပဲ၊ နှမ်း စိုက်ပျိုးတဲ့ တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ဒေသခံတောင်သူတွေနဲ့ ပွဲရုံလုပ်ငန်းရှင်တွေက ပြောပါတယ်။

Friday, August 5, 2022

ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ ကျောင်းမှ JLPT လျှောက်လွှာရောင်းရန် ရပ်ဆိုင်းသဖြင့် စောင့်ဆိုင်းနေသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့



RangonNewsDaily::August 5, 2022

ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT 2022 December)အတွက် လျှောက်လွှာ ၀ယျယူခွငျး နှင့် လက် ခံခြင်း လုပ်ငန်းဆောင်ရွက်ပေးနေသည့် ရန်ကုန်ပညာရေး တက္ကသိုလ်တွင် လျှောက်လွှာတန်းစီးသူ ဦးရေအဆမတန်များပြားပြီး လူအုပ်ထဲမှ ခဲနှင့်ပစ်ပေါက်ခြင်း၊ တံခါးများချိုးဖျက်ခြင်း စသဖြင့် ရုန်းရင်းဆန်ခတ်မှု ယနေ့ နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သည်။

နန်စီပေလိုစီ၏ ခရီးစဥ်ကို တုံ့ပြန်သောအားဖြင့် ဒုံးကျည်ငါးစင်းပစ်ပြပြီး ထိုင်ဝမ်နှင့် အမေရိကန်ကို တရုတ်သတိပေး



RangonNewsDaily::August 5, 2022
အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီက ထိုင်ဝမ်ကျွန်းကိုလာရောက်ကာ ထိုင်ဝမ်သည် အာဏာရှင်တရုတ်ပြည်အနီးရှိ ဒီမိုကရေစီခံတပ်နယ်မြေတစ်ခုဖြစ်ကြောင်း ချီးကျူးပြီး ၂၄ နာရီမပြည့်မီတွင် ထိုင်ဝမ်၏ မြောက်၊ တောင်နှင့် အရှေ့ဘက် ပင်လယ်ပြင်တွင် တရုတ်ဒုံးကျည် ၁၁ စင်းထက်မနည်း ကျရောက်ခဲ့သည်။

Thursday, August 4, 2022

အဆိုတော် အီတိုးကို စစ်ကောင်စီက ထောင် ၃ နှစ်ချ



RangonNewsDaily::August 4, 2022

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီးမှ ထပ်မံဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅-က တရားရင်ဆိုင်နေရတဲ့ အဆိုတော် အီတိုးကို ဒီကနေ့သြဂုတ် ၄ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေကအတည်ပြုပြောပါတယ်။

ရန်ကုန်မြို့ အောင်ဆန်းကွင်းကနေပစ္စည်းတင်ပို့သယ်ယူခွင့် ရက်အကန့်အသတ် မရှိပိတ်၊ နှစ်ရက်အတွင်း ဆိုင်ခန်းပြောင်းပေးဖို့ ပြော



RangonNewsDaily::August 4, 2022

ရန်ကုန်မြို့ကနေ နယ်ကို ကုန်ပစ္စည်းပို့ဆောင်သယ်ယူနေပေးနေတဲ့ အောင်ဆန်းကွင်းပတ်လယ်က ကားဂိတ်ခွဲ တွေကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီး ဆိုင်ခန်းတွေ နှစ်ရက်အတွင်းဖျက်ပေးဖို့ ထုတ်ပြန်ထားတယ်လို့ သက်ဆိုင်ရာ ဂိတ်တွေကပြောပါတယ်။

ကိုဂျင်မီအိမ်ကို ခဲဖြင့်ပေါက်၍ ဆဲဆိုသောင်းကျန်းမှုတွင် ဦးဆောင်ပါဝင်သူ၊ စစ် တပ်သတင်းပေး ပိန်နဲကုနျး အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်ကို တော်လှန်ရေးတပ်ဖွဲ့က အိမ်ပေါ်အထိ တက် ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံး



RangonNewsDaily::August 4, 2022

အင်းစိန်မြို့နယ်ရှိ ကိုဂျင်မီအိမ်ရှေ့တွင် ခဲဖြင့်ပေါက်၍ ဆဲဆိုမှုတွင် ဦးဆောင်ပါဝင်ပြီး စစ်တပ်သတင်းပေး လုပ် ဆောင်သူ ပိန်နဲကုနျး အုပ်ချုပ်ရေးမှူး မျိုးညွန့်အောင်(ခေါ်) ဖိုးကုလားကို Yangon Liberation Force မှ တော်လှန်ရေးရဲဘော်တချို့က အိမ်ပေါ်အထိ တက် ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

Wednesday, August 3, 2022

မလေးရှားတွင် မြန်မာကလေးငယ်သုံးဦးနှင့် ဖခင်ဖြစ်သူ အဝေးပြေးလမ်းမပေါ်မှ ခုန်ချကာအဆုံးစီရင်၍ သုံးဦး​သေ ၊က​လေးတစ်ဦး ဒဏ်ရာရ



RangonNewsDaily::August 3, 2022

ကလေးငယ်နှစ်ဦးအပါအဝင် မြန်မာနိုင်ငံသား သုံးဦးသည် ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြောက်ပိုင်း Kepong ၌ အဝေးပြေးလမ်းမပေါ်မှ ခုန်ချကာ အဆုံးစီရင်ခဲ့သည်။

တိုင်ဝမ်ပါလီမန်မှာ နန်စီပလိုစီ မိန့်ခွန်းပြော နန်စီပလိုစီရဲ့တိုင်၀မ်ခရီးစဥ်အတွက် အမေရိကန်ပြန်ပေးဆပ်ရမယ်လို့ တရုတ်အစိုးရသတိပေး



RangonNewsDaily::August 3, 2022

တိုင်ဝမ်ဟာ ကမ္ဘာပေါ်မှာအလွတ်လပ်ဆုံး လူ့မှုအဖွဲ့အစည်းတွေထဲက တစ်ခု လို့ နန်စီပလိုစီပြောကြားလိုက်ပြီး အမေရိကန်နဲ့တိုင်ဝမ်လွှတ်တော်ကြား ပါလီမန်ဆိုင်ရာကိစ္စရပ်တွေ ဖလှယ်မှုတိုးမြှင့်လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Tuesday, August 2, 2022

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ တိုင်ဝမ်မြေသို့ရောက်ပြီ



RangonNewsDaily::August 2, 2022

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီသည် တိုင်ဝမ်သို့ အင်္ဂါနေ့ညက ရောက်ရှိလာပြီဖြစ်ပြီး တရုတ်နိုင်ငံကပိုင်ဆိုင်သည်ဟုဆိုသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြေသို့ နှစ်ပေါင်း ၂၅ နှစ်အတွင်းပထမဆုံးရောက်လာသည့် အဆင့်မြင့်ဆုံးအမေရိကန်နိုင်ငံရေးသမားဖြစ်သည်။

အင်ဝမ်ယန်ပြည်သူ့စစ်စခန်းကို ကေအိုင်အေ တိုက်ခိုက်သိမ်းယူ



RangonNewsDaily::August 2, 2022

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံဒေသ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၅၊ တပ်ရင်း ၃ ဘွမ်တောင်နဲ့ ခရွန်းကြားက အင်ဝမ်ယန်ရွာနားမှာ စခန်းချနေတဲ့ ပြည်သူ့စစ်စခန်းကို သြဂုတ် ၂ ရက် မနက် ၈ နာရီခွဲလောက်က ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျိုက်မရောမြို့နယ်က PDF ပူးပေါင်းစခန်းတခု သိမ်းပိုက်ခံရ



RangonNewsDaily::August 2, 2022

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္တရံမြစ်တဖက်ကမ်းက ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့ရဲ့ စခန်းတခု ဝင်ရောက်စီးနင်း သိမ်းပိုက်ခံရလိုက်တယ်လို့ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

တောင်ဒဂုံတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဖွင့်ရန်လာသည့် ရာအိမ်မှူး သေနတ်ဖြင့်ပစ်ခတ်ခံရ



RangonNewsDaily::August 2, 2022

တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်မှာ အောက်တိုဘာ ၁ရက် ညနေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးဖွင့်ဖို့လာတဲ့ ရာအိမ်မှုးတဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

Sunday, July 31, 2022

ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုဖြစ်



RangonNewsDaily::July 31, 2022

မန္တလေးတိုင်း၊ ပြည်ဦးလွင်မြို့နယ်ထဲက မြို့ပေါ် ရပ်ကွက်တွေမှာ ဒီကနေ့ဇူလိုင် ၃၁ ရက် မနက်ပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မန္တလေး PDF တိုက်ခိုက်



RangonNewsDaily::July 31, 2022

မန္တလေးတိုင်း ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်များအတွင်း စစ်ကြောင်းထိုးလာသော အာဏာသိမ်း စစ်ကောင်စီတပ်များကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) က စောင့်ကြိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း မန္တလေး PDF က သတင်းထုတ်ပြန်သည်။

မြို့တော်ခန်း‌မဘေးပေါက်ကွဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ နဲ့ စည်ပင်ဝန်ထမ်း၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ဆို



RangonNewsDaily::July 31, 2022

မနေ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းက ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့တော်ခန်းမဘေးပေါက်ကွဲမှု မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နဲ့ စည်ပင်နေ့စားဝန်ထမ်း ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို စစ်ဆေးရုံကိုပို့ဆောင်ကုသပေးနေတယ်လို့ လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Friday, July 29, 2022

ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်၍ စစ်ကောင်စီ ၏ သေဒဏ်စီရင်မှုကို ထောက်ခံကြောင်း ဆန္ဒပြပွဲပြုလုပ်


RangonNewsDaily::July 29, 2022

ယနေ့ (ဇူလိုင် ၂၉) နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်၍ စစ်ကောင်စီ ၏ သေဒဏ်စီရင်မှုကို ထောက်ခံကြောင်း ဆန္ဒပြပွဲပြုလုပ်နေသည်။

ရန်ကုန်မြို့နေ လူငယ်တချို့ စစ်ကောင်စီတပ်ယာဉ်များ ဖြတ်သန်းသွားလာလေ့ရှိသည့်နေရာ၌ စာတန်းချိတ်၍ဆန္ဒထုတ်ဖော်



RangonNewsDaily::July 29, 2022

ရန်ကုန်မြို့ရှိ စစ်ကောင်စီတပ်ယာဉ်များ ဖြတ်သန်းသွားလာလေ့ရှိသည့် လမ်းမကြီးတစ်နေရာတွင် "စစ်ဗိုလ်ကိုသတ် စစ်ကျွန်ဘဝကထွက်"စာတန်းချိတ်၍ ရန်ကုန်မြို့နေလူငယ်တချို့ ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Wednesday, July 27, 2022

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ရန်ကုန် အင်းစိန်ထောင်အာဏာပိုင်များက မိသားစုဝင်များကို အတည်ပြု

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ။

RangonNewsDaily::July 27, 2022

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ရန်ကုန် အင်းစိန်ထောင်အာဏာပိုင်များက မိသားစုဝင်များကို အတည်ပြုလိုက်သည်။

မန္တလေး အမရပူရက လူငယ်တစ်ဦး ကားလုယက် ခံရပြီး အသ-တ်ခံရ၊ အလောင်းကို လမ်းဘေးမှာ တွေ့၊

သေဆုံးသူမောင်ရဲကိုထက်

RangonNewsDaily::July 27, 2022 (MFP)

မန္တလေးမြို့ အမရပူရမြို့နယ်နေ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦး ဒိနေ့ မနက်ပိုင်း ကိုယ်ပိုင်ကားနဲ့ ပြည်ကြီးတံခွန်မြို့နယ် စွယ်တော်စက်မှုဘက် ပစ္စည်းသွားပို့ရာကနေ ကားလုယက်ခံရကာ အသ-တ်ခံရပြီး အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ထားတာ တွေ့ရှိရတယ်လို့ မြို့ခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။