Pages

Tuesday, August 2, 2022

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ တိုင်ဝမ်မြေသို့ရောက်ပြီ



RangonNewsDaily::August 2, 2022

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီသည် တိုင်ဝမ်သို့ အင်္ဂါနေ့ညက ရောက်ရှိလာပြီဖြစ်ပြီး တရုတ်နိုင်ငံကပိုင်ဆိုင်သည်ဟုဆိုသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြေသို့ နှစ်ပေါင်း ၂၅ နှစ်အတွင်းပထမဆုံးရောက်လာသည့် အဆင့်မြင့်ဆုံးအမေရိကန်နိုင်ငံရေးသမားဖြစ်သည်။




မစ္စပလိုစီ၏လည်ပတ်မှုက တရုတ်နှင့် ယူအက်စ်အကြား တင်းမာမှုမြင့်တက်စေခဲ့သည်။ တရုတ်က တိုင်ဝမ်သည် သူပိုင်ဆိုင်သောနယ်မြေတစ်စိတ်တစ်ဒေသဖြစ်သည်ဟုဆိုကာ နိုင်ငံခြားတိုင်းပြည်များက အစိုးရများက ကျွန်း၏အချုပ်အခြာပိုင်ဆိုင်မှုကိုတရားဝင်အသိအမှတ်ပြုမှုရောက်သောလည်ပတ်မှုဟုရှု့မြင်လျှင် အင်အားသုံးရလိမ့်မည်ဟု ပြောဆိုခဲ့သည်။

အကယ်၍ မစ္စပလိုစီအနေဖြင့် တိုင်ဝမ်ခရီးစဉ်ကိုရှေ့ဆက်မည်ဆိုလျှင် တရုတ်က ပြတ်ပြတ်သားနဲ့ အားကောင်းတဲ့ဆောင်ရွက်"မည်ဟု တရုတ်က သတိပေးသည့်ကြားက အသက် ၈၂ နှစ်အရွယ် ဝါရင့် ဒီမိုကရက်တစ်ပါတီဝင်နိုင်ငံရေးသမားက ရအောင်လည်ပတ်ခဲ့ခြင်းလည်းဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒိုင်အစိုးရက သူမ၏ခရီးစဉ်ကိုဖျက်သိမ်းဖို့မပြေကာခဲ့သော်လည်း တိုင်ဝမ်နှင့်ပတ်သက်၍ အမေရိကန်သဘောထားမပြောင်းလဲဟုအချက်ပြကာ ဘေဂျင်းထံမှ သေချာမှုကိုရယူခဲ့သည်။

ခရီးစဉ်မတိုင်မီ တရုတ်စစ်လေယာဉ်များနှင့် သင်္ဘောများ တိုင်ဝမ်ရေလက်ကြားတွင် အလုပ်များနေခဲ့သလို အမေရိကန်စစ်တပ်ကလည်းလှုတ်ရှားနေခဲ့ရာက လူအများစိုးရိမ်စိတ်နှင့် စိတ်ဝင်စားမှုမြင့်တက်စေခဲ့သည်။

0 comments:

Post a Comment